ၾကားသိရသမွ်

ႏွာေခါင္းစည္းမ်ား ေစ်းတင္ေရာင္းပါက ေထာင္၆လ မွ ၃ႏွစ္

ႏွာေခါင္းစည္းမ်ား ေစ်းတင္ေရာင္းပါက ေထာင္၆လ မွ ၃ႏွစ္

ေဈးကြက္တြင္ ႏွာေခါင္းစည္္းဝယ္လိုအားမ်ားၿပီး အခု ၅၀ ပါတစ္ဘူးကို က်ပ္ ၅,၀၀၀ မွ ၈,၀၀၀ အထိ ေဈးတင္ေရာင္းခ်ေန

COVID-19 ကပ္ေရာဂါကာကြြယ္ေရးသုံး ႏွာေခါင္းစည္း (Mask)မ်ားကို ေဈးႏွစ္ဆ၊ သုံးဆတင္ေရာင္းခ် မႈမ်ားကို စစ္ေဆးၿပီး အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္ မႈဥပေဒျဖင့္ အေရးယူမည္ဟု စားသုးံသူေရးရာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေဆြတင့္ၾကဴးက ေျပာသည္။

 

ႏွာေခါင္းစည္းမ်ား ေဈးတင္ ေရာင္းေနျခင္းႏွင့္ ပတ္သက္၍စုံစမ္းစစ္ေဆးရန္ တိုင္းႏွင့္ ျပည္နယ္မ်ားမွ တာဝန္ရွိသူမ်ားကို ၫႊန္ၾကားထားေၾကာင္း ဦးေဆြတင့္ ၾကဴးက ေျပာသည္။

ေဈးကြက္ထဲကို သြားၿပီး စုံစမ္းစစ္ေဆးမႈေတြ လုပ္မွာပါ။ ကုန္ပစၥည္းတစ္ခုမွာ ေဈးႏႈန္း တက္သင့္၊ တက္ထိုက္တာရွိ တယ္။ ဒါေပမဲ့ အခုလို သဘာဝမက်တာမ်ိဳးေတာ့ မျဖစ္သင့္ဘူး ဟု ၎ကေျပာသည္။

 

၂၀၂၀ မတ္လ ၃၁ ရက္စြဲျဖင့္ ထုတ္ျပန္ေသာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ၏ အမိန႔္ေၾကာ္ျငာစာတြင္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာပစၥည္းမ်ားကို ေဈးျမႇင့္ေရာင္းျခင္း၊ေဈးျမႇင့္ျဖန႔္ျဖဴးျခင္း၊ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းမ်ား မျပဳလုပ္ရန္ တားျမစ္ထားသည္။

အဆိုိပါ တားျမစ္ခ်က္ကိုိ ေဖာက္ဖ်က္ပါက အေရးႀကီးကုန္ စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ၁၁ ပုဒ္မခြဲ(ခ)အရ အနည္းဆုံး ေထာင္ဒဏ္ ေျခာက္လမွ ေထာင္ ဒဏ္ သုံးႏွစ္အထိ ခ်မွတ္ခံရမည့္အျပင္ဒဏ္ေငြ က်ပ္ငါးသိိန္းကို လည္း ခ်မွတ္ခံရမည္ျဖစ္သည္။

ယခုရက္ပိုိင္းအတြင္း စစ္ေတြၿမိဳ႕နယ္တြင္ COVID-19 ေရာဂါပိုး ကူးစက္မႈမ်ား ေတြ႕လာ ၿပီးေနာက္ ေဈးကြက္အတြင္း၌ ႏွာေခါင္းစည္းမ်ား ဝယ္ယူမႈ ယခင္ထက္မ်ားလာခ်ိန္ ပစၥည္းျပတ္လပ္ကာ ေဈးႏႈန္းျမင့္တက္လာျခင္း ျဖစ္သည္။

ေဆးႏွင့္ ေဆးပစၥည္းမ်ား တင္သြင္းေနသည့္ လုပ္ငန္းရွင္ ေဒါက္တာ ေမာင္ေမာင္ေလးက အခုေဈးကြက္စီးပြားေရးက ဝယ္လိုအားမ်ားလာရင္ အခြင့္ေကာင္း ယူၿပီးေတာ့ ေဈးကစားတာေတြရွိတတ္တယ္။ဒါေတြက မလုပ္သင့္ဘူး။ အထူးသျဖင့္ ေဆးမွာေပါ့ေလ။ သူေဌးျဖစ္ေလာက္ေအာင္္ မျဖစ္ေတာ့ ကိုိယ္ခ်င္းစာတရားနဲ႕ လုပ္သင့္တယ္။

အေမရိကန္နိုင္ငံမွာေတာင္ ဒါမ်ိဳးျဖစ္ခဲ့လို႔ အခုသူတို႔က မျဖစ္ေအာင္ ႀကိဳးစားၿပီး အေရးယူ ေဆာင္႐ြြက္တာေတြ လုပ္ပါတယ္ဟု ေျပာသည္။လက္ရွိတြင္ ရန္ကုန္ရွိဆိုင္ အခ်ိဳ႕၌ အခု ၅၀ ပါ ႏွာေခါင္းစည္းတစ္ထုပ္ကို ၅,၀၀၀ က်ပ္မွ ၈,၀၀၀က်ပ္အထိ ေဈးတင္ေရာင္းခ်ေနသည္။

