ကားတာယာရဲ့ သက်တမ်းကို ဘယ်လို သိနိုင်မလဲ…တာယာရဲ့ ဘေးဘက်နံံရံ ( Sidewall) ကို နာရီလက်တံ အတိုင်း ရှာကြည့်လိုက်ရင် DOT (Department Of Transportation)ဆိုတဲ့ စာတန်းလေး ကို တွေ့နိုင် ပါတယ်။
DOT ဆိုတဲ့ စာတန်းလေးရဲ့ ညာဘက် အတိုင်း ဆက်ဖတ်ကြည့်လိုက်ရင် စာလုံးလေးတွေ၊ ကိန်းဂဏန်းလေးတွေ စီတန်းပြီး ရေးထားတာကို ထပ်ပြီး တွေ့ရမှာပါ။
ဒီ စာတန်းလေးတွေထဲမှာ ဂဏန်းလေးလုံးကို ဘောင်ခတ် ထားတဲ့ အမှတ်အသားလေး တစ်ခု ရှိပါ တယ်။
အဲ့ အမှတ်အသားလေး ကတော့ ကားတာယာကို ထုတ်လုပ်ထားတဲ့ “ရက်သတ္တပတ်နဲ့ ခုနှစ်” ကို ဖော်ညွှန်း ထားတာပဲ ဖြစ်ပါတယ်။
ဂဏန်းလေးခု ထဲက ပထမ နှစ်ခုက တာယာကို ထုတ်လုပ်ထားတဲ့ ရက်သတ္တပတ် ကို ရည်ညွှန်းပြီး နောက်ကိန်းဂဏန်း နှစ်လုံး ကတော့ တာယာ ထုတ်ထားတဲ့ ခုနှစ်ကို ဖော်ပြနေပါတယ်။
ဥပမာ။ ။ လူကြီးမင်းတို့ ကားတာယာမှာ ရှာတွေ့တဲ့ ဂဏန်းလေးလုံးက “ 2118” ဖြစ်တယ်ဆိုရင် … “21” သည် တာယာကို ထုတ်လုပ် ထားတဲ့ ရက်သတ္တပတ်ဖြစ်ပြီး “18” သည် တာယာကို ထုတ်လုပ်ထားတဲ့ ခုနှစ် ဖြစ်ပါတယ်။
နောက်က “18” သည် 2018 ခုနှစ်မှာ အဆိုပါ တာယာကို ထုတ်ထားတယ်လို့ ရည်ညွှန်းပြီး
ရှေ့ဂဏန်း နှစ်လုံးဖြစ်တဲ့ “21” ကတော့ 2018 ခုနှစ်ရဲ့ ၂၁ ပတ်မြောက်မှာ ထုတ်ထားတယ်လို့ ဆိုလိုပါ တယ်။
ထုတ်လုပ်တဲ့လကို သိချင်ရင်တော့ တစ်လမှာ ၄ ပတ်ရှိတဲ့ အတွက် အဲ့ ၂၁ ပတ်ကို ၄ နဲ့ စားလိုက်ရင် စားလဒ်အနေဲ့ ၅ ရပြီး ၁ ကြွင်းတဲ့အတွက် ၅ လပိုင်းကျော်မှာ
ထုတ်ထားတယ်လို့ အဓိပ္ပါယ်ထွက်ပြီး အဆိုပါ တာယာကို ဇွန်လမှာ ထုတ်ထားတယ်လို့ ဆိုလိုပါတယ် ခင်ဗျာ ..။
အဲ့ဒါကြောင့် တာယာမှ ာပါတဲ့ “2118” ဆိုတဲ့ ညွှန်းကိန်း အရ အဆိုပါ တာယာကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ထုတ်ထားတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
ခုပုံမှာ ပြထားတာက “1612” ဆိုတော့ အဆိုပါ တာယာကို ဘယ်နှစ်ခုနှစ် ၊ဘယ်လ မှာ ထုတ်ထားတယ်ဆိုတာ comment မှာ ဖြေကြည့်ပေး ပါအုံးခင်ဗျာ။
လူကြီးမင်း တို့ ကားတာယာ သက်တမ်းကို အလွယ်တကူ တွက်ကြည့်ပြီး သက်တမ်းလွန်နေပါက လဲလှယ်ဖို့ သတိထားနိုင်ကြပါစေဗျာ ..။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
