ၾကားသိရသမွ်

ကာခ်ိန္ ၃ နာရီ… ကုန္က်ေငြ ၂၇၀၀၀က်ပ္ျဖင္႔ Passport ကို ရန္ကုန္႐ုံးတြင္ ကိုယ္တိုင္ေလွ်ာက္ရန္

ရန္ကုန္႐ုံးတြင္Passportကိုယ္တိုင္ေလွ်ာက္ရန္… ၾကာခ်ိန္… ၃ နာရီ… ကုန္က်ေငြ… ၂၇၀၀၀က်ပ္။

Online Booking ရယူရန္… ပြဲစားေတြလည္းအရမ္းမ်ားတဲ့အတြက္ Booking အျပည့္ျမန္ပါတယ္။

Today dateကေန ေနာက္ ႏွစ္ပတ္ေလာက္အထိ Booking အၿမဲျပည့္ေနတတ္လို႔ တတ္ႏိုင္သမွ် ႀကိဳယူထားတာ အေကာင္းဆုံးပါ။ https://www.passport.gov.mm/ အခ်ိန္၊ ေန႔ရက္ လိုအပ္တဲ့အခ်က္အလက္မ်ားမွန္ကန္ေအာင္ျဖည့္ပါ။

ျပင္ဆင္ထားရမည့္ စာ႐ြက္စာတမ္းမ်ား… သန္းေခါင္စာရင္း မူရင္း နဲ႔ မိတၱဴ ၂ စုံ၊ မွတ္ပုံတင္ မူရင္း နဲ႔ မိတၱဴ ၂ စုံ၊ Booking Appointment QR code (ဖုန္းနဲ႔ QR ပုံ ႐ိုက္ထားလည္းရ၊ စာ႐ြက္ထုတ္သြားလည္း ရပါတယ္)

သက္တမ္းတိုး၊ အမ်ိဳးအစားေျပာင္းသူမ်ားက Passport အေဟာင္း မူရင္း။ PJ passport ေလွ်ာက္ထားလိုသူမ်ား Labor Card ျပင္ဆင္ ထားရန္။

Passport ႐ုံးထဲေရာက္ဖို႔အတြက္ အဆင့္(၃)ဆင့္ျဖတ္ရပါမယ္…

Booking QR ႏွင့္ မွတ္ပုံတင္ မူရင္းျပ၍ ဝင္းအတြင္း ဝင္ရန္။ အစစ္ေဆးခံရန္။ QR Scan ဖတ္၍ ႐ုံအတြင္း ဝင္ရန္။

စာ႐ြက္စာတမ္း၊ ဖုန္း၊ ပိုက္ဆံအိတ္အေသးက လြဲ၍ အျခားလြယ္အိတ္၊ ပိုက္ဆံအိတ္ အႀကီး၊ ထီး၊ ဦးထုပ္ စတဲ့… ပစၥည္းမ်ား ဘာမွ ယူသြားလို႔ မရပါဘူး။

သြားတဲ့အခ်ိန္ေပၚ မူတည္ၿပီး ႐ုