ဗုဒ္ဓဘာသာဝင်အများစု အလှူအတန်းပြုလုပ်ရာမှာ လွဲမှားနေသည့် အယူအဆများ
လူအများစုဟာ စီးပွားရေးကိုတော့ ဘုရားမေ့၊ တရားမေ့နဲ့ ရှာနေကြတယ်။ ပြီးတော့မှ တစ်နှစ်တစ်ခါလောက်ကို ငွေများများ အကုန်အကျခံကာ အလှူကြီး၊ အတန်းကြီး ပေးတယ်ဆိုပြီ လှူကြတော့တာပဲ။
ဂုဏ်ပကာသနတွေ ခြံရံလို့၊ ပြုံးလို့၊ ပျော်လို့ ပြီးတော့ ငါ့အလှူက ဘာပါတယ်၊ ညာပါတယ်၊ ဘယ်လောက်ကုန်တယ် ဆိုပြီးတော့တောင် ကြွားဝါ လိုက်သေးတယ်။
တောအရပ်ဒေသက အလှူများဆို -တစ်နှစ်လုံး ပင်ပင်ပန်းပန်းရှာ၊ သားသမီးတွေ အလှူလုပ်၊ ဝက်သားအချိန်ဘယ်လောက် ဆိုပြီး မလှူခင်ကတည်း ကြိုဝယ် ထားပြီးတော့ ဘုရားကျောင်းဝင်းထဲမှာ
ဇာတ်ပွဲတို့၊ ဆိုင်းဝိုင်းတို့ ထည့်၊ လူတွေက ဘုရားပရဝဏ်ထဲတွင် ချီးပါ၊ သေးပါ၊ အလှူပြီးတော့ သံဃာ တော်တွေက ရှင်းရတယ်။ ဒါက မြို့အရပ်နေတဲ့ အသိဉာဏ်နည်းပါးတဲ့ လူတွေနဲ့
တောအရပ်နေတဲ့ အသိဉာဏ်နည်းပါးတဲ့ လူတွေရဲ့ လှူလို့ရတာက နည်းနည်း၊ အကုသိုလ်က များများ ရစေတဲ့ အလှူတွေပါ။ အလှူကလည်း တစ်နှစ်မှာ တစ်ခါလောက်ပဲ လုပ်ဖြစ်တယ်။
ရလာတော့လည်း အကုသိုလ်က များတယ်။ တကယ်တော့ ကုသိုလ်ရဖို့ ဆိုတာ အဲဒီလို ငွေကုန်ခံပြီးမှ ရတာမျိုးမဟုတ်ပါဘူး။
ငွေကုန်ခံမှ ကုသိုလ်ရမယ်ဆို လူတန်းစား ခွဲခြားသလို ဖြစ်ပြီး ဆင်းရဲသားတွေက အားငယ် နေမှာပေါ့။ အဲဒီလို မဟုတ်ပါဘူး။ ကုသိုလ် ဆိုတာ ယူတတ်ဖို့ပဲ လိုတာပါ။
အကျိုးပေးကလည်း ငွေအနည်းအများပေါ် မူတည်တာ မဟုတ်ပါဘူး။ သဒ္ဓါ အနည်း၊ အများပေါ် မူတည်တာပါ။ယူတတ်မယ် ဆိုရင် -နံနက် မိုးလင်းနိုးတဲ့အချိန်က စလို့
ကိုယ်လက်သန့်စင်ပြီးရင် ဘုရားရှင် ဝေယျာဝစ္စ မျက်နှာသစ်တော်ရေကပ်၊ သောက် တော်ရေကပ်၊ အမွေးနံ့သာကပ်၊ အရုဏ်ဆွမ်းကပ်၊ သီလယူ၊ ရွတ်ဖတ်သရဇ္ဈယ်၊ ဘာဝနာပွား။ ( ဒါက နံက်စောစော ကုသိုလ်ယူပုံ။ )
နံနက် မိုးလင်းတာနဲ့ ဘုရားရှင်ကို နေ့ဆွမ်းကပ်ဖို့နဲ့ သံဃာတော်တွေကို နေ့ဆွမ်းလောင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဈေးသွား(အဲဒီလို နှလုံးသွင်းပြီး၊ ဈေးဝယ် ချက်ပြုတ်ရင် ကုသိုလ်အများကြီး ရနိုင်ပါတယ်။)
ချက်ပြုတ်၊ ဆွမ်းလောင်း၊ ဘုရားရှင်ကို နေ့ဆွမ်းကပ်၊ မိမိ လုပ်နိုင်တဲ့ ပရိတ်ပဋ္ဌာန်းနဲ့ ဆွမ်း ကပ်နေတုန်း ဘုရားရှင်ကို ပူဇော်။ ( ဒါက နေ့ဆွမ်းကုသိုလ် ယူပုံ။ )
