နတ်သမီးလေးများက ပြောပြမယ့် သင့်အကြောင်း
ရေခဲ နတ်သမီး
ရေခဲ နတ်သမီးက ခွန်အားနဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိမှုတို့ရဲ့ သင်္ကေတကိုဖော်ဆောင်ပါတယ်။ သင်က မွေးရာပါ ခေါင်းဆောင်အရည်အချင်းရှိသူဖြစ်ပြီး စိန်ခေါ်မှုတွေကို နှစ်သက်တယ်။ ဒီလို အရည်အချင်းတွေရှိတာကြောင့် သင့်အနားမှာ ရှိတဲ့သူတွေက အခက်အခဲတွေအတွက် သင့်အပေါ် အားကိုးအားထားပြုလာလေ့ရှိကြတယ်။ သည်းခံနိုင်စွမ်း မြင့်မားမှုကြောင့် သင့်ကို တော်ရုံတန်ရုံ ချိးနှိမ်လို့မရဘူး။
ပန်းပွင့်စောင့် နတ်သမီး
ပန်းပွင့်စောင့် နတ်သမီးက ငြိမ်းချမ်းမှု၊ အကြင်နာမေတ္တာ၊ ရိုးရှင်းခြင်းတွေရဲ့ လက္ခဏာကို ဖော်ဆောင်ပါတယ်။ သင်က အာရုံခံစားမှု အားကောင်းတဲ့သူဖြစ်ပြီး တခြားသူတွေကို နာကျင်ရမှာစိုးတာနဲ့ ဘာမှ မပြောပဲ အောင့်အီးနေရတာ ခဏခဏပဲ။ သင့်ရဲ့ ပင်ကို စိတ်ခံစားမှုပိုင်းက သိပ်ကို ကျိုးကြေလွယ်တယ်။ ဒါတောင် သင်က သိပ် နားလည်ပေးတတ်သူဖြစ်နေသေးတယ်။
ဥယျာဉ်စောင့် နတ်သမီး
ဥယျာဉ်စောင့် နတ်သမီးက ကိုယ်ပိုင်ဟန်ရှိမှုနဲ့ တီထွင်တတ်မှုတို့ရဲ့ သင်္ကေတကို ဖော်ဆောင်ပါတယ်။ သင်က အလွန် ဖန်တီးနိုင်စွမ်းရှိတဲ့သူဖြစ်ပြီး အမြဲတမ်း စိတ်ကူးစိတ်သမ်းရှိတဲ့ အိုင်ဒီယာတွေနဲ့ ပြည့်နှက်နေတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ်လမ်းကိုယ်ဖောက်တဲ့သူဖြစ်တာကြောင့် လူတွေက သင့်အပေါ် ယုံကြည်မှုရှိကြတယ်။ သင်က အလွန် နှုတ်ရေးကောင်းပြီး ချစ်ကြည်ဖို့ကောင်းတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။
credit to shwemom
Zawgyi
ရေခဲ နတ်သမီး
ဥယျာဉ်စောင့် နတ်သမီး
credit to shwemom