ယခင္က ႏွာေခါင္းစည္း အခု ၅၀ ပါ တစ္ထုပ္ကို ၂,၀၀၀ က်ပ္ခန႔္သာ ေဈးရွိသည္။အဝယ္မ်ားသြားလို႔သာ။ အရင္ကေလာက္ေတာ့ ျပတ္မယ္ မထင္ဘူး။ တစ္ခုေတာ့ရွိတာေပါ့ေလ ဒီမွာတအား ဝယ္လိုအားမ်ားၿပီး တ႐ုတ္ဘက္ကလည္း အဝင္နည္းမယ္ဆိုရင္ေတာ့ ဒါနည္းနည္း စိုးရိမ္စရာေပါ့။

အခုက ႐ုတ္တ ရက္ ဝယ္လိုအားျမင့္သြားလို႔ ပစၥည္းျပတ္သြားတာ။ ျပန္ဝင္လာ မွာပါ။ အရင္ကေလာက္ေတာ့ စိုးရိမ္စရာမရွိပါဘူးဟု ဗိုလ္ခ်ဳပ္ေဈး၊ ေဝယံလင္းေဆးႏွင့္ ေဆး ကိရိယာ ေရာင္းဝယ္ေရးမွ ေဒါက္ တာသစ္လြင္က ေျပာသည္။အေရးႀကီးကုန္စည္မ်ား အား တင္သြင္း၊ ျဖန႔္ျဖဴးေရာင္းခ် ေနသည့္ ကုမၸဏီမ်ား၊ လုပ္ငန္းရွွင္မ်ားအေနျဖင့္ အမ်ားျပည္သူက်န္း မာေရးကို ေရွးရႈ၍ ေဈးႏႈန္းျမႇင့္ တင္ေရာင္းခ်ျခင္း၊သိုေလွာင္ျခင္း မ်ား မျပဳလုပ္ၾကပါရန္ ျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွွင္မ်ား အသင္းခ်ဳပ္က ၾသဂုတ္ ၂၁ ရက္တြင္ အသိေပးစာထုတ္ျပန္သည္။

ထို႔အတူ ႏွာေခါင္းစည္းခ်ဳပ္ လုပ္ေရာင္းခ်ေသာ အထည္ခ်ဳပ္ စက္႐ုံမ်ား ေဈးတင္မေရာင္းဘဲ ပုံမွန္ေဈးႏႈန္းအတိုင္း ေရာင္းခ် ေပးရန္ တိုက္တြန္းေၾကာင္း ျမန္မာနိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္းကလည္း ၾသဂုတ္ ၂၁ ရက္စြဲျဖင့္ အသိိေပးစာထုတ္ျပန္ခဲ့ သည္။

ႏွာေခါင္းစည္း ဝယ္လိုသူမ်ားသည္္ အထည္ခ်ဳပ္လုပ္ငန္း ရွင္မ်ားအသင္းသို႔ ဆက္သြယ္စုံ စမ္းနိုင္ၿပီး ပုံမွန္ေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးနိုင္မည့္ စက္႐ုံမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေပး မည္ဟု အသိေပးထားသည္။

COVID-19 ေရာဂါ စတင္ ျဖစ္ပြားခ်ိိန္ကလည္း အလားတူ အျဖစ္မ်ိဳးႏွင့္ ႀကဳံခဲ့ရသျဖင့္ ယင္းကိစၥကို အစိုးရက ဥပေဒျဖင့္ အေရးယူ ထိန္းခ်ဳပ္မႈမ်ိဳး ျပဳလုပ္ေပးေစ ခ်င္ေၾကာင္း ျပည္သူမ်ားက ေျပာသည္။

ျပည္သိမ္း

ပိုပိုေလး

Unicode

နှာခေါင်းစည်းများ ဈေးတင်ရောင်းပါက ထောင်၆လ မှ ၃နှစ်

ဈေးကွက်တွင် နှာခေါင်းစည်းဝယ်လိုအားများပြီး အခု ၅၀ ပါတစ်ဘူးကို ကျပ် ၅,၀၀၀ မှ ၈,၀၀၀ အထိ ဈေးတင်ရောင်းချနေ

COVID-19 ကပ်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း (Mask)များကို ဈေးနှစ်ဆ၊ သုံးဆတင်ရောင်းချ မှုများကို စစ်ဆေးပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေဖြင့် အရေးယူမည်ဟု စားသုးံသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောသည်။

နှာခေါင်းစည်းများ ဈေးတင် ရောင်းနေခြင်းနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးရန် တိုင်းနှင့် ပြည်နယ်များမှ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ဦးဆွေတင့် ကြူးက ပြောသည်။

