ဗဟုသုတ

ခဏခဏ ပိုက္ဆံျပတ္ေနတာကို ဘယ္လိုေျဖရွင္းၾကမလဲ…?

ခဏခဏ ပိုက်ဆံပြတ်နေတာကို ဘယ်လိုဖြေရှင်းကြမလဲ

ဘယ်လောက် လစာကောင်းတဲ့ အလုပ်ပဲ ရှိနေ ပါစေ။ မုန့်ဖိုးကောင်းကောင်း ပေးမယ့် ဆွေမျိုးမိဘတွေ ဘယ်လောက်ပဲ ရှိနေပါစေ။ ဘိုင်ကတော့ အမြဲလိုလို ပြတ်နေတတ်ကြပါတယ်။

ယနေ့ခေတ် လူငယ်တွေ ကြားမှာ ပြဿနာ တက်နေတဲ့ အကြောင်းအရာ တစ်ခုကတော့ မကြာခဏ ပိုက်ဆံပြတ် တတ်ခြင်း ပါပဲ။ ဘယ်လောက် လစာကောင်းတဲ့ အလုပ်ပဲ ရှိနေ ပါစေ။

မုန့်ဖိုးကောင်းကောင်း ပေးမယ့် ဆွေမျိုး မိဘတွေ ဘယ်လောက် ပဲရှိနေ ပါစေ။ ဘိုင် ကတော့ အမြဲလိုလိုပြတ်နေတတ်ကြ ပါတယ်။ အဲဒါ ဘာလို့လဲ ဆိုတော့ ဝင်ငွေနဲ့ထွက်ငွေ မမျှအောင် ဈေးဝယ်မိတတ်ကြလို့ပါပဲ။

ဈေးဝယ် စင်တာတွေ ထဲမှာ လျှောက် သွားရင်းပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်းဖြစ်ဖြစ် လိုချင်စိတ်ပေါ် လာတိုင်း သွားဝယ်နေ မိတော့ ဘိုင်ပြတ် တတ်ကြ ပါတယ်။

အဲဒီလို ပိုက်ဆံခဏခဏ ပြတ်နေတတ်ခြင်းကို ထိန်းချုပ် နိုင်ဖို့ အောက်ပါ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။

၁။ ရက် (၃၀) စာရင်းလုပ်ပါ

ဒါကတော့ စိတ်နိုင်ဖို့အတွက် အလေ့အကျင့် လုပ်ပေးခြင်း တစ်မျိုးပါ။ ရက် (၃၀) မပြည့်မချင်း ဘာပစ္စည်းမှမဝယ်ဘူးဆိုပြီး ကိုယ့်စိတ်ကိုယ် ထိန်းချုပ် ထားရတဲ့ ကစားနည်း တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။

တစ်ခုခုကို လိုချင်စိတ် အရမ်းပြင်းပြလာပြီ ဆိုရင်လည်း စာအုပ် တစ်အုပ်ထဲမှာ ချမှတ် ထားပြီး သတ်မှတ်ရက်ပြည့် မှသာ ဝယ်သင့် ပါတယ်။

ဒီအလေ့အကျင့်လေးကို သင့်ကို ပိုမိုကောင်းမွန် တဲ့ စိတ်ထိန်းချုပ်နိုင်စွမ်းကို ရရှိစေနို င်ပါ တယ်။

၂။ ရှော့ပင်းမောလ်တွေကို တတ်နိုင်သမျှရှောင်ပါ

တစ်ခါတလေမှာ ဈေးဝယ်ထွက် ရတာ စိတ်ကိုပေါ့ပါးစေတယ် ဆိုပေမယ့် ရှော့ပင်းမောလ်တွေမှာ ပြထားတဲ့ ကြော်ငြာတွေ၊ ပစ္စည်းတွေက မိမိရဲ့လိုချင်စိတ်ကို ပိုများ သည်ထက် များလာအောင် ဆွဲဆောင်ပါလိမ့်မယ်။

မမြင်ရရင် ဝယ်ချင် စိတ်လည်း ဖြစ်လာမှာ မဟုတ်ဘူး ဆိုတော့ ဈေးဝယ်စင်တာ (ရှော့ပင်းမောလ်) တွေကို တတ်နိုင်သမျှ ရှောင်ရှားပါ။

အနည်းဆုံး ရှော့ပင်းမောလ်တွေကို (၇) ရက် ဆက်တိုက်လောက် မသွားဘဲနေနိုင်အောင် ရှောင်ရှားပါ။

၃။ အွန်လိုင်းရှော့ပင်းလ်လည်း မလုပ်ပါနဲ့

အခုလို အွန်လိုင်းပေါ်က ပဲဈေးဝယ်၊ အွန်လိုင်းပေါ်က ပဲငွေရှင်းလို့ ရနေတဲ့ ခေတ်ကြီးထဲမှာ ရှော့ပင်းမောလ်တွေကို ဘယ်လောက်ပဲ ရှောင်နိုင်၊ ရှောင်နိုင် အွန်လိုင်းပေါ်မှာ ဈေးဝယ်မိနေ ရင် ပိုက်ဆံတွေက ကုန်မြဲကုန်နေ မှာပါပဲ။

ဒါကြောင့် Facebook သုံးရင်း newsfeed မှာပေါ်လ ာတဲ့ online shop တွေကို ကလစ်မနှိပ်မိအောင်၊ အွန်လိုင်းဈေးဝယ် ဝက်ဘ်ဆိုက်တွေရဲ့ address ကို google မှာ မရိုက် မိအောင် စိတ်ထိန်းကြည့်ပါ။စိတ်ထိန်းချုပ်နိုင် စွမ်းလည်း အလိုလိုမြင့်မား လာပါ လိမ့်မယ်။

၄။ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ဖို့ ကြိုးစားပါ

ဈေးဝယ်ချင်နေတဲ့ ကိုယ့်စိတ်ကိုယ် စောင့်ကြည့်ဖို့ ကြိုးစားပါ။ ဘောပင်လ် တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်ထဲမှာ မိမိရဲ့ အသုံး စရိတ်တွေကို နေ့စဉ် မှတ်တမ်း တင်ပြီး

အပတ်စဉ် (သို့) လစဉ် စာရင်းပြန်ပြောင်းကြည့်တာက စသင့် ပါတယ်။ ဒီနည်းလမ်းနဲ့ ပိုက်ဆံကို ပိုပြီး ခြွေတာ နိုင်လာ သလို ဈေးဝယ် ချင်တဲ့ စိတ်တွေကိုလည်း ထိန်းချုပ် နိုင်လာပါလိမ့်မယ်။

၅။ မိမိကိုယ်ကို စည်းရုံးပါ

လိုချင်စိတ် ဆိုတာလည်း ကိုယ့်ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုမျှ သာပါပဲ။ ဒါကြောင့် လိုချင်စိတ်ပေါ်လာတိုင်း အသက်ပြင်းပြင်းရှူပြီး မိမိရဲ့လိုချင် စိတ်ကို ကောင်းကောင်း ထိန်းချုပ် နိုင်ဖို့ ကြိုးစားကြည့်ပါ။

ပိုက်ဆံပိုစု မိလာသလို ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင် စွမ်းလည်း တိုးတက် လာပါလိမ့်မယ်။

Credit

zawgyi

ခဏခဏ ပိုက္ဆံျပတ္ေနတာကို ဘယ္လိုေျဖရွင္းၾကမလဲ

ဘယ္ေလာက္ လစာေကာင္းတဲ့ အလုပ္ပဲ ႐ွိေန ပါေစ။ မုန္႔ဖိုးေကာင္းေကာင္း ေပးမယ့္ ေဆြမ်ိဳးမိဘေတြ ဘယ္ေလာက္ပဲ ႐ွိေနပါေစ။ ဘိုင္ကေတာ့ အျမဲလိုလို ျပတ္ေနတတ္ၾကပါတယ္။

