ၾကားသိရသမွ်

ဒုတိယမြောက် ဘလက်ဘောက်စ်တွေ့ရှိပြီးနောက် ကျန်ရစ်သူမရှိကြောင်း အတည်ပြုလိုက်ပြီဖြစ်တဲ့ လေယာဉ်ပျက်ကျမှုနောက်ဆက်တွဲသတင်း

ဒုတိယမြောက် ဘလက်ဘောက်စ်တွေ့ရှိပြီးနောက် ကျန်ရစ်သူမရှိကြောင်း အတည်ပြုလိုက်ပြီဖြစ်တဲ့ လေယာဉ်ပျက်ကျမှုနောက်ဆက်တွဲသတင်း

တရုတ်လေယာဉ်ပျက်ရဲ့ ဒုတိယမြောက် ဘလက်ဘောက်စ် တွေ့ရှိ လေယာဉ်ပေါ်လိုက်ပါခဲ့သူအားလုံး သေဆုံးခဲ့ပြီဟု အတည်ပြု

လေယာဉ်ပေါ် လိုက်ပါသွားခဲ့တဲ့ ၁၃၂ ဦးစလုံး သေဆုံးခဲ့ကြောင်း အတည်ပြုလိုက်ပြီဖြစ်တဲ့ Chian Eastern လေကြောင်းလိုင်း

ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်စဉ်မှာ ဒုတိယမြောက် ဘလက်ဘောက်စ်ကို ပြန်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့

နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့(မတ် ၂၇) မှာ သတင်းထုတ်ပြန်ပါတယ်။“ China Eastern လေကြောင်းလိုင်း လေယာဉ်

အမှတ်စဉ် MU5735 ရဲ့ ဒုတိယမြောက် ဘလက်ဘောက်စ်ကို မတ်လ ၂၇ ရက်မှာ ပြန်ရှာတွေ့ခဲ့ပါပြီ” လို့

ဆင်ဟွာသတင်းအေဂျင်စီက ကြေညာသွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်တွေမှာ နောက်ဘက်ခရီးသည်ခန်းမှာ တပ်ဆင်ထားတဲ့ လေယာဉ်ပျံသန်းမှုအချက်အလက် မှတ်တမ်းတင်စက်နဲ့

လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်စက်ဆိုပြီး လေကြောင်းပျံသန်းမှု မှတ်တမ်းတင်စက် (ဘလက်ဘောက်စ်) နှစ်လုံးတပ်ဆင်ထားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်စက်ကို တွေ့ခဲ့အပြီးမှာ

ပျံသန်းမှုအချက်အလက် မှတ်တမ်းတင်စက်ကို ဆက်လက်ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

အချက်အလက် ခွဲခြမ်းစိတ်ဖြာဖို့ရာအတွက် ယင်း စက်တွေကို ပေကျင်းသို့ ပို့ဆောင်ပေးခဲ့ပြီး ရက်အတော်ကြာအချိန်ယူရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒုတိယမြောက် ဘလက်ဘောက်စ်ဟာ လေယာဉ်ရဲ့ အမြန်နှုန်း၊ အမြင့်နဲ့ ဦးတည်ရာအရပ်တို့လို အချက်အလက်တွေ ပါဝင်မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

လေယာဉ် ကောင်းကင်ကနေ ပြုတ်ကျပြီး တရုတ်တောင်ပိုင်းရှိ တောထူထပ်ရာ တောင်တန်းပေါ် ပျက်ကျသွားခဲ့ရတဲ့ အကြောင်းရင်းကို

စိစစ်ဆုံးဖြတ်ရာမှာ ဘလက်ဘောက်စ်တွေက စုံစမ်းစစ်ဆေးသူတွေအတွက် အထောက်အကူရစေမှာဖြစ်ပါတယ်။

Credit – CNA

zawgyi,

ဒုတိယေျမာက္ ဘလက္ေဘာက္စ္ေတြ႕ရွိၿပီးေနာက္ က်န္ရစ္သူမရွိေၾကာင္း အတည္ျပဳလိုက္ၿပီျဖစ္တဲ့ ေလယာဥ္ပ်က္က်မႈေနာက္ဆက္တြဲသတင္း

