ၾကားသိရသမွ်

ဝက်သားများကို လမ်းဘေးကရေမြောင်းအဖုံး ဇကာကွက်ပေါ်မှာ ကင်စားခြင်းကြောင့် အင်တာနက်သုံးစွဲသူများ ဝေဖန်ခြင်းခံရတဲ့ အမျိုးသား

TikTok အသုံးပြုသူ brucemathieu8 က မလေးရှားနိုင်ငံ MacPherson ရှိ ရေမြောင်းအဖုံး ဇကာကွက်တစ်ခုပေါ်မှာ ဝက်သားကင်စားနေတဲ့

အမျိုးသားတစ်ဦးရဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့ပါတယ် ။ ဗွီဒီယိုဖိုင်မှာ အဆိုပါ အမျိုးသားက လက်ထဲမှာ လေမှုတ်စက်ကိုင်ထားပြီး

ပလတ်စတစ်ကုလားထိုင်ပေါ်မှာ ထိုင်ကာ ဝက်ခြေထောက် 6 ခု ကို ရေမြောင်းအဖုံ ပေါ်မှ ကင်နေခြင်းဖြစ်ပါတယ် ။

TikTok အသုံးပြုသူက ထိုလူထံသို့ ချဉ်းကပ်လာတာနဲ့အမျှ သူက မတုန်မလှုပ် ကြည့်နေခဲ့ပြီး စကားအနည်းငယ် ဖလှယ်ပြီးနောက်

သူ့ကို စောင့်ကြည့်ပြီး ချက်ပြုတ်နည်းများကို မေးမြန်းခဲ့ပါတယ် ။ TikTok အသုံးပြုသူက စက္ကန့်အနည်းငယ်ကြာ စောင့်ကြည့်ခဲ့ပြီး CNY

နှုတ်ဆက်စကားဖလှယ်ပြီးနောက် ထွက်သွားလိုက်ပါတယ် ။ အင်တာနက်အသုံးပြုသူများက ဝက်ခြေထောက် ပြင်ဆင်မှုနည်းလမ်းများကို ဝေဖန်ခဲ့ကြပါတယ် ။

သန့်ရှင်းမှုမရှိတာကြောင့် အင်တာနက်အသုံးပြုသူများရဲ့ စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူတစ်ဦးက

၎င်းဟာတစ်ကိုယ်တည့် စားသုံးရန်ဖြစ်သော်လည်း လမ်းဘေးကရေမြောင်းအဖုံး ဇကာကွက်ပေါ်မှ ကင်ခြင်းက ကျန်းမာရေးနဲ့မညီညွတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ် ။

Zawgyi







