အိန္ဒိယနိုင်ငံ ရာဂျစ်စတန်ရဲ့ ချူရူပြည်နယ်က မင်္ဂလာပွဲတစ်ခုမှာ သတို့သမီးဟာ ဘာရတ်ပွဲကို နောက်ကျမှ မူးရူးပြီးရောက်လာခဲ့တဲ့ သတို့သားလောင်းကို ငြင်းပယ်ပြီး တခြားအမျိုးသားတစ်ဦးကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘာရတ်ပွဲဆိုတာကတော့ သတို့သမီးကို နေအိမ်ကနေ မင်္ဂလာပွဲကျင်းပမယ့်နေရာသို့ သတို့သားဘက်မှ သွားရောက်ခေါ်ဆောင်ရတဲ့ အိန္ဒိယရိုးရာ ဓလေ့တစ်ခုပါ။
ဘာရတ်ပွဲကို ညကိုးနာရီမှာ သတို့သမီးနေအိမ်ကနေ စတင်ပြီးထွက်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း အပျော်လွန်နေတဲ့ သတိုးသားလောင်းလေးကတော့ သူငယ်ချင်းတွေနဲ့ သောက်စားပြီး
ဒီဂျေနဲ့ ကခုန်နေကာ သတို့သမီးကို ခေါ်မယ့် အချိန် နောက်ကျသွားခဲ့ပါတယ်။ သတို့သမီးဘက်က သတို့သားအလာကို စောင့်နေတုန်းမှာပဲ သတို့သမီးလေးဟာ ဘာရတ်ပွဲအတွက် လာခေါ်တဲ့ လူတွေကို ပြန်လွှတ်ပြီး တခြားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ သတို့သမီးမိသားစုကပါ ဆုံးဖြတ်ခဲ့ပါတယ်။
သတို့သားနဲ့အမျိုးတွေ ပွဲကျင်းပမယ့်နေရာကို ရောက်ရှိလာချိန်မှာတော့ တခြားတစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့သတို့သမီးကို မြင်လိုက်ရပြီး အရမ်းကို အံ့ဩသင့်သွားခဲ့ကြပါတယ်။ နောက်ရက်မှာတော့ သတို့သားဘက်က သတို့သမီးဘက်ကို ရက်ဂါ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
သို့ပေမယ့်လည်း သတို့သမီးမိသားစုဘက်မှ မင်္ဂလာပွဲ ထုံးတမ်းနဲ့ ပတ်သက်ပြီး ပေါ့ပေါ့တန်တန် အပြုအမူတွေဟာ နောက်လာမယ့် အနာဂတ်မှာလည်း ဆက်ဖြစ်မှာ သူတို့ ကြောက်ရွံ့မိတယ်ဆိုပြီး ပြန်လည် ချေပ ခဲ့ကြပါတယ်။
ရဲတွေနဲ့ ညှိနှိုင်းပြီးတဲ့နောက်မှာတော့ နှစ်ဖက်စလုံးက မိသားစုပြဿနာတွေကို ခဝါချပြီး မင်္ဂလာပွဲကို ပြန်လည်ရုတ်သိမ်းဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကဲ … အပျော်ကနေ အပျက်ဖြစ်တတ်တယ်ဆိုတဲ့ သဘောတရားလေးကို ဒီဆောင်းပါးလေးမှာ ပရိသတ်အားလုံးပဲ တွေ့မြင်ကြရမှာမလို့ ကိုယ်လုပ်တဲ့အရာတိုင်းကို သတိလေးကပ်ရင်း တစ်နေ့တာကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်ကြပါစေနော်။
