ဗဟုသုတ

ဘာမှမလုပ်ဘဲ အမြဲလိုလိုပင်ပန်းအားကုန်နေရတဲ့ အကြောင်းအရင်းများ

တစ်ခါတရံမှာ ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ဘဲ ပင်ပန်းနေတတ်ပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံ၊ ရောဂါများ၊ စိတ်ဖိစီးမှု စတဲ့အကြောင်းအချက်တွေကြောင့်လည်း အမြဲလိုလို ပင်ပန်းနေတတ်ပါတယ်။ ဒီအချက်တွေအပြင် အမြဲလိုလို ပင်ပန်းနေစေတဲ့ အခြားအကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ပင်ပန်းနွယ်နယ်တဲ့အခါ စိတ်ပင်ပန်းတာနဲ့ ခန္ဓာကိုယ်ပင်ပန်းတာဆိုတဲ့ နှစ်မျိုးလုံးကို ခံစားရပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်လေ့ရှိပြီး အရွယ်ရောက်ပြီးသူတွေမှာ ပိုပြီးဖြစ်ပေါ်လေ့ ရှိပါတယ်။

ဒီလိုပုံစံ ပင်ပန်းနွမ်းနယ်တာက အနားယူလိုက်ရင်တောင် မပျောက်သွားပါဘူး။ ကျန်းမာရေးပြဿနာတွေနဲ့ သက်ဆိုင်နေတဲ့အခါ ပင်ပန်းနွမ်းနယ်နေတာပျောက်ဖို့ အချိန်ပိုကြာတတ်ပါတယ်။

နေထိုင်မှုပုံစံ

– အိပ်ရေးအရမ်းပျက်တာ သို့မဟုတ် အိပ်ချိန်များတာကြောင့် အမြဲလိုလို ထိုင်းမှိုင်းနေတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေက တစ်နေ့ကို အိပ်စက်ချိန် ၈ နာရီရှိသင့်ပါတယ်။

– ကာဖိန်းပါဝင်တဲ့အရာကို စားသောက်တာကြောင့် အာရုံကြောစနစ်အပေါ် သက်ရောက်မှုရှိပြီး အိပ်မပျောက်ဖြစ်တတ်ပါတယ်။

– ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အပြင် ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ ချို့တဲ့တဲ့အခါ အမြဲလိုလို နွမ်းနယ်နေမှာပါ။ အသင့်စားအစားအစာတွေနဲ့ အားဖြည့်အချိုရည်တွေက ခဏတာသာ အားဖြည့်ပေးပြီး ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။

– အလုပ်ကို နားချိန်မပေးဘဲ လုပ်တဲ့အခါ၊ စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ အလုပ်လုံးဝ မလုပ်တဲ့အခါတွေမှာလည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရပါတယ်။

ကျန်းမာရေးအခြေအနေများ

– တုပ်ကွေးနဲ့ အခြားကူးစက်ရောဂါများ

– စိတ်ပူပန်မှု

– ဟော်မုန်းမညီမျှမှု

– နှလုံးနဲ အဆုတ်ပြဿနာများ

– ဗီတာမင် D နဲ့ B12 ချို့တဲ့မှု

– မှားယွင်းတဲ့ စားသောက်မှုပုံစံ စတဲ့အကြောင်းအချက်တွေက အမြဲလိုလို ပင်ပန်းပြီးအားကုန်စေတဲ့ အချက်တွေပါပဲ။ ဒီအချက်တွေထဲက တစ်ချက် သို့မဟုတ် အချက်အားလုံးက သင့်မှာဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်

အမြဲလိုလို ပင်ပန်းအားကုန်နေတာကို ပျောက်စေဖို့နည်းလမ်းများ

နေထိုင်မှုပုံစံကြောင့် ပင်ပန်းနွမ်းနေတာဆိုရင် နေထိုင်မှုပုံစံကို ချက်ချင်းပြောင်းလဲလိုက်ပါ။

– တစ်နေကုန် အားအင်ပြည့်ဝနေစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။

– ပင်ပန်းနွမ်းနယ်နေတာပျောက်ဖို့ တစ်နေ့ကို ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပုံမှန် လုပ်ပေးသင့်ပါတယ်။

– အိပ်ချိန်နဲ့ အိပ်ရာထချိန်မှန်တာက ကျန်းမာရေးကို အများကြီးအထောက်အကူ ပြုပါတယ်။

– ရေများများသောက်ပါ။ တစ်ခါတရံမှာ ရေဓာတ်ခန်းခြောက်တာကြောင့် ပင်ပန်းနွမ်းနယ်ပါတယ်။

– ကာဖိန်းပါဝင်တဲ့ သောက်စရာတွေကို လျှော့ချပါ။

Zombie (lovemedia)