ယေန႔ေခတ္ လူငယ္ေတြ ၾကားမွာ ျပႆနာ တက္ေနတဲ့ အေၾကာင္းအရာ တစ္ခုကေတာ့ မၾကာခဏ ပိုက္ဆံျပတ္ တတ္ျခင္း ပါပဲ။ ဘယ္ေလာက္ လစာေကာင္းတဲ့ အလုပ္ပဲ ႐ွိေန ပါေစ။

မုန္႔ဖိုးေကာင္းေကာင္း ေပးမယ့္ ေဆြမ်ိဳး မိဘေတြ ဘယ္ေလာက္ ပဲ႐ွိေန ပါေစ။ ဘိုင္ ကေတာ့ အျမဲလိုလိုျပတ္ေနတတ္ၾက ပါတယ္။ အဲဒါ ဘာလို႔လဲ ဆိုေတာ့ ဝင္ေငြနဲ႔ထြက္ေငြ မမွ်ေအာင္ ေစ်းဝယ္မိတတ္ၾကလို ႔ပါပဲ။

ေစ်းဝယ္ စင္တာေတြ ထဲမွာ ေလွ်ာက္ သြားရင္းပဲျဖစ္ျဖစ္၊ အြန္လိုင္းမွာ ဟိုၾကည့္ဒီၾကည့္လုပ္ရင္းျဖစ္ျဖစ္ လိုခ်င္စိတ္ေပၚ လာတိုင္း သြားဝယ္ေန မိေတာ့ ဘိုင္ျပတ္ တတ္ၾက ပါတယ္။

အဲဒီလို ပိုက္ဆံခဏခဏ ျပတ္ေနတတ္ျခင္းကို ထိန္းခ်ဳပ္ ႏိုင္ဖို႔ ေအာက္ပါ နည္းလမ္းေလးေတြကို စမ္းသပ္ၾကည့္သင့္ပါတယ္။

၁။ ရက္ (၃၀) စာရင္းလုပ္ပါ

ဒါကေတာ့ စိတ္ႏိုင္ဖို ႔အတြက္ အေလ့အက်င့္ လုပ္ေပးျခင္း တစ္မ်ိဳးပါ။ ရက္ (၃၀) မျပည့္မခ်င္း ဘာပစၥည္းမွမဝယ္ဘူးဆိုၿပီး ကိုယ့္စိတ္ကိုယ္ ထိန္းခ်ဳပ္ ထားရတဲ႔ ကစားနည္း တစ္မ်ိဳးလို ႔လည္း ဆိုႏိုင္ပါတယ္။

တစ္ခုခုကို လိုခ်င္စိတ္ အရမ္းျပင္းျပလာၿပီ ဆိုရင္လည္း စာအုပ္ တစ္အုပ္ထဲမွာ ခ်မွတ္ ထားၿပီး သတ္မွတ္ရက္ျပည့္ မွသာ ဝယ္သင့္ ပါတယ္။

ဒီအေလ့အက်င့္ေလးကို သင့္ကို ပိုမိုေကာင္းမြန္ တဲ့ စိတ္ထိန္းခ်ဳပ္ႏိုင္စြမ္းကို ရ႐ွိေစႏို င္ပါ တယ္။

၂။ ေရွာ့ပင္းေမာလ္ေတြကို တတ္ႏိုင္သမွ်ေ႐ွာင္ပါ

တစ္ခါတေလမွာ ေစ်းဝယ္ထြက္ ရတာ စိတ္ကိုေပါ့ပါးေစတယ္ ဆိုေပမယ့္ ေရွာ့ပင္းေမာလ္ေတြမွာ ျပထားတဲ့ ေၾကာ္ျငာေတြ၊ ပစၥည္းေတြက မိမိရဲ႕လိုခ်င္စိတ္ကို ပိုမ်ား သည္ထက္ မ်ားလာေအာင္ ဆြဲေဆာင္ပါလိမ့္မယ္။

