ကခ်င္ျပည္နယ္တြင္ Mask ေဈးႏႈန္း သုံးဆခန႔္ျမင့္တက္
ကခ်င္ျပည္နယ္ ျမစ္ႀကီးနား၊ ဖားကန႔္၊ ဟိုပင္၊ မိုးညႇင္း၊ ဗန္းေမာ္ၿမိဳ႕ေတြမွာ ႏွာေခါင္းစည္းေဈးႏႈန္းေတြ သုံးဆခန႔္ ျမင့္တက္လာၿပီး ေဆးဆိုင္ေတြမွာ ပစၥည္းျပတ္လပ္တဲ့အထိ ဝယ္ယူသူမ်ားေနတယ္လို႔ ေဆးဆိုင္ေတြဆီက သိရပါတယ္။
ၾသဂုတ္ ၂၀ ရက္ေန႔ ညေနပိုင္းက သုံးလႊာႏွာေခါင္းစည္း တခုကို ၆၀ က်ပ္ေပးရၿပီး ၂၂ ရက္ေန႔မနက္ပိုင္းမွာေတာ့ တခုကို ၁၅၀ က်ပ္ေက်ာ္အထိ ေဈးျမင့္တက္သြားၿပီး ေနာက္ရက္ေတြမွာ ေဈး ဒီ့ထက္တက္လာႏိုင္တယ္လို႔ အြန္လိုင္းကေန ႏွာေခါင္းစည္းေရာင္းခ်ေနေတဲ့ မအၪၨလီစိုးက ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါစတင္ျဖစ္ပြားခ်ိန္က ႏွာေခါင္းစည္းေဈးႏႈန္းေတြ ျမင့္တက္ခဲ့သလို ရခိုင္ျပည္နယ္အတြင္း ျပည္တြင္း ကိုဗစ္-၁၉ ကူးစက္မႈေတြ ျပန္ေတြ႕ၿပီးတဲ့ေနာက္ အခုလိုေဈးေတြ ျပန္လည္ျမင့္တက္လာတာ ျဖစ္ပါတယ္။
ဆိုင္မွာ ပစၥည္းျပတ္တဲ့အထိ ျဖစ္ေနၿပီး မႏၲေလးကလည္း ဝယ္လို႔မရသလို တ႐ုတ္ဘက္ကလည္း ေလာေလာဆယ္ ဝယ္မရဘူးလို႔ ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ ေဆးဆိုင္ပိုင္ရွင္ ကိုေအာင္ေအာင္က ေျပာပါတယ္။
ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) ကေတာ့ ႏွာေခါင္းစည္းေတြကို ေဈးတင္မေရာင္းခ်ဖို႔ ၾသဂုတ္ ၂၁ ရက္ေန႔က ေမတၱာရပ္ခံစာ တစ္ေစာင္ထုတ္ျပန္ထားပါတယ္။
DVB TV News
Unicode
ကချင်ပြည်နယ်တွင် Mask ဈေးနှုန်း သုံးဆခန့်မြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်မြို့တွေမှာ နှာခေါင်းစည်းဈေးနှုန်းတွေ သုံးဆခန့် မြင့်တက်လာပြီး ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်လပ်တဲ့အထိ ဝယ်ယူသူများနေတယ်လို့ ဆေးဆိုင်တွေဆီက သိရပါတယ်။
သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက သုံးလွှာနှာခေါင်းစည်း တခုကို ၆၀ ကျပ်ပေးရပြီး ၂၂ ရက်နေ့မနက်ပိုင်းမှာတော့ တခုကို ၁၅၀ ကျပ်ကျော်အထိ ဈေးမြင့်တက်သွားပြီး နောက်ရက်တွေမှာ ဈေး ဒီ့ထက်တက်လာနိုင်တယ်လို့ အွန်လိုင်းကနေ နှာခေါင်းစည်းရောင်းချနေတေဲ့ မအဉ္ဇလီစိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်က နှာခေါင်းစည်းဈေးနှုန်းတွေ မြင့်တက်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်တွေ့ပြီးတဲ့နောက် အခုလိုဈေးတွေ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
ဆိုင်မှာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေပြီး မန္တလေးကလည်း ဝယ်လို့မရသလို တရုတ်ဘက်ကလည်း လောလောဆယ် ဝယ်မရဘူးလို့ မြစ်ကြီးနားမြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင် ကိုအောင်အောင်က ပြောပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကတော့ နှာခေါင်းစည်းတွေကို ဈေးတင်မရောင်းချဖို့ သြဂုတ် ၂၁ ရက်နေ့က မေတ္တာရပ်ခံစာ တစ်စောင်ထုတ်ပြန်ထားပါတယ်။
DVB TV News