ချစ်သူကောင်လေးမှ ဆင်းရဲနွမ်းပါးတာကြောင့် ပို့ဆောင်ရေးသမားအဖြစ် ဝင်လုပ်ပြီး မင်္ဂလာဆောင်စရိတ်အတွက် ဝင်ငွေရှာနေသော မိန်းကလေး
တရုတ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ချစ်သူကောင်လေးနဲ့ လက်ထပ်ဖို့ထိရည်ရွယ်ထားသော်လည်း
ကောင်လေးမှာ ဆင်းရဲနွမ်းပါးတာကြောင့် မင်္ဂလာလက်ဖွဲ့အတွက် စုဆောင်းထားသော ငွေမှာမလုံလောက်ပဲဖြစ်နေတော့သည်။
မိန်းကလေးရဲ့ မိဘနှစ်ပါးကလည်း မင်္ဂလာဆောင်စရိတ်အတွက် သူတို့သတ်မှတ်ထားသော ငွေပမာဏကို မလျှော့ပေးပဲ မပေးဆောင်နိုင်ပါက မင်္ဂလာဆောင်ဖို့ သဘောမတူပူးဟု ဆိုခဲ့သည်။
မိန်းကလေးသည် မိဘတွေရဲ့သဘောထားကို မဆန့်ကျင်နိုင်သလို ချစ်သူကောင်လေးနဲ့လည်း မခွဲနိုင်တာကြောင့် မင်္ဂလာဆောင်စရိတ်အတွက် ငွေမြန်မြန်ပြည့်အောင် အစားအစာ ပို့ဆောင်ရေးသမားအဖြစ် ကိုယ်တိုင်ဝင်လုပ်ခဲ့သည်။
Rain (For Ialinks)
Crd