နေ့ခင်းဘက် ပူတဲ့အ ခါ – ငါတောင် ရေခဏခဏ သောက်တာ။ ဘုရားရှင်လည်း ရေဆာမှာပဲ ဆိုတဲ့ အယူအဆလေးနဲ့ ကိုယ်ရေသောက်တိုင်း ဘုရားရှင်ကို ပါကပ်။ ဒါက ကြံဖန်ယူရတဲ့ ကုသိုလ်။
ညနေခင်း ကျရင် – ငါတို့က ညနေစာ စားရတယ်။ ဘုရားရှင်နဲ့ သံဃာတော်တွေက မစားရဘူး။ ညနေ ဖျော်ရည်တစ် ခုခုကို ကြံဖန်ပြီးကပ်(သံပရာသီးတစ်ရာဖိုးဆိုလျှင် အလုပ်ဖြစ်သည်။ )
ငွေကုန်မှ မဟုတ်ပါ။ မိုး ချုပ်တာနဲ့ ကိုယ်တောင် မီးလင်းမှ နေတက်တာ။ ဘုရားရှင်ကိုလည်း မီးပူဇော်မှ သင့်တော်မယ်လို့ နှလုံးသွင်းပြီး
မီးပူဇော်၊ အမွေးနံ့သာ ပူဇော်၊ သောက်တော်ရေ ကပ်၊ ရွတ်ဖတ် သရဇ္ဈယ်၊ ဘာ ဝနာပွား ပြီးရင် တရားအမှတ်ကလေးနဲ့ အိပ်။
မှတ်ချက် ။ ။ ဘုရားရှင်ဟာ အိပ်ယာဝင်တိုင်း ခြေဆေးသည့်အတွက် ညအိပ်ယာဝင်ခါနီးလျှင် ခြေဆေးတော်ရေပါ ကပ်နိုင်သည်။
တစ်နေ့လျင် သောက်တော်ရေ အခါတစ်ရာကပ်လျှင် ကုသိုလ် အခါတစ်ရာ ရသည်။
ကဲ – ပိုက်ဆံ ဘယ် လောက် ကုန်သလဲ။ဘာ အကုသိုလ် ပါသလဲ။ တကယ်တော့ -ကုသိုလ်ဆိုတာ ယူတတ်ဖို့သာ အဓိကပါ။
Credit – ဦးမြင့်ခိုင်
Zawgyi
ဗုဒၶဘာသာဝင္အမ်ားစု အလႉအတန္းျပဳလုပ္ရာမွာ လြဲမွားေနသည့္ အယူအဆမ်ား
လူအမ်ားစုဟာ စီးပြားေရးကိုေတာ့ ဘုရားေမ့၊ တရားေမ့နဲ႔ ရွာေနၾကတယ္။ ၿပီးေတာ့မွ တစ္ႏွစ္တစ္ခါေလာက္ကို ေငြမ်ားမ်ား အကုန္အက်ခံကာ အလႉႀကီး၊ အတန္းႀကီး ေပးတယ္ဆိုၿပီ လႉၾကေတာ့တာပဲ။
ဂုဏ္ပကာသနေတြ ၿခံရံလို႔၊ ၿပဳံးလို႔၊ ေပ်ာ္လို႔ ၿပီးေတာ့ ငါ့အလႉက ဘာပါတယ္၊ ညာပါတယ္၊ ဘယ္ေလာက္ကုန္တယ္ ဆိုၿပီးေတာ့ေတာင္ ႂကြားဝါ လိုက္ေသးတယ္။
ေတာအရပ္ေဒသက အလႉမ်ားဆို -တစ္ႏွစ္လုံး ပင္ပင္ပန္းပန္းရွာ၊ သားသမီးေတြ အလႉလုပ္၊ ဝက္သားအခ်ိန္ဘယ္ေလာက္ ဆိုၿပီး မလႉခင္ကတည္း ႀကိဳဝယ္ ထားၿပီးေတာ့ ဘုရားေက်ာင္းဝင္းထဲမွာ
ဇာတ္ပြဲတို႔၊ ဆိုင္းဝိုင္းတို႔ ထည့္၊ လူေတြက ဘုရားပရဝဏ္ထဲတြင္ ခ်ီးပါ၊ ေသးပါ၊ အလႉၿပီးေတာ့ သံဃာ ေတာ္ေတြက ရွင္းရတယ္။ ဒါက ၿမိဳ႕အရပ္ေနတဲ့ အသိဥာဏ္နည္းပါးတဲ့ လူေတြနဲ႔
ေတာအရပ္ေနတဲ့ အသိဥာဏ္နည္းပါးတဲ့ လူေတြရဲ႕ လႉလို႔ရတာက နည္းနည္း၊ အကုသိုလ္က မ်ားမ်ား ရေစတဲ့ အလႉေတြပါ။ အလႉကလည္း တစ္ႏွစ္မွာ တစ္ခါေလာက္ပဲ လုပ္ျဖစ္တယ္။
