ငါအိပ်ယာထဲလဲတဲ့အခါ.
မိုးလင်းတဲ့အခါ
ငယ်စဉ်ကလေ
မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာဆိုးလို့
ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမဲ့ ငါ့ကိုတော့
ရေအေးနဲ့ သစ်ပေးရင်ပဲကျေနပ်ပါပြီ။
အစာကျွေးတဲ့အခါ
ငယ်စဉ်ကလေ
မင်းတို့ကြီးထွားရှင်သန်ဖို့ ဈေးကြီးတဲ့p
အာဟာရမုန့်တွေ ငါဝင်အောင်ကျွေးခဲ့ပေမဲ့
ငါ့ကိုတော့ အစာကျေတဲ့
ဆန်ပြုတ်ကျဲလေးကျွေးရင်ပဲ
ကျေနပ်ပါပြီ။..
ငါအစားမဝင္တဲ့အခါ
ငယ်စဉ်ကလေ
ထမင်းတစ်ပန်းကန် စားကုန်ဖို့
အိမ်ရှေ့အိမ်နောက်လှည့်ပတ်ပြေးလွား
နာရီရှည်ကြာလို့ ငါမညောင်းခဲ့ပေမဲ့
ငါ့ကိုတော့ မိနစ်ပိုင်းလောက်
အားစိုက်ကျွေးရင်ပဲ
ကျေနပ်ပါပြီ
ငါအိပ်မပျော်တဲ့အခါ
ငယ်စဉ်ကလေ
လေးထိုးလို့ ဖျားလို့ ဝမ်းလျှောလို့
ရောဂါစုံဖြစ်တတ်တဲ့
မင်းတို့တစ်တွေကို ပြုစုယုယရင်း
တစ်လမအိပ်ရလို့လည်း
ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်
အိပ်မပျော်တဲ့ငါ့ကို
တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ပဲ
ကျေနပ်ပါပြီ
ငါမထနိုင္တဲ့ အခါ.
ငယ်စဉ်ကလေ.
ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်း
လက်ကလေးတွေသန်မာအောင်
ကြိုးစားပေးခဲ့တဲ့ ငါ့ကိုမင်းတို့
လက်ကလေးတွေကို
ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ
ကျေနပ်ပါပြီ
ငါတွေ့ချင်တဲ့အခါ
ငယ်စဉ်ကလေ
လပေါင်များစွာ ခြေကိုဖြောင့်စဉ်းပြီး
သီချင်းဆိုပေးရင်း
ခြေထောက်လေးတွေ သန်မာအောင်
နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီမင်းတို့
ခြေထောက်လေးတွေ အသုံးချပြီး
ခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ
ငါမလှုပ်ရှား နိုင်တဲ့အခါ
ငယ်စဉ်ကလေ
နူးညံပေ့ဆိုတဲ့ အဝတ် အထည်တောင်
နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမဲ့
အသိလွတ်ချိန်အထိ အရှက် လုံစွာ
ငါ့ကို ဂရုတစိုက် ဖုံးပေး ရင်ပဲကျေနပ်ပါပြီ
ငါထြက္သြားတဲ့အခါ
ထိုအချိန်မှလေ
ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့
နောင်တအမွေ မရစေချင်လို့
ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့
အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ
မိခင် ဖခင်တိုင်းအား ဤစာစုဖြင့်
ပူဇော်ဦးညွတ်ပါသည်
CREDIT ( စစ်မှန်သော မေတ္တာ ) မှ ကူးယူဖြန့်ဝေပေးသည်။
zawgyi
ငါအိပ္ယာထဲလဲတဲ့အခါ.
မိုးလင္းတဲ့အခါ
ငယ္စဥ္ကေလ
မင္းတို႔ရဲ႕ မ်က္ႏွာႏုေလးကို ေအးမွာဆိုးလို႔
ငါေန႔စဥ္ ေရေႏြးနဲ႔ သစ္ေပးခဲ့ေပမဲ့ ငါ့ကိုေတာ့
ေရေအးနဲ႔ သစ္ေပးရင္ပဲေက်နပ္ပါၿပီ။
အစာေကြၽးတဲ့အခါ
ငယ္စဥ္ကေလ
မင္းတို႔ႀကီးထြားရွင္သန္ဖို႔ ေဈးႀကီးတဲ့p
အာဟာရမုန႔္ေတြ ငါဝင္ေအာင္ေကြၽးခဲ့ေပမဲ့
ငါ့ကိုေတာ့ အစာေက်တဲ့
ဆန္ျပဳတ္က်ဲေလးေကြၽးရင္ပဲ
ေက်နပ္ပါၿပီ။..
ငါအစားမဝငၱဲ့အခါ
ငယ္စဥ္ကေလ
ထမင္းတစ္ပန္းကန္ စားကုန္ဖို႔
အိမ္ေရွ႕အိမ္ေနာက္လွည့္ပတ္ေျပးလြား
နာရီရွည္ၾကာလို႔ ငါမေညာင္းခဲ့ေပမဲ့
ငါ့ကိုေတာ့ မိနစ္ပိုင္းေလာက္
အားစိုက္ေကြၽးရင္ပဲ
ေက်နပ္ပါၿပီ
ငါအိပ္မေပ်ာ္တဲ့အခါ
ငယ္စဥ္ကေလ
ေလးထိုးလို႔ ဖ်ားလို႔ ဝမ္းေလွ်ာလို႔
ေရာဂါစုံျဖစ္တတ္တဲ့
မင္းတို႔တစ္ေတြကို ျပဳစုယုယရင္း
တစ္လမအိပ္ရလို႔လည္း
ငါမၿငီးျငဴခဲ့ေပမဲ့ ေဝဒနာေၾကာင့္
အိပ္မေပ်ာ္တဲ့ငါ့ကို
တစ္ရက္ ႏွစ္ရက္သီးခံၾကည့္ေပးရင္ပဲ
ေက်နပ္ပါၿပီ
ငါမထႏိုငၱဲ့ အခါ.
ငယ္စဥ္ကေလ.
ရက္ေပါင္းမ်ားစြာ ခ်ိဳမိုင္မိုင္ဆိုေပးရင္း
လက္ကေလးေတြသန္မာေအာင္
ႀကိဳးစားေပးခဲ့တဲ့ ငါ့ကိုမင္းတို႔
လက္ကေလးေတြကို
ခဏတာအသုံးခ်ၿပီး ထူေပးၾကရင္ပဲ
ေက်နပ္ပါၿပီ
ငါေတြ႕ခ်င္တဲ့အခါ
ငယ္စဥ္ကေလ
လေပါင္မ်ားစြာ ေျခကိုေျဖာင့္စဥ္းၿပီး
သီခ်င္းဆိုေပးရင္း
ေျခေထာက္ေလးေတြ သန္မာေအာင္
ႏွိပ္နယ္ေပးခဲ့တဲ့ ငါ့ဆီမင္းတို႔
ေျခေထာက္ေလးေတြ အသုံးခ်ၿပီး
ခဏလာေတြ႕ရင္ဘဲ ေက်နပ္ပါၿပီ
ငါမလႈပ္ရွား ႏိုင္တဲ့အခါ
ငယ္စဥ္ကေလ
ႏူးညံေပ့ဆိုတဲ့ အဝတ္ အထည္ေတာင္
နာမွာစိုးလို႔ အသာအယာ ဝတ္ေပးခဲ့ေပမဲ့
အသိလြတ္ခ်ိန္အထိ အရွက္ လုံစြာ
ငါ့ကို ဂ႐ုတစိုက္ ဖုံးေပး ရင္ပဲေက်နပ္ပါၿပီ
ငါၾထက္ၾသားတဲ့အခါ
ထိုအခ်ိန္မွေလ
ငါ့သား ငါ့သမီး ငါ့ေျမးျမစ္ တို႔
ေနာင္တအေမြ မရေစခ်င္လို႔
ျပဳစုခြင့္ရတုန္း ျပဳစုႏိုင္ၾကဖို႔
အခြင့္ေပးတာဝန္ေက်ခဲ့ပါရေစ
မိခင္ ဖခင္တိုင္းအား ဤစာစုျဖင့္
ပူေဇာ္ဦးၫြတ္ပါသည္
CREDIT ( စစ္မွန္ေသာ ေမတၱာ ) မွ ကူးယူျဖန႔္ေဝေပးသည္။