ၾကားသိရသမွ်

သူ့ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ကိုယ်ကျိုးရှာသူတွေအတွက် အသုံးပြုခွင့်မပေးဘူးလို့ ကြေညာလိုက်တဲ့ အဆိုတော် ဆောင်းဦးလှိုင်…

သူ့ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ကိုယ်ကျိုးရှာသူတွေအတွက် အသုံးပြုခွင့်မပေးဘူးလို့ ကြေညာလိုက်တဲ့ အဆိုတော် ဆောင်းဦးလှိုင်…

ဆောင်းဦးလှိုင် ကတော့ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် လျှောက်လှမ်းလာခဲ့တဲ့ နာမည်ကျော် Pop အဆိုတော်တစ်‌ယောက်လည်း ဖြစ်ပါတယ်။ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

သူဟာ ဆေးပညာဘွဲ့ရတစ်ဦးလည်း ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေး Album ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သီချင်းတွေကို ကိုယ်ပိုင်သံစဉ်နဲ့ ကိုယ်ဟန်နဲ့ အသံအေးအေးလေးနဲ့ ပရိသတ် ရင်ထဲရောက်အောင် သီဆိုနိုင်သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

အခုခေတ်မှာ Cover song သီဆိုတဲ့သူတွေ များပြားလာတာကြောင့် ဆောင်ဦးလှိုင်က သူ့ရဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ကိုယ်ကျိုးရှာသူတွေအတွက် အသုံးပြုခွင့်မပေးဘူးဆိုပြီး ပြောလာတာဖြစ်ပါတယ်။ ဆောင်ဦးလှိုင်က “ မျှော်လင့်ချက်တစ်စုံတစ်ရာ “ ဂျပန်အမျိုးသမီး အဆိုတော်ဟာ ရန်ကုန်မှာပွဲလုပ် ခဲ့ဖူးပါတယ်။

ကျွန်တော့်ဆီက ခွင့်တောင်းပြီးမှ ဆိုတာပါ။ ဂျပန်လို ဘာသာပြန်ပြီး အနည်းငယ်ဆိုခွင့်ပြုဖို့ပါ ခွင့်တောင်းခဲ့ပါတယ်။ ခွင့်ပြုခဲ့ပါတယ်။ ကြွားဝါတာတွေ ဘယ်တော့မှ ရေးတင်လေ့မရှိလို့ လူအများမသိကြပါ။ ကျွန်တော့်ကိုယ်ပိုင်သံစဉ် Original Songs တွေကို လူအများစုက တန်ဖိုးထားကြပါတယ်။

အလွန်တရာယုတ်ညံ့သူတချို့သာ အပုတ်ချသူချ၊ အသုံးချ ကိုယ်ကျိုးရှာသူရှာ လုပ်ခဲ့ကြတာပါ။ Google နဲ့ YouTube ဟာ သီချင်းတွေ ကိုယ်ပိုင်သံစဉ်ဟုတ်မဟုတ် နည်းပညာနဲ့စစ်ဆေးပြီး မိနစ်ပိုင်းအတွင်း အဖြေထုတ်ပေးနိုင်တဲ့ခေတ်ကြီးပါ။ ကျွန်တော့် Own Tune တွေ အဟောင်းရောအသစ်ပါ တစ်ပုဒ်မှ Copyrights နဲ့မငြိပါ။ ဆိုလိုတာက Original songs ( မြန်မာအခေါ် Own Tune ) လို့ သတ်မှတ်ခံခဲ့ရပါတယ်။

မျှော်လင့်ချက်တစ်စုံတစ်ရာကို မြန်မာအဆို မြန်မာစာသားနဲ့မကြားရတာကြာခဲ့ပြီမဟုတ်ပါလား ?? ( အထူးသဖြင့် Live shows & cover songs ) အဖြေကရှင်းပါတယ်။ ကျွန်တော်ခွင့်မပြုတော့လို့ပါ။ အများအကျိုးအတွက် ခွင့်ပြုချက်တောင်းလာတဲ့ အခါမှသာ စဉ်းစားပါမယ်။ ကျွန်တော့်သီချင်းအားလုံးကျွန်တော့်ရင်သွေးများ ဖြစ်ပါကြောင်း။ အလွန်တန်ဖိုးထားပါကြောင်း။ ဆောင်းဦးလှိုင် May 25th 2022” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

crd MM Load
zawgyi

ေဆာင္းဦးလႈိင္ ကေတာ့ ျမန္မာႏိုင္ငံရဲ႕ ဂီတေလာကမွာ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ေလွ်ာက္လွမ္းလာခဲ့တဲ့ နာမည္ေက်ာ္ Pop အဆိုေတာ္တစ္‌ေယာက္လည္း ျဖစ္ပါတယ္။ ေဆာင္းဦးလႈိင္ဟာ လတ္တေလာမွာေတာ့ ျပည္ပမွာ ေနထိုင္ေနၿပီး ကိုယ္ပိုင္သံစဥ္သီခ်င္းေတြနဲ႔အတူ ဂီတလႈပ္ရွားမႈေတြ ဆက္လက္ၿပီးေတာ့ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