တ႐ုတ္ေလယာဥ္ပ်က္ရဲ႕ ဒုတိယေျမာက္ ဘလက္ေဘာက္စ္ ေတြ႕ရွိ ေလယာဥ္ေပၚလိုက္ပါခဲ့သူအားလုံး ေသဆုံးခဲ့ၿပီဟု အတည္ျပဳ

ေလယာဥ္ေပၚ လိုက္ပါသြားခဲ့တဲ့ ၁၃၂ ဦးစလုံး ေသဆုံးခဲ့ေၾကာင္း အတည္ျပဳလိုက္ၿပီျဖစ္တဲ့ Chian Eastern ေလေၾကာင္းလိုင္း

ဘိုးရင္း ၇၃၇-၈၀၀ ေလယာဥ္တစ္စင္း ပ်က္က်မႈျဖစ္စဥ္မွာ ဒုတိယေျမာက္ ဘလက္ေဘာက္စ္ကို ျပန္ရွာေတြ႕ခဲ့ၿပီျဖစ္တယ္လို႔

ႏိုင္ငံပိုင္ မီဒီယာက တနဂၤေႏြေန႔(မတ္ ၂၇) မွာ သတင္းထုတ္ျပန္ပါတယ္။“ China Eastern ေလေၾကာင္းလိုင္း ေလယာဥ္

အမွတ္စဥ္ MU5735 ရဲ႕ ဒုတိယေျမာက္ ဘလက္ေဘာက္စ္ကို မတ္လ ၂၇ ရက္မွာ ျပန္ရွာေတြ႕ခဲ့ပါၿပီ” လို႔

ဆင္ဟြာသတင္းေအဂ်င္စီက ေၾကညာသြားခဲ့တာျဖစ္ပါတယ္။

ေလယာဥ္ေတြမွာ ေနာက္ဘက္ခရီးသည္ခန္းမွာ တပ္ဆင္ထားတဲ့ ေလယာဥ္ပ်ံသန္းမႈအခ်က္အလက္ မွတ္တမ္းတင္စက္နဲ႔

ေလယာဥ္မႉးခန္း အသံမွတ္တမ္းတင္စက္ဆိုၿပီး ေလေၾကာင္းပ်ံသန္းမႈ မွတ္တမ္းတင္စက္ (ဘလက္ေဘာက္စ္) ႏွစ္လုံးတပ္ဆင္ထားေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေလယာဥ္မႉးခန္း အသံမွတ္တမ္းတင္စက္ကို ေတြ႕ခဲ့အၿပီးမွာ

ပ်ံသန္းမႈအခ်က္အလက္ မွတ္တမ္းတင္စက္ကို ဆက္လက္ရွာေဖြခဲ့ၾကတာျဖစ္ပါတယ္။

အခ်က္အလက္ ခြဲျခမ္းစိတ္ျဖာဖို႔ရာအတြက္ ယင္း စက္ေတြကို ေပက်င္းသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ရက္အေတာ္ၾကာအခ်ိန္ယူရလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒုတိယေျမာက္ ဘလက္ေဘာက္စ္ဟာ ေလယာဥ္ရဲ႕ အျမန္ႏႈန္း၊ အျမင့္နဲ႔ ဦးတည္ရာအရပ္တို႔လို အခ်က္အလက္ေတြ ပါဝင္မွတ္တမ္းတင္ထားတာျဖစ္ပါတယ္။

ေလယာဥ္ ေကာင္းကင္ကေန ျပဳတ္က်ၿပီး တ႐ုတ္ေတာင္ပိုင္းရွိ ေတာထူထပ္ရာ ေတာင္တန္းေပၚ ပ်က္က်သြားခဲ့ရတဲ့ အေၾကာင္းရင္းကို

စိစစ္ဆုံးျဖတ္ရာမွာ ဘလက္ေဘာက္စ္ေတြက စုံစမ္းစစ္ေဆးသူေတြအတြက္ အေထာက္အကူရေစမွာျဖစ္ပါတယ္။

Credit – CNA