Zawgyi
ကားတာယာရဲ႕ သက္တမ္းကို ဘယ္လို သိႏိုင္မလဲ…တာယာရဲ႕ ေဘးဘက္နံံရံ ( Sidewall) ကို နာရီလက္တံ အတိုင္း ရွာၾကည့္လိုက္ရင္ DOT (Department Of Transportation)ဆိုတဲ့ စာတန္းေလး ကို ေတြ႕ႏိုင္ ပါတယ္။
DOT ဆိုတဲ့ စာတန္းေလးရဲ႕ ညာဘက္ အတိုင္း ဆက္ဖတ္ၾကည့္လိုက္ရင္ စာလုံးေလးေတြ၊ ကိန္းဂဏန္းေလးေတြ စီတန္းၿပီး ေရးထားတာကို ထပ္ၿပီး ေတြ႕ရမွာပါ။
ဒီ စာတန္းေလးေတြထဲမွာ ဂဏန္းေလးလုံးကို ေဘာင္ခတ္ ထားတဲ့ အမွတ္အသားေလး တစ္ခု ရွိပါ တယ္။
အဲ့ အမွတ္အသားေလး ကေတာ့ ကားတာယာကို ထုတ္လုပ္ထားတဲ့ “ရက္သတၱပတ္နဲ႔ ခုႏွစ္” ကို ေဖာ္ၫႊန္း ထားတာပဲ ျဖစ္ပါတယ္။
ဂဏန္းေလးခု ထဲက ပထမ ႏွစ္ခုက တာယာကို ထုတ္လုပ္ထားတဲ့ ရက္သတၱပတ္ ကို ရည္ၫႊန္းၿပီး ေနာက္ကိန္းဂဏန္း ႏွစ္လုံး ကေတာ့ တာယာ ထုတ္ထားတဲ့ ခုႏွစ္ကို ေဖာ္ျပေနပါတယ္။
ဥပမာ။ ။ လူႀကီးမင္းတို႔ ကားတာယာမွာ ရွာေတြ႕တဲ့ ဂဏန္းေလးလုံးက “ 2118” ျဖစ္တယ္ဆိုရင္ … “21” သည္ တာယာကို ထုတ္လုပ္ ထားတဲ့ ရက္သတၱပတ္ျဖစ္ၿပီး “18” သည္ တာယာကို ထုတ္လုပ္ထားတဲ့ ခုႏွစ္ ျဖစ္ပါတယ္။
ေနာက္က “18” သည္ 2018 ခုႏွစ္မွာ အဆိုပါ တာယာကို ထုတ္ထားတယ္လို႔ ရည္ၫႊန္းၿပီး
ေရွ႕ဂဏန္း ႏွစ္လုံးျဖစ္တဲ့ “21” ကေတာ့ 2018 ခုႏွစ္ရဲ႕ ၂၁ ပတ္ေျမာက္မွာ ထုတ္ထားတယ္လို႔ ဆိုလိုပါ တယ္။
ထုတ္လုပ္တဲ့လကို သိခ်င္ရင္ေတာ့ တစ္လမွာ ၄ ပတ္ရွိတဲ့ အတြက္ အဲ့ ၂၁ ပတ္ကို ၄ နဲ႔ စားလိုက္ရင္ စားလဒ္အေနဲ႔ ၅ ရၿပီး ၁ ႂကြင္းတဲ့အတြက္ ၅ လပိုင္းေက်ာ္မွာ
ထုတ္ထားတယ္လို႔ အဓိပၸါယ္ထြက္ၿပီး အဆိုပါ တာယာကို ဇြန္လမွာ ထုတ္ထားတယ္လို႔ ဆိုလိုပါတယ္ ခင္ဗ်ာ ..။
အဲ့ဒါေၾကာင့္ တာယာမွ ာပါတဲ့ “2118” ဆိုတဲ့ ၫႊန္းကိန္း အရ အဆိုပါ တာယာကို ၂၀၁၈ ခုႏွစ္ ဇြန္လမွာ ထုတ္ထားတယ္လို႔ မွတ္ယူရမွာ ျဖစ္ပါတယ္။
ခုပုံမွာ ျပထားတာက “1612” ဆိုေတာ့ အဆိုပါ တာယာကို ဘယ္ႏွစ္ခုႏွစ္ ၊ဘယ္လ မွာ ထုတ္ထားတယ္ဆိုတာ comment မွာ ေျဖၾကည့္ေပး ပါအုံးခင္ဗ်ာ။
လူႀကီးမင္း တို႔ ကားတာယာ သက္တမ္းကို အလြယ္တကူ တြက္ၾကည့္ၿပီး သက္တမ္းလြန္ေနပါက လဲလွယ္ဖို႔ သတိထားႏိုင္ၾကပါေစဗ်ာ ..။
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္မ်ွေ၀ျခင္းျဖစ္ပါသည္။