၄၆နှစ်အကြာစောင့်ဆိုင်းခဲ့ပြီးနောက်မှာ ၎င်းတို့ရဲ့ပထမဆုံးသောကလေးများဖြစ်တဲ့ အမွှာနှစ်ယောက်ကို မွေးဖွားနိုင်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး
အချို့သောစုံတွဲများဟာ လက်ထပ်ပြီးပြီးချင်း ကလေးမွေးတန်ကြပေမဲ့ အချို့သောစုံတွဲများအဖို့ ၎င်းတို့ရဲ့ကလေးအား ၎င်းတို့ရဲ့မျက်စိရှေ့မှာမြင်ရဖို့အတွက် နှစ်ပေါင်းများစွာစောင့်ဆိုင်းနေကြရပါတယ်။ Nigerian ဇနီးမောင်နှံနှစ်ယောက်အနေနဲ့ကလည်း ၎င်းတို့ရဲ့ရင်သွေးလေးကို ၎င်းတို့ရဲ့လက်ထဲမှာချီထားနိုင်ဖို့အတွက် ဆယ်စုနှစ်လေးခုကျော်အထိ စောင့်ဆိုင်းခဲ့ကြရပါတယ်။အသက် ၆၈ နှစ်အရွယ် Margaret Adenuga အမည်ရှိအမျ်ုးသမီးတစ်ဦးဟာ ၄၆ နှစ်ကြာစောင့်ဆိုင်းခဲ့ပြီးနောက်မှာ လှပတဲ့အမွှာကလေးများကို မကြာသေးခင်ကမွေးဖွားနိုင်ခဲ့ပါတယ်။
Margaret ဟာ သူမရဲ့ပထမဆုံးကိုယ်ဝန်ကိုမဆောင်ခင်မှာ IVF လုပ်ထုံးလုပ်နည်းများကို သုံးကြိမ်အထိပြုလုပ်ခဲ့ပြီးပါပြီ။သူမရဲ့ခင်ပွန်းဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် Noah Adenuga ကလည်း သူတို့ဟာ ၁၉၇၄ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြပြီး သူတို့ရဲ့ကလေးကို အရမ်းလိုချင်နေခဲ့တာကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကလေးရဖို့အတွက်ကြိုးစားတဲ့ခရီးတစ်လျှောက်မှာ ကျရှုံးမှုများကို အများကြီးကြုံတွေ့ခဲ့ရပေမဲ့ Margaret နဲ့ Noah ကတော့ဘယ်တော့မှလက်မလျှော့ခဲ့ကြပါဘူး။“ကျွန်တော့်မှာ အိမ်မက်တစ်ခုရှိတယ်၊ ကျွန်တော်တို့ရဲ့အိပ်မက်တွေ၊ ဆန္ဒတွေတကယ်ဖြစ်လာလိမ့်မယ်လို့ယုံကြည်တယ်” ဟု ပင်စင်စားတစ်ဦး ဖြစ်တဲ့ Noah က ဆိုခဲ့ပြီး “ ဘယ်လိုနည်းဘဲဖြစ်ဖြစ် ကျွန်မနဲ့သူက ကျွန်မတို့ရဲ့မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်ပစ်ခဲ့ကြဘူး၊ ဘုရားကျောင်းမှာ ဘုရားသခင်မလုပ်ပေးနိုင်တာဘာမှမရှိဘူးဆိုတဲ့သက်သေတွေအများကြီးကို ကျွန်မမြင်ဖူးတယ် ၊ဒါကြောင့် ကျွန်မအဲဒါကို ယုံကြည်တယ်၊ ဘုရားသခင်က အဲဒါကိုလုပ်လိမ့်မယ်လို့ယုံကြည်ခဲ့တယ်” ဟု Margaret ကပြောကြားခဲ့ပါတယ်။
ယနေ့အချိန်အထိ ၎င်းတို့ကြိုးစားခဲ့သမျှအရာအားလုံးဟာ ၎င်းတို့ယုံကြည်တဲ့ဘုရားသခင်က ၎င်းတို့အား သားလေးနှင့်သမီးလေးတို့ကို ကောင်းချီးပေးခဲ့ပုံရကြောင်း Margaret က ဆိုခဲ့ပါတယ်။အဆိုပါအမွှာလေးများကို ပြီးခဲ့တဲ့မတ်လက Lagos Education (LUTH) ဆေးရုံရှိ Margaret ရဲ့ ၃၇ ပတ်ကိုယ်ဝန်မှာ ခွဲစိတ်မွေးဖွားခြင်းဖြင့် မွေးဖွားခဲ့ပါတယ်။
