ရန္ကုန္ေတာ့ စိတ္နည္းနည္းေအးရၿပီ ေ႐ႊလမင္းေဆး႐ုံမွ Q ဝင္ေနသူမ်ားတြင္ ပိုးမေတြ႕
ရန္ကုန္တိုင္းေဒသႀကီး လမ္းမေတာ္ၿမိဳ႕နယ္အတြင္းရွိ ေ႐ႊလမင္းပုဂၢလိကေဆး႐ုံမွ Q ဝင္ရသည့္ က်န္းမာေရး ဝန္ထမ္း ၁၃ ဦးမွာ ပထမအႀကိမ္ဓာတ္ခြဲစစ္ေဆးရာတြင္ ဗိုင္းရပ္စ္ပိုးမေတြ႕ရွိေၾကာင္း လမ္းမ ေတာ္ၿမိဳ႕နယ္၊ မဲဆႏၵနယ္ေျမအမွတ္(၂) ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ထြန္းက ၾသဂုတ္ ၂၂ ရက္က ေျပာပါတယ္။
“အဲဒီ က်န္းမာေရးဝန္ထမ္း ၁၃ ဦးစလုံး ပထမအႀကိမ္ စစ္ေဆးေတာ့ Negative ပါ။ ဒါကလည္း ၿမိဳ႕နယ္ က်န္းမာေရးမႉး ေျပာျပခ်က္အရ သိရတာပါ။ သူတို႔ကို ဘယ္မွာထားၿပီး စစ္ေဆးတယ္ဆိုတာေတာ့ ကြၽန္ေတာ္လည္း မသိရဘူး” ဟု ေျပာပါတယ္။
အဆိုပါ ေ႐ႊလမင္း ပုဂၢလိက ေဆး႐ုံးမွာ လက္ရွိအခ်ိန္အထိ ဖြင့္လွစ္ထားရွိၿပီး ေဆး႐ုံ ေလာ့ေဒါင္း ခ်ျခင္း၊ မခ်ျခင္းမွာ ၿမိဳ႕နယ္ ကိုဗစ္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးေကာ္မတီႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕၏ အေပၚတြင္ မူတည္ေၾကာင္း ရွင္းျပပါတယ္။
ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ ၅၀ အ႐ြယ္ ကိုဗစ္ ေရာဂါပိုးေတြ႕လူနာ (လူနာ ၃၇၈) မွာ ၾသဂုတ္လ ၁၂ ရက္က အဆိုပါ ေဆး႐ုံသို႔ ေရာက္ရွိလာကာ ဓာတ္မွန္႐ိုက္ခဲ့သည့္အတြက္ ၎ႏွင့္ ထိေတြ႕ခဲ့သည့္ က်န္းမာေရး ဝန္ထမ္း ၁၃ ဦး မွာ ၾသဂုတ္၂၁ ရက္ နံနက္ပိုင္းက Q ဝင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။
source hotnewsmyanmar
Share
Unicode
ရန်ကုန်တော့ စိတ်နည်းနည်းအေးရပြီ ရွှေလမင်းဆေးရုံမှ Q ဝင်နေသူများတွင် ပိုးမတွေ့
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းရှိ ရွှေလမင်းပုဂ္ဂလိကဆေးရုံမှ Q ဝင်ရသည့် ကျန်းမာရေး ဝန်ထမ်း ၁၃ ဦးမှာ ပထမအကြိမ်ဓာတ်ခွဲစစ်ဆေးရာတွင် ဗိုင်းရပ်စ်ပိုးမတွေ့ရှိကြောင်း လမ်းမ တော်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက သြဂုတ် ၂၂ ရက်က ပြောပါတယ်။
“အဲဒီ ကျန်းမာရေးဝန်ထမ်း ၁၃ ဦးစလုံး ပထမအကြိမ် စစ်ဆေးတော့ Negative ပါ။ ဒါကလည်း မြို့နယ် ကျန်းမာရေးမှူး ပြောပြချက်အရ သိရတာပါ။ သူတို့ကို ဘယ်မှာထားပြီး စစ်ဆေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိရဘူး” ဟု ပြောပါတယ်။
အဆိုပါ ရွှေလမင်း ပုဂ္ဂလိက ဆေးရုံးမှာ လက်ရှိအချိန်အထိ ဖွင့်လှစ်ထားရှိပြီး ဆေးရုံ လော့ဒေါင်း ချခြင်း၊ မချခြင်းမှာ မြို့နယ် ကိုဗစ် ရောဂါထိန်းချုပ်ကာကွယ်ရေးကော်မတီနှင့် အုပ်ချုပ်ရေးအဖွဲ့၏ အပေါ်တွင် မူတည်ကြောင်း ရှင်းပြပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သော အသက် ၅၀ အရွယ် ကိုဗစ် ရောဂါပိုးတွေ့လူနာ (လူနာ ၃၇၈) မှာ သြဂုတ်လ ၁၂ ရက်က အဆိုပါ ဆေးရုံသို့ ရောက်ရှိလာကာ ဓာတ်မှန်ရိုက်ခဲ့သည့်အတွက် ၎င်းနှင့် ထိတွေ့ခဲ့သည့် ကျန်းမာရေး ဝန်ထမ်း ၁၃ ဦး မှာ သြဂုတ်၂၁ ရက် နံနက်ပိုင်းက Q ဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
source hotnewsmyanmar
Share