အသိပညာ
ဖြတ်သန်းရတဲ့ ဘဝချင်းမတူတော့ တချို့တွေက ကိုယ်ချင်းမစာတတ်ဘူး
ဒုက္ခတွေနဲ့ မကြုံဘူးကြလို့ပူလောင်မှုဆိုတာကိုလည်းမခံစားတတ်ကြဘူး
လောကဓံရဲ့ ရိုက်နှက်မှု မခံဖူးတော့ခက်ခဲသူတွေရဲ့ ဘဝကိုနားမလည်ကြဘူး
ငွေရှိတဲ့သူတွေက ငွေမရှိသူတွေရဲ့ခံစားချက်ကို အရေးမစိုက်တတ်ကြဘူး
ဂုဏ်ရှိသူက ဂုဏ်မဲ့သူတွေကိုအထင်အမြင်သေးကြတယ်
လူတွေတော့ လူတွေပါပဲပညာ၊ ဂုဏ်၊ စည်းစိမ်တွေကြောင့်အဆင့်အတန်းခွဲခြားခံကြရတယ်
ချမ်းသာသူတွေကသာသီလရှိတယ် ထင်ကြတယ်စိတ်ကောင်းရှိတယ် ထင်ကြတယ်ဒါ‌တွေဟာ ပုံပန်းသွင်ပြင်ကိုအကဲဖြတ်ပြီး အဆင့်အတန်းခွဲခြားကြတာပါ
ပုံပန်းသွင်ပြင်ကို ကြည့်ပြီးလူတစ်ယောက်ရဲ့ ဖြစ်တည်မှုစိတ်နေစိတ်ထားကို လက်လွတ်စပယ်တန်ဖိုးမဖြတ်မိပါစေနဲ့
လူတစ်ယောက်စီတိုင်းဟာချမ်းသာသည် ဖြစ်စေဆင်းရဲသည်ဖြစ်စေ တစ်ဦးနဲ့တစ်ဦးစိတ်ဓာတ်ချင်း မတူနိုင်ပါဘူး
ပြီးတော့ ဖြတ်သန်းရတဲ့ဘဝချင်းမတူတော့ခံစားမှုချင်းလည်း မတူနိုင်ပါဘူး
အသက်ရှိစဉ် အချိန်အတွင်းတော့အချင်းချင်းလေးစားမှုရှိကြပါတစ်ဦးနဲ့တစ်ဦး ရိုသေကြပါ၊စိတ်ကောင်းမွေးကြပါအထက်တန်းဆန်တဲ့စိတ်ဓာတ်ရှိအောင် ကြိုးစားကြပါ…။ ။
( Credit )
Zawgyi
ဖြတ်သန်းရတဲ့ ဘဝချင်းမတူတော့တချို့တွေက ကိုယ်ချင်းမစာတတ်ဘူး
( Credit )