အမွှာများကို ကြိုဆိုပေးခဲ့တဲ့ ဒေါက်တာ Adeyemi Okunowo က အသက်ကြီးတဲ့အမျိုးသမီးများက IVF မှတဆင့်သန္ဓေတည်နိုင်တယ်ဟုဆိုသော်လည်း ဆရာဝန်များက ထိုအသက်အရွယ်တွင် ကိုယ်ဝန်နှင့်ဆက်စပ်တဲ့ကျန်းမာရေးအန္တရာယ်များကို ဖြစ်ပေါ်စေတတ်ကြောင်း ဝန်ခံထားကြပါတယ်။
“ အသက်ကြီးတဲ့အမျိုးသမီးအနေနဲ့ သူမရဲ့ပထမဆုံးအကြိမ်ကိုယ်ဝန်က အန္တာရာယ်များနေခဲ့တယ်၊ ဒါ့ပြင် အမွှာကလည်းဖြစ်နေတော့ ပိုသတိထားပြီး မွေးပြီးသွားတဲ့အထိ စောင့်ကြည့်ခဲ့ရတယ်၊ နောက်ကျမှကိုယ်ဆောင်ပြီးကလေးမွေးဖွားခြင်းက ကိုယ်ဝန်နဲ့ဆိုင်တဲ့ဆေးဘက်ဆိုင်ရာအခက်အခဲတွေရှိနေခဲ့တယ် ၊ ကံကောင်းစွာနဲ့ဘဲ Margaret က အရမ်းကံကောင်းနေခဲ့တယ်၊ဒါမဲ့ မီးဖွားပြီးတဲ့နောက်မှာ တစ်ခြားနောက်ဆက်တွဲတွေဖြစ်လာနိုင်ခြေရှိလာနိုင်သေးတယ် ”ဟု ဒေါက်တာ Adeyemi က နောက်ကျမှကိုယ်ဝန်ဆောင်နှင့်ပတ်သက်ပြီး ထိုကဲ့သို့ဆိုခဲ့ပါတယ်။၄၆ နှစ်ချိန်တဲ့အချိန်ကာလက တိုတောင်းတဲ့အချိန်ကာလမဟုတ်ပါဘူး။သူတို့ဇနီးမောင်နှံအတွက် ဂုဏ်ယူမိပါတယ်ဗျာ။
credit
Zawgyi
၄၆ႏွစ္အၾကာေစာင့္ဆိုင္းခဲ့ၿပီးေနာက္မွာ ၎တို႔ရဲ႕ပထမဆုံးေသာကေလးမ်ားျဖစ္တဲ့ အမႊာႏွစ္ေယာက္ကို ေမြးဖြားႏိုင္ခဲ့တဲ့ အသက္ ၆၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး
အခ်ိဳ႕ေသာစုံတြဲမ်ားဟာ လက္ထပ္ၿပီးၿပီးခ်င္း ကေလးေမြးတန္ၾကေပမဲ့ အခ်ိဳ႕ေသာစုံတြဲမ်ားအဖို႔ ၎တို႔ရဲ႕ကေလးအား ၎တို႔ရဲ႕မ်က္စိေရွ႕မွာျမင္ရဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာေစာင့္ဆိုင္းေနၾကရပါတယ္။ Nigerian ဇနီးေမာင္ႏွံႏွစ္ေယာက္အေနနဲ႔ကလည္း ၎တို႔ရဲ႕ရင္ေသြးေလးကို ၎တို႔ရဲ႕လက္ထဲမွာခ်ီထားႏိုင္ဖို႔အတြက္ ဆယ္စုႏွစ္ေလးခုေက်ာ္အထိ ေစာင့္ဆိုင္းခဲ့ၾကရပါတယ္။အသက္ ၆၈ ႏွစ္အ႐ြယ္ Margaret Adenuga အမည္ရွိအမ်္ုးသမီးတစ္ဦးဟာ ၄၆ ႏွစ္ၾကာေစာင့္ဆိုင္းခဲ့ၿပီးေနာက္မွာ လွပတဲ့အမႊာကေလးမ်ားကို မၾကာေသးခင္ကေမြးဖြားႏိုင္ခဲ့ပါတယ္။