ရလာေတာ့လည္း အကုသိုလ္က မ်ားတယ္။ တကယ္ေတာ့ ကုသိုလ္ရဖို႔ ဆိုတာ အဲဒီလို ေငြကုန္ခံၿပီးမွ ရတာမ်ိဳးမဟုတ္ပါဘူး။
ေငြကုန္ခံမွ ကုသိုလ္ရမယ္ဆို လူတန္းစား ခြဲျခားသလို ျဖစ္ၿပီး ဆင္းရဲသားေတြက အားငယ္ ေနမွာေပါ့။ အဲဒီလို မဟုတ္ပါဘူး။ ကုသိုလ္ ဆိုတာ ယူတတ္ဖို႔ပဲ လိုတာပါ။
အက်ိဳးေပးကလည္း ေငြအနည္းအမ်ားေပၚ မူတည္တာ မဟုတ္ပါဘူး။ သဒၶါ အနည္း၊ အမ်ားေပၚ မူတည္တာပါ။ယူတတ္မယ္ ဆိုရင္ -နံနက္ မိုးလင္းႏိုးတဲ့အခ်ိန္က စလို႔
ကိုယ္လက္သန႔္စင္ၿပီးရင္ ဘုရားရွင္ ေဝယ်ာဝစၥ မ်က္ႏွာသစ္ေတာ္ေရကပ္၊ ေသာက္ ေတာ္ေရကပ္၊ အေမြးနံ႔သာကပ္၊ အ႐ုဏ္ဆြမ္းကပ္၊ သီလယူ၊ ႐ြတ္ဖတ္သရဇၩယ္၊ ဘာဝနာပြား။ ( ဒါက နံက္ေစာေစာ ကုသိုလ္ယူပုံ။ )
နံနက္ မိုးလင္းတာနဲ႔ ဘုရားရွင္ကို ေန႔ဆြမ္းကပ္ဖို႔နဲ႔ သံဃာေတာ္ေတြကို ေန႔ဆြမ္းေလာင္းဖို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ေစ်းသြား(အဲဒီလို ႏွလုံးသြင္းၿပီး၊ ေစ်းဝယ္ ခ်က္ျပဳတ္ရင္ ကုသိုလ္အမ်ားႀကီး ရႏိုင္ပါတယ္။)
ခ်က္ျပဳတ္၊ ဆြမ္းေလာင္း၊ ဘုရားရွင္ကို ေန႔ဆြမ္းကပ္၊ မိမိ လုပ္ႏိုင္တဲ့ ပရိတ္ပ႒ာန္းနဲ႔ ဆြမ္း ကပ္ေနတုန္း ဘုရားရွင္ကို ပူေဇာ္။ ( ဒါက ေန႔ဆြမ္းကုသိုလ္ ယူပုံ။ )
ေန႔ခင္းဘက္ ပူတဲ့အ ခါ – ငါေတာင္ ေရခဏခဏ ေသာက္တာ။ ဘုရားရွင္လည္း ေရဆာမွာပဲ ဆိုတဲ့ အယူအဆေလးနဲ႔ ကိုယ္ေရေသာက္တိုင္း ဘုရားရွင္ကို ပါကပ္။ ဒါက ႀကံဖန္ယူရတဲ့ ကုသိုလ္။
ညေနခင္း က်ရင္ – ငါတို႔က ညေနစာ စားရတယ္။ ဘုရားရွင္နဲ႔ သံဃာေတာ္ေတြက မစားရဘူး။ ညေန ေဖ်ာ္ရည္တစ္ ခုခုကို ႀကံဖန္ၿပီးကပ္(သံပရာသီးတစ္ရာဖိုးဆိုလွ်င္ အလုပ္ျဖစ္သည္။ )
ေငြကုန္မွ မဟုတ္ပါ။ မိုး ခ်ဳပ္တာနဲ႔ ကိုယ္ေတာင္ မီးလင္းမွ ေနတက္တာ။ ဘုရားရွင္ကိုလည္း မီးပူေဇာ္မွ သင့္ေတာ္မယ္လို႔ ႏွလုံးသြင္းၿပီး
မီးပူေဇာ္၊ အေမြးနံ႔သာ ပူေဇာ္၊ ေသာက္ေတာ္ေရ ကပ္၊ ႐ြတ္ဖတ္ သရဇၩယ္၊ ဘာ ဝနာပြား ၿပီးရင္ တရားအမွတ္ကေလးနဲ႔ အိပ္။
မွတ္ခ်က္ ။ ။ ဘုရားရွင္ဟာ အိပ္ယာဝင္တိုင္း ေျခေဆးသည့္အတြက္ ညအိပ္ယာဝင္ခါနီးလွ်င္ ေျခေဆးေတာ္ေရပါ ကပ္ႏိုင္သည္။
တစ္ေန႔လ်င္ ေသာက္ေတာ္ေရ အခါတစ္ရာကပ္လွ်င္ ကုသိုလ္ အခါတစ္ရာ ရသည္။
ကဲ – ပိုက္ဆံ ဘယ္ ေလာက္ ကုန္သလဲ။ဘာ အကုသိုလ္ ပါသလဲ။ တကယ္ေတာ့ -ကုသိုလ္ဆိုတာ ယူတတ္ဖို႔သာ အဓိကပါ။
Credit – ဦးျမင့္ခိုင္