ဈေးကွက်ထဲကို သွားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်မှာပါ။ ကုန်ပစ္စည်းတစ်ခုမှာ ဈေးနှုန်း တက်သင့်၊ တက်ထိုက်တာရှိ တယ်။ ဒါပေမဲ့ အခုလို သဘာဝမကျတာမျိုးတော့ မဖြစ်သင့်ဘူး ဟု ၎င်းကပြောသည်။

၂၀၂၀ မတ်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ အမိန့်ကြော်ငြာစာတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ဈေးမြှင့်ရောင်းခြင်း၊ဈေးမြှင့်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။

အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ပါက အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ၁၁ ပုဒ်မခွဲ(ခ)အရ အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ ထောင် ဒဏ် သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင်ဒဏ်ငွေ ကျပ်ငါးသိန်းကို လည်း ချမှတ်ခံရမည်ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်တွင် COVID-19 ရောဂါပိုး ကူးစက်မှုများ တွေ့လာ ပြီးနောက် ဈေးကွက်အတွင်း၌ နှာခေါင်းစည်းများ ဝယ်ယူမှု ယခင်ထက်များလာချိန် ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းနေသည့် လုပ်ငန်းရှင် ဒေါက်တာ မောင်မောင်လေးက အခုဈေးကွက်စီးပွားရေးက ဝယ်လိုအားများလာရင် အခွင့်ကောင်း ယူပြီးတော့ ဈေးကစားတာတွေရှိတတ်တယ်။ဒါတွေက မလုပ်သင့်ဘူး။ အထူးသဖြင့် ဆေးမှာပေါ့လေ။ သူဌေးဖြစ်လောက်အောင် မဖြစ်တော့ ကိုယ်ချင်းစာတရားနဲ့ လုပ်သင့်တယ်။

အမေရိကန်နိုင်ငံမှာတောင် ဒါမျိုးဖြစ်ခဲ့လို့ အခုသူတို့က မဖြစ်အောင် ကြိုးစားပြီး အရေးယူ ဆောင်ရွက်တာတွေ လုပ်ပါတယ်ဟု ပြောသည်။လက်ရှိတွင် ရန်ကုန်ရှိဆိုင် အချို့၌ အခု ၅၀ ပါ နှာခေါင်းစည်းတစ်ထုပ်ကို ၅,၀၀၀ ကျပ်မှ ၈,၀၀၀ကျပ်အထိ ဈေးတင်ရောင်းချနေသည်။

ယခင်က နှာခေါင်းစည်း အခု ၅၀ ပါ တစ်ထုပ်ကို ၂,၀၀၀ ကျပ်ခန့်သာ ဈေးရှိသည်။အဝယ်များသွားလို့သာ။ အရင်ကလောက်တော့ ပြတ်မယ် မထင်ဘူး။ တစ်ခုတော့ရှိတာပေါ့လေ ဒီမှာတအား ဝယ်လိုအားများပြီး တရုတ်ဘက်ကလည်း အဝင်နည်းမယ်ဆိုရင်တော့ ဒါနည်းနည်း စိုးရိမ်စရာပေါ့။

အခုက ရုတ်တ ရက် ဝယ်လိုအားမြင့်သွားလို့ ပစ္စည်းပြတ်သွားတာ။ ပြန်ဝင်လာ မှာပါ။ အရင်ကလောက်တော့ စိုးရိမ်စရာမရှိပါဘူးဟု ဗိုလ်ချုပ်ဈေး၊ ဝေယံလင်းဆေးနှင့် ဆေး ကိရိယာ ရောင်းဝယ်ရေးမှ ဒေါက် တာသစ်လွင်က ပြောသည်။အရေးကြီးကုန်စည်များ အား တင်သွင်း၊ ဖြန့်ဖြူးရောင်းချ နေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူကျန်း မာရေးကို ရှေးရှု၍ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း၊သိုလှောင်ခြင်း များ မပြုလုပ်ကြပါရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က သြဂုတ် ၂၁ ရက်တွင် အသိပေးစာထုတ်ပြန်သည်။

ထို့အတူ နှာခေါင်းစည်းချုပ် လုပ်ရောင်းချသော အထည်ချုပ် စက်ရုံများ ဈေးတင်မရောင်းဘဲ ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချ ပေးရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းကလည်း သြဂုတ် ၂၁ ရက်စွဲဖြင့် အသိပေးစာထုတ်ပြန်ခဲ့ သည်။

နှာခေါင်းစည်း ဝယ်လိုသူများသည် အထည်ချုပ်လုပ်ငန်း ရှင်များအသင်းသို့ ဆက်သွယ်စုံ စမ်းနိုင်ပြီး ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေး မည်ဟု အသိပေးထားသည်။

COVID-19 ရောဂါ စတင် ဖြစ်ပွားချိန်ကလည်း အလားတူ အဖြစ်မျိုးနှင့် ကြုံခဲ့ရသဖြင့် ယင်းကိစ္စကို အစိုးရက ဥပဒေဖြင့် အရေးယူ ထိန်းချုပ်မှုမျိုး ပြုလုပ်ပေးစေ ချင်ကြောင်း ပြည်သူများက ပြောသည်။

ပြည်သိမ်း

ပိုပိုလေး