သူဟာ ေဆးပညာဘြဲ႕ရတစ္ဦးလည္း ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ကိုယ္တိုင္ေရးသားၿပီး ကိုယ္တိုင္သီဆိုခဲ့တဲ့ တကိုယ္ေတာ္ေတး Album ေပါင္း ၁၀ ခ်ပ္ထက္မနည္း ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္။ သီခ်င္းေတြကို ကိုယ္ပိုင္သံစဥ္နဲ႔ ကိုယ္ဟန္နဲ႔ အသံေအးေအးေလးနဲ႔ ပရိသတ္ ရင္ထဲေရာက္ေအာင္ သီဆိုႏိုင္သူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။

အခုေခတ္မွာ Cover song သီဆိုတဲ့သူေတြ မ်ားျပားလာတာေၾကာင့္ ေဆာင္ဦးလႈိင္က သူ႔ရဲ႕ ကိုယ္ပိုင္သံစဥ္နဲ႔ ဖန္တီးထားတဲ့ သီခ်င္းေတြကို ကိုယ္က်ိဳးရွာသူေတြအတြက္ အသုံးျပဳခြင့္မေပးဘူးဆိုၿပီး ေျပာလာတာျဖစ္ပါတယ္။ ေဆာင္ဦးလႈိင္က “ ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာ “ ဂ်ပန္အမ်ိဳးသမီး အဆိုေတာ္ဟာ ရန္ကုန္မွာပြဲလုပ္ ခဲ့ဖူးပါတယ္။

ကြၽန္ေတာ့္ဆီက ခြင့္ေတာင္းၿပီးမွ ဆိုတာပါ။ ဂ်ပန္လို ဘာသာျပန္ၿပီး အနည္းငယ္ဆိုခြင့္ျပဳဖို႔ပါ ခြင့္ေတာင္းခဲ့ပါတယ္။ ခြင့္ျပဳခဲ့ပါတယ္။ ႂကြားဝါတာေတြ ဘယ္ေတာ့မွ ေရးတင္ေလ့မရွိလို႔ လူအမ်ားမသိၾကပါ။ ကြၽန္ေတာ့္ကိုယ္ပိုင္သံစဥ္ Original Songs ေတြကို လူအမ်ားစုက တန္ဖိုးထားၾကပါတယ္။

အလြန္တရာယုတ္ညံ့သူတခ်ိဳ႕သာ အပုတ္ခ်သူခ်၊ အသုံးခ် ကိုယ္က်ိဳးရွာသူရွာ လုပ္ခဲ့ၾကတာပါ။ Google နဲ႔ YouTube ဟာ သီခ်င္းေတြ ကိုယ္ပိုင္သံစဥ္ဟုတ္မဟုတ္ နည္းပညာနဲ႔စစ္ေဆးၿပီး မိနစ္ပိုင္းအတြင္း အေျဖထုတ္ေပးႏိုင္တဲ့ေခတ္ႀကီးပါ။ ကြၽန္ေတာ့္ Own Tune ေတြ အေဟာင္းေရာအသစ္ပါ တစ္ပုဒ္မွ Copyrights နဲ႔မၿငိပါ။ ဆိုလိုတာက Original songs ( ျမန္မာအေခၚ Own Tune ) လို႔ သတ္မွတ္ခံခဲ့ရပါတယ္။

ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာကို ျမန္မာအဆို ျမန္မာစာသားနဲ႔မၾကားရတာၾကာခဲ့ၿပီမဟုတ္ပါလား ?? ( အထူးသျဖင့္ Live shows & cover songs ) အေျဖကရွင္းပါတယ္။ ကြၽန္ေတာ္ခြင့္မျပဳေတာ့လို႔ပါ။ အမ်ားအက်ိဳးအတြက္ ခြင့္ျပဳခ်က္ေတာင္းလာတဲ့ အခါမွသာ စဥ္းစားပါမယ္။ ကြၽန္ေတာ့္သီခ်င္းအားလုံးကြၽန္ေတာ့္ရင္ေသြးမ်ား ျဖစ္ပါေၾကာင္း။ အလြန္တန္ဖိုးထားပါေၾကာင္း။ ေဆာင္းဦးလႈိင္ May 25th 2022” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

crd MM Load