Margaret ဟာ သူမရဲ႕ပထမဆုံးကိုယ္ဝန္ကိုမေဆာင္ခင္မွာ IVF လုပ္ထုံးလုပ္နည္းမ်ားကို သုံးႀကိမ္အထိျပဳလုပ္ခဲ့ၿပီးပါၿပီ။သူမရဲ႕ခင္ပြန္းျဖစ္တဲ့ အသက္ ၇၇ ႏွစ္အ႐ြယ္ Noah Adenuga ကလည္း သူတို႔ဟာ ၁၉၇၄ ခုႏွစ္ကတည္းက လက္ထပ္ခဲ့ၾကၿပီး သူတို႔ရဲ႕ကေလးကို အရမ္းလိုခ်င္ေနခဲ့တာကိုပါ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ကေလးရဖို႔အတြက္ႀကိဳးစားတဲ့ခရီးတစ္ေလွ်ာက္မွာ က်ရႈံးမႈမ်ားကို အမ်ားႀကီးႀကဳံေတြ႕ခဲ့ရေပမဲ့ Margaret နဲ႔ Noah ကေတာ့ဘယ္ေတာ့မွလက္မေလွ်ာ့ခဲ့ၾကပါဘူး။“ကြၽန္ေတာ့္မွာ အိမ္မက္တစ္ခုရွိတယ္၊ ကြၽန္ေတာ္တို႔ရဲ႕အိပ္မက္ေတြ၊ ဆႏၵေတြတကယ္ျဖစ္လာလိမ့္မယ္လို႔ယုံၾကည္တယ္” ဟု ပင္စင္စားတစ္ဦး ျဖစ္တဲ့ Noah က ဆိုခဲ့ၿပီး “ ဘယ္လိုနည္းဘဲျဖစ္ျဖစ္ ကြၽန္မနဲ႔သူက ကြၽန္မတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ကို ဘယ္ေတာ့မွ မစြန႔္ပစ္ခဲ့ၾကဘူး၊ ဘုရားေက်ာင္းမွာ ဘုရားသခင္မလုပ္ေပးႏိုင္တာဘာမွမရွိဘူးဆိုတဲ့သက္ေသေတြအမ်ားႀကီးကို ကြၽန္မျမင္ဖူးတယ္ ၊ဒါေၾကာင့္ ကြၽန္မအဲဒါကို ယုံၾကည္တယ္၊ ဘုရားသခင္က အဲဒါကိုလုပ္လိမ့္မယ္လို႔ယုံၾကည္ခဲ့တယ္” ဟု Margaret ကေျပာၾကားခဲ့ပါတယ္။
ယေန႔အခ်ိန္အထိ ၎တို႔ႀကိဳးစားခဲ့သမွ်အရာအားလုံးဟာ ၎တို႔ယုံၾကည္တဲ့ဘုရားသခင္က ၎တို႔အား သားေလးႏွင့္သမီးေလးတို႔ကို ေကာင္းခ်ီးေပးခဲ့ပုံရေၾကာင္း Margaret က ဆိုခဲ့ပါတယ္။အဆိုပါအမႊာေလးမ်ားကို ၿပီးခဲ့တဲ့မတ္လက Lagos Education (LUTH) ေဆး႐ုံရွိ Margaret ရဲ႕ ၃၇ ပတ္ကိုယ္ဝန္မွာ ခြဲစိတ္ေမြးဖြားျခင္းျဖင့္ ေမြးဖြားခဲ့ပါတယ္။
အမႊာမ်ားကို ႀကိဳဆိုေပးခဲ့တဲ့ ေဒါက္တာ Adeyemi Okunowo က အသက္ႀကီးတဲ့အမ်ိဳးသမီးမ်ားက IVF မွတဆင့္သေႏၶတည္ႏိုင္တယ္ဟုဆိုေသာ္လည္း ဆရာဝန္မ်ားက ထိုအသက္အ႐ြယ္တြင္ ကိုယ္ဝန္ႏွင့္ဆက္စပ္တဲ့က်န္းမာေရးအႏၲရာယ္မ်ားကို ျဖစ္ေပၚေစတတ္ေၾကာင္း ဝန္ခံထားၾကပါတယ္။
“ အသက္ႀကီးတဲ့အမ်ိဳးသမီးအေနနဲ႔ သူမရဲ႕ပထမဆုံးအႀကိမ္ကိုယ္ဝန္က အႏၲာရာယ္မ်ားေနခဲ့တယ္၊ ဒါ့ျပင္ အမႊာကလည္းျဖစ္ေနေတာ့ ပိုသတိထားၿပီး ေမြးၿပီးသြားတဲ့အထိ ေစာင့္ၾကည့္ခဲ့ရတယ္၊ ေနာက္က်မွကိုယ္ေဆာင္ၿပီးကေလးေမြးဖြားျခင္းက ကိုယ္ဝန္နဲ႔ဆိုင္တဲ့ေဆးဘက္ဆိုင္ရာအခက္အခဲေတြရွိေနခဲ့တယ္ ၊ ကံေကာင္းစြာနဲ႔ဘဲ Margaret က အရမ္းကံေကာင္းေနခဲ့တယ္၊ဒါမဲ့ မီးဖြားၿပီးတဲ့ေနာက္မွာ တစ္ျခားေနာက္ဆက္တြဲေတြျဖစ္လာႏိုင္ေျခရွိလာႏိုင္ေသးတယ္ ”ဟု ေဒါက္တာ Adeyemi က ေနာက္က်မွကိုယ္ဝန္ေဆာင္ႏွင့္ပတ္သက္ၿပီး ထိုကဲ့သို႔ဆိုခဲ့ပါတယ္။၄၆ ႏွစ္ခ်ိန္တဲ့အခ်ိန္ကာလက တိုေတာင္းတဲ့အခ်ိန္ကာလမဟုတ္ပါဘူး။သူတို႔ဇနီးေမာင္ႏွံအတြက္ ဂုဏ္ယူမိပါတယ္ဗ်ာ။
credit