Zawgyi
အလုပ္လုပ္ဖို႔ ရန္ကုန္တက္လာတဲ့ အမ်ဳိးသမီးတစ္ဦးကို သူငယ္ခ်င္းျဖစ္သူေယာက်ၤားေလးမွ အလုပ္တြင္ ဝန္ထမ္းေခၚေနတယ္ဟုေျပာကာ…. See more
ဟသၤတတကၠသိုလ္မွာ ျမန္မာစာအထူးျပဳနဲ႔ တက္ေရာက္ေနတဲ့ သူမဟာ ရန္ကုန္ၿမိဳ႕မွာ အလုပ္လုပ္လိုတာေၾကာင့္ မိဘေတြက သမီးျဖစ္သူရဲ႕ ဆႏၵကို ခြင့္ျပဳၿပီး အလုပ္ရွာခြင့္ျပဳခဲ့တာလို႔ ဆိုပါတယ္။ျမန္ေအာင္ၿမိဳ႕ကေန ရန္ကုန္ကိုသူမထြက္လာခဲ့တာပါ ။
ရန္ကုန္ လႈိင္သာယာကအေဆာင္မွာ သူငယ္ခ်င္းမိန္းကေလးတစ္ဦးနဲ႔ အတူေနထိုင္စဥ္မွာအထက္တန္းေက်ာင္းသူဘဝက ငယ္သူငယ္ခ်င္းျဖစ္သူ မ်ိဳးျမတ္ေအာင္ဆိုသူက သူလက္ရွိလုပ္ကိုင္ေနတဲ့အလုပ္မွာ လူလိုေနတာေၾကာင့္ အလုပ္ရွင္နဲ႔ေတြ႕ေပးမယ္ဆိုၿပီးယမန္ေန႔ညက သူမတစ္ဦးတည္းကို လာေရာက္ေခၚေဆာင္သြားခဲ့တာျဖစ္ပါတယ္။
ည၈နာရီထိုးတဲ့အခါ သူငယ္ခ်င္းျဖစ္သူျပန္မလာေသးလို႔ အတူေနသူငယ္ခ်င္းမိန္းကေလးက ဖုန္းဆက္ခဲ့ေပမယ့္ အဆက္အသြယ္မရေတာ့တဲ့အတြက္ ေနာက္တစ္ေန႔မွာ မိဘေတြဆီ အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။သမီးျဖစ္သူနဲ႔ အဆက္အသြယ္ျပတ္သြားၿပီးေနာက္ဖခင္ျဖစ္သူ ဦးေသာင္းၫႊန္႔က ျမန္ေအာင္ကေန ရန္ကုန္ကို ညီျဖစ္သူနဲ႔အတူ လိုက္လာခဲ့ပါတယ္။
ရဲစခန္းမွာ လူေပ်ာက္တိုင္ခ်က္ဖြင့္လွစ္ခဲ့ပါတယ္။လူေပ်ာက္မႈနဲ႔ တိုင္တဲ့အခါမွာ ရဲစခန္းမွ မ်က္ျမင္သက္ေသရွိလားေမးတဲ့ အခါ သူငယ္ခ်င္းျဖစ္သူက ဒီလူေခၚသြားပါတယ္ဆိုၿပီး ဓါတ္ပုံနဲ႔ ျပခဲ့ပါတယ္။
ထြက္သြားတဲ့ သမီးရဲ႕ အက်ႌကိုလည္း ဓါတ္ပုံနဲ႔ ျပခဲ့ပါတယ္။ဒါေပမယ့္ ရဲစခန္းက မယုံဘူး။ဘာလို႔မယုံတာလည္းဆိုေတာ့ အသက္ ၂၀ေက်ာ္ေနၿပီ ရည္းစားနဲ႔ သြားၿပီးေတြ႕ခ်င္လည္းေတြ႕မယ္ ၊လင္ေနာက္လိုက္သြားတာလည္းျဖစ္ခ်င္ျဖစ္မယ္ လို႔ေျပာၿပီး အမႈက ၾကန္႔ၾကာေနခဲ့တယ္လို႔ ေပ်ာက္ဆုံးသူရဲ႕ ဦးေလးျဖစ္သူက ေျပာပါတယ္။
ေနာက္ေန့မွာရထားသံလမ္းေဘးမွာ အမႈိက္ေကာက္ေနတဲ့ ကေလးငယ္ေတြက ေတာင္ဥကၠလာပၿမိဳကနယ္အတြင္း ပါရမီဘူတာနဲ႔ ကံဘဲ့ ဘူတာအၾကား ရထားသံလမ္းေဘးမွာ အမ်ိဳးသမီးတစ္ဦးအေလာင္းကို စေတြ႕ခဲ့ပါတယ္။