crd
အိႏၵိယနိုင္ငံ ရာဂ်စ္စတန္ရဲ့ ခ်ဴ႐ူျပည္နယ္က မဂၤလာပြဲတစ္ခုမွာ သတို႔သမီးဟာ ဘာရတ္ပြဲကို ေနာက္က်မွ မူး႐ူးၿပီးေရာက္လာခဲ့တဲ့ သတို႔သားေလာင္းကို ျငင္းပယ္ၿပီး တျခားအမ်ိဳးသားတစ္ဦးကို လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ဘာရတ္ပြဲဆိုတာကေတာ့ သတို႔သမီးကို ေနအိမ္ကေန မဂၤလာပြဲက်င္းပမယ့္ေနရာသို႔ သတို႔သားဘက္မွ သြားေရာက္ေခၚေဆာင္ရတဲ့ အိႏၵိယရိုးရာ ဓေလ့တစ္ခုပါ။
ဘာရတ္ပြဲကို ညကိုးနာရီမွာ သတို႔သမီးေနအိမ္ကေန စတင္ၿပီးထြက္ဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္လည္း အေပ်ာ္လြန္ေနတဲ့ သတိုးသားေလာင္းေလးကေတာ့ သူငယ္ခ်င္းေတြနဲ႔ ေသာက္စားၿပီး
ဒီေဂ်နဲ႔ ကခုန္ေနကာ သတို႔သမီးကို ေခၚမယ့္ အခ်ိန္ ေနာက္က်သြားခဲ့ပါတယ္။ သတို႔သမီးဘက္က သတို႔သားအလာကို ေစာင့္ေနတုန္းမွာပဲ သတို႔သမီးေလးဟာ ဘာရတ္ပြဲအတြက္ လာေခၚတဲ့ လူေတြကို ျပန္လႊတ္ၿပီး တျခားတစ္ေယာက္နဲ႔ လက္ထပ္ေပးဖို႔ သတို႔သမီးမိသားစုကပါ ဆုံးျဖတ္ခဲ့ပါတယ္။
သတို႔သားနဲ႔အမ်ိဳးေတြ ပြဲက်င္းပမယ့္ေနရာကို ေရာက္ရွိလာခ်ိန္မွာေတာ့ တျခားတစ္ေယာက္ကို လက္ထပ္ဖို႔ ဆုံးျဖတ္လိုက္တဲ့သတို႔သမီးကို ျမင္လိုက္ရၿပီး အရမ္းကို အံ့ဩသင့္သြားခဲ့ၾကပါတယ္။ ေနာက္ရက္မွာေတာ့ သတို႔သားဘက္က သတို႔သမီးဘက္ကို ရက္ဂါ ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ခဲ့ပါတယ္။
သို႔ေပမယ့္လည္း သတို႔သမီးမိသားစုဘက္မွ မဂၤလာပြဲ ထုံးတမ္းနဲ႔ ပတ္သက္ၿပီး ေပါ့ေပါ့တန္တန္ အျပဳအမူေတြဟာ ေနာက္လာမယ့္ အနာဂတ္မွာလည္း ဆက္ျဖစ္မွာ သူတို႔ ေၾကာက္ရြံ့မိတယ္ဆိုၿပီး ျပန္လည္ ေခ်ပ ခဲ့ၾကပါတယ္။
ရဲေတြနဲ႔ ညႇိႏွိုင္းၿပီးတဲ့ေနာက္မွာေတာ့ ႏွစ္ဖက္စလုံးက မိသားစုျပႆနာေတြကို ခဝါခ်ၿပီး မဂၤလာပြဲကို ျပန္လည္႐ုတ္သိမ္းဖို႔ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။
ကဲ … အေပ်ာ္ကေန အပ်က္ျဖစ္တတ္တယ္ဆိုတဲ့ သေဘာတရားေလးကို ဒီေဆာင္းပါးေလးမွာ ပရိသတ္အားလုံးပဲ ေတြ႕ျမင္ၾကရမွာမလို႔ ကိုယ္လုပ္တဲ့အရာတိုင္းကို သတိေလးကပ္ရင္း တစ္ေန႔တာကို အခက္အခဲမရွိ ေက်ာ္ျဖတ္နိုင္ၾကပါေစေနာ္။
crd