ေရာဂါလကၡဏာမျပသပဲ ကူးစက္ေနသူမ်ားရွိေနမည္မွာ ေသခ်ာေနေၾကာင္း သတင္းထုတ္ျပန္
ရခိုင္ျပည္နယ္တြင္ ကိုဗစ္ ကူးစက္ျဖစ္ပြားမႈသည္ အထူးျမန္ဆန္လ်က္ရွိၿပီး (၁၆-၈-၂၀၂၀) ရက္မွ (၂၁-၈-၂၀၂၀) ရက္အထိ (၅) ရက္တာ ကာလအတြင္း၌ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၄၅) ဦးေတြ႕ရွိခဲ့ရေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ဒီကေန႔မနက္ပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္။
ထို႔အျပင္ ျပည္သူမ်ားအၾကား၌ ေရာဂါလကၡဏာမျပသဘဲ ကူးစက္ေနသူမ်ားလည္း ရွိေနမည္မွာ ေသခ်ာေၾကာင္းကိုလည္း ဆက္လက္ေဖာ္ျပထားသည္။ယခု စစ္ေတြၿမိဳ႕နယ္၌ကူးစက္ျဖစ္ပြားေနေသာ ဗိုင္းရပ္စ္ပိုးသည္ မ်ိဳးဗီဇေျပာင္းလဲ ေနသည့္ အမ်ိဳးအစားျဖစ္ႏိုင္ေသာေၾကာင့္ ေဆးသုေတသနဦးစီးဌာန၌ ဗိုင္းရပ္စ္ပိုး၏ မ်ိဳးဗီဇကို စစ္ေဆးေဖာ္ထုတ္သြားမည္ ျဖစ္ပါေၾကာင္း၊
ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳသားအဆင့္ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၏ ဦးေဆာင္ လမ္းၫႊန္မႈျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ အပါအဝင္ သက္ဆိုင္ရာဌာန၊ အဖြဲ႕အစည္းမ်ားအားလုံးႏွင့္ပူေပါင္း၍ စစ္ေတြၿမိဳ႕နယ္၌ ကိုဗစ္ ကူးစက္ျဖစ္ပြားေနမႈကို အျမန္ဆုံးထိန္းခ်ဴပ္ႏိုင္ရန္ႏွင့္ အျခားေဒသမ်ားသို႔ ျပန႔္ပြားျခင္းမရွိေစရန္ အခ်ိန္ႏွင့္တစ္ေျပးညီ အထူးအေလးထားေဆာင္႐ြက္လ်က္ရွိပါေၾကာင္း ျပည္သူမ်ားအား အသိေပးတင္ျပထားသည္။
ျပည္သူမ်ားအေနျဖင့္လည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ၫႊန္ၾကားခ်က္မ်ားႏွင့္ ပန္ၾကားခ်က္မ်ားကို တိက်စြာ မပ်က္မကြက္လိုက္နာေဆာင္႐ြက္ ၾကပါရန္ အထူးလိုအပ္ေၾကာင္းကိုလည္း တိုက္တြန္းထားပါသည္။
ျပည္ေထာင္စုဝန္ႀကီး /က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန
သတင္း/ဓာတ္ပုံ-က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန
Credit to AlinnMyay
Unicode
ရောဂါလက္ခဏာမပြသပဲ ကူးစက်နေသူများရှိနေမည်မှာ သေချာနေကြောင်း သတင်းထုတ်ပြန်
ရခိုင်ပြည်နယ်တွင် ကိုဗစ် ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီကနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်သူများအကြား၌ ရောဂါလက္ခဏာမပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာကြောင်းကိုလည်း ဆက်လက်ဖော်ပြထားသည်။ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း၊
ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့်ပူပေါင်း၍ စစ်တွေမြို့နယ်၌ ကိုဗစ် ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံးထိန်းချူပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွားခြင်းမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြည်သူများအား အသိပေးတင်ပြထားသည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ပန်ကြားချက်များကို တိကျစွာ မပျက်မကွက်လိုက်နာဆောင်ရွက် ကြပါရန် အထူးလိုအပ်ကြောင်းကိုလည်း တိုက်တွန်းထားပါသည်။
ပြည်ထောင်စုဝန်ကြီး /ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
သတင်း/ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Credit to AlinnMyay