ဒီအေလာင္းကိုေတာင္ဥကၠလာပ ရဲတပ္ဖြဲ႕က စံျပေဆး႐ုံကို ပို႔ေဆာင္ထားခဲ့ပါတယ္။အမ်ိဳးသမီးငယ္တစ္ဦးအေလာင္းေတြကတယ္ၾကားေတာ့ ဦးေသာင္းၫြန္႔တစ္ေယာက္ စံျပေဆး႐ုံကို လိုက္သြားခဲ့ၿပီး သမီးျဖစ္သူ ဟုတ္မဟုတ္စစ္ေဆးခဲ့ပါတယ္။အဝတ္အစားနဲ႔ သူရဲ႕ ေျခလက္အဂၤါေလးေတြ ၾကည့္ၿပီးသမီးလို႔သတ္မွတ္ၿပီးေတာ့ အဲဒီေတာ့မွ ေသတယ္ဆိုတာ တစ္ထစ္ခ်သိရတာပါ လို႔ ဖခင္ျဖစ္သူကေျပာပါတယ္။
ရန္ကုန္လို တစ္နယ္တျခားမွာ တူမျဖစ္သူအသတ္ခံရမႈအတြက္ ေဆာင္႐ြက္တဲ့အခါမွာ အစစအရာရာအခက္အခဲ ရွိတဲ့အျပင္ အမႈမွန္ေပၚေပါက္လိုတာေၾကာင့္ ဦးေလးျဖစ္သူ ဦးမင္းလြင္က သူနဲ႔ အဆက္အသြယ္ရွိတဲ့ ပင္လုံေသြးလူ႔အခြင့္အေရးနဲ႔ျပည္သူ႔အေရးေဆာင္႐ြက္သူမ်ား အဖြဲကကို ခ်ိတ္ဆက္အကူအညီေတာင္းခဲ့ပါတယ္။လက္ရွိမွာေတာ့ သူမေသဆုံးမႈနဲ႔ပတ္သက္လို႔ လႈိင္သာယာရဲစခန္းက လူေပ်ာက္မႈ ျဖားေယာင္းေသြးေဆာင္မႈ ေတြနဲ႔ အမႈဖြင့္ထားပါျပီ။
Unicode
အလုပ်လုပ်ဖို့ ရန်ကုန်တက်လာတဲ့ အမျိုးသမီးတစ်ဦးကို သူငယ်ချင်းဖြစ်သူယောင်္ကျားလေးမှ အလုပ်တွင် ဝန်ထမ်းခေါ်နေတယ်ဟုပြောကာ…. See more
ဟင်္သတတက္ကသိုလ်မှာ မြန်မာစာအထူးပြုနဲ့ တက်ရောက်နေတဲ့ သူမဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်လိုတာကြောင့် မိဘတွေက သမီးဖြစ်သူရဲ့ ဆန္ဒကို ခွင့်ပြုပြီး အလုပ်ရှာခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။မြန်အောင်မြို့ကနေ ရန်ကုန်ကိုသူမထွက်လာခဲ့တာပါ ။
ရန်ကုန် လှိုင်သာယာကအဆောင်မှာ သူငယ်ချင်းမိန်းကလေးတစ်ဦးနဲ့ အတူနေထိုင်စဉ်မှာအထက်တန်းကျောင်းသူဘဝက ငယ်သူငယ်ချင်းဖြစ်သူ မျိုးမြတ်အောင်ဆိုသူက သူလက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ လူလိုနေတာကြောင့် အလုပ်ရှင်နဲ့တွေ့ပေးမယ်ဆိုပြီးယမန်နေ့ညက သူမတစ်ဦးတည်းကို လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ည၈နာရီထိုးတဲ့အခါ သူငယ်ချင်းဖြစ်သူပြန်မလာသေးလို့ အတူနေသူငယ်ချင်းမိန်းကလေးက ဖုန်းဆက်ခဲ့ပေမယ့် အဆက်အသွယ်မရတော့တဲ့အတွက် နောက်တစ်နေ့မှာ မိဘတွေဆီ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
သမီးဖြစ်သူနဲ့ အဆက်အသွယ်ပြတ်သွားပြီးနောက်ဖခင်ဖြစ်သူ ဦးသောင်းညွှန့်က မြန်အောင်ကနေ ရန်ကုန်ကို ညီဖြစ်သူနဲ့အတူ လိုက်လာခဲ့ပါတယ်။ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်လှစ်ခဲ့ပါတယ်။လူပျောက်မှုနဲ့ တိုင်တဲ့အခါမှာ ရဲစခန်းမှ မျက်မြင်သက်သေရှိလားမေးတဲ့ အခါ သူငယ်ချင်းဖြစ်သူက ဒီလူခေါ်သွားပါတယ်ဆိုပြီး ဓါတ်ပုံနဲ့ ပြခဲ့ပါတယ်။ထွက်သွားတဲ့ သမီးရဲ့ အင်္ကျီကိုလည်း ဓါတ်ပုံနဲ့ ပြခဲ့ပါတယ်။
ဒါပေမယ့် ရဲစခန်းက မယုံဘူး။ဘာလို့မယုံတာလည်းဆိုတော့ အသက် ၂၀ကျော်နေပြီ ရည်းစားနဲ့ သွားပြီးတွေ့ချင်လည်းတွေ့မယ် ၊ လင်နောက်လိုက်သွားတာလည်းဖြစ်ချင်ဖြစ်မယ် လို့ပြောပြီး အမှုက ကြန့်ကြာနေခဲ့တယ်လို့ ပျောက်ဆုံးသူရဲ့ ဦးလေးဖြစ်သူက ပြောပါတယ်။နောက်နေ့မှာရထားသံလမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကလေးငယ်တွေက တောင်ဥက္ကလာပမြိုကနယ်အတွင်း ပါရမီဘူတာနဲ့ ကံဘဲ့ ဘူတာအကြား ရထားသံလမ်းဘေးမှာ အမျိုးသမီးတစ်ဦးအလောင်းကို စတွေ့ခဲ့ပါတယ်။
ဒီအလောင်းကိုတောင်ဥက္ကလာပ ရဲတပ်ဖွဲ့က စံပြဆေးရုံကို ပို့ဆောင်ထားခဲ့ပါတယ်။အမျိုးသမီးငယ်တစ်ဦးအလောင်းတွေကတယ်ကြားတော့ ဦးသောင်းညွန့်တစ်ယောက် စံပြဆေးရုံကို လိုက်သွားခဲ့ပြီး သမီးဖြစ်သူ ဟုတ်မဟုတ်စစ်ဆေးခဲ့ပါတယ်။အဝတ်အစားနဲ့ သူရဲ့ ခြေလက်အင်္ဂါလေးတွေ ကြည့်ပြီးသမီးလို့သတ်မှတ်ပြီးတော့ အဲဒီတော့မှ သေတယ်ဆိုတာ တစ်ထစ်ချသိရတာပါ လို့ ဖခင်ဖြစ်သူကပြောပါတယ်။
ရန်ကုန်လို တစ်နယ်တခြားမှာ တူမဖြစ်သူအသတ်ခံရမှုအတွက် ဆောင်ရွက်တဲ့အခါမှာ အစစအရာရာအခက်အခဲ ရှိတဲ့အပြင် အမှုမှန်ပေါ်ပေါက်လိုတာကြောင့် ဦးလေးဖြစ်သူ ဦးမင်းလွင်က သူနဲ့ အဆက်အသွယ်ရှိတဲ့ ပင်လုံသွေးလူ့အခွင့်အရေးနဲ့ပြည်သူ့အရေးဆောင်ရွက်သူများ အဖွဲကကို ချိတ်ဆက်အကူအညီတောင်းခဲ့ပါတယ်။လက်ရှိမှာတော့ သူမသေဆုံးမှုနဲ့ပတ်သက်လို့ လှိုင်သာယာရဲစခန်းက လူပျောက်မှု ဖြားယောင်းသွေးဆောင်မှု တွေနဲ့ အမှုဖွင့်ထားပါပြီ။crd