မျမင္ရရင္ ဝယ္ခ်င္ စိတ္လည္း ျဖစ္လာမွာ မဟုတ္ဘူး ဆိုေတာ့ ေစ်းဝယ္စင္တာ (ေရွာ့ပင္းေမာလ္) ေတြကို တတ္ႏိုင္သမွ် ေ႐ွာင္႐ွားပါ။

အနည္းဆံုး ေ႐ွာ့ပင္းေမာလ္ေတြကို (၇) ရက္ ဆက္တိုက္ေလာက္ မသြားဘဲေနႏိုင္ေအာင္ ေ႐ွာင္႐ွားပါ။

၃။ အြန္လိုင္းေရွာ့ပင္းလ္လည္း မလုပ္ပါနဲ႔

အခုလို အြန္လိုင္းေပၚက ပဲေစ်းဝယ္၊ အြန္လိုင္းေပၚက ပဲေငြ႐ွင္းလို႔ ရေနတဲ႔ ေခတ္ႀကီးထဲမွာ ေရွာ့ပင္းေမာလ္ေတြကို ဘယ္ေလာက္ပဲ ေ႐ွာင္ႏိုင္၊ ေ႐ွာင္ႏိုင္ အြန္လိုင္းေပၚမွာ ေစ်းဝယ္မိေန ရင္ ပိုက္ဆံေတြက ကုန္ျမဲကုန္ေန မွာပါပဲ။

ဒါေၾကာင့္ Facebook သံုးရင္း newsfeed မွာေပၚလ ာတဲ့ online shop ေတြကို ကလစ္မႏွိပ္မိေအာင္၊ အြန္လိုင္းေစ်းဝယ္ ဝက္ဘ္ဆိုက္ေတြရဲ႕ address ကို google မွာ မ႐ိုက္ မိေအာင္ စိတ္ထိန္းၾကည့္ပါ။စိတ္ထိန္းခ်ဳပ္ႏိုင္ စြမ္းလည္း အလိုလိုျမင့္မား လာပါ လိမ့္မယ္။

၄။ ကိုယ့္စိတ္ကိုယ္ ေစာင့္ၾကည့္ဖို႔ ႀကိဳးစားပါ

ေစ်းဝယ္ခ်င္ေနတဲ့ ကိုယ့္စိတ္ကိုယ္ ေစာင့္ၾကည့္ဖို႔ ႀကိဳးစားပါ။ ေဘာပင္လ္ တစ္ေခ်ာင္းနဲ႔ စာအုပ္တစ္အုပ္ထဲမွာ မိမိရဲ႕ အသံုး စရိတ္ေတြကို ေန႔စဥ္ မွတ္တမ္း တင္ၿပီး

အပတ္စဥ္ (သို႔) လစဥ္ စာရင္းျပန္ေျပာင္းၾကည္႔တာက စသင္႔ ပါတယ္။ ဒီနည္းလမ္းနဲ႔ ပိုက္ဆံကို ပိုၿပီး ေျခြတာ ႏိုင္လာ သလို ေစ်းဝယ္ ခ်င္တဲ့ စိတ္ေတြကိုလည္း ထိန္းခ်ဳပ္ ႏိုင္လာပါလိမ့္မယ္။

၅။ မိမိကိုယ္ကို စည္းရုံးပါ

လိုခ်င္စိတ္ ဆိုတာလည္း ကိုယ့္ဦးေႏွာက္ရဲ႕ အစိတ္အပိုင္း တစ္ခုမွွ် သာပါပဲ။ ဒါေၾကာင့္ လိုခ်င္စိတ္ေပၚလာတိုင္း အသက္ျပင္းျပင္းရွဴၿပီး မိမိရဲ႕လိုခ်င္ စိတ္ကို ေကာင္းေကာင္း ထိန္းခ်ဳပ္ ႏိုင္ဖို႔ ႀကိဳးစားၾကည့္ပါ။

ပိုက္ဆံပိုစု မိလာသလို ကိုယ့္စိတ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္ စြမ္းလည္း တိုးတက္ လာပါလိမ့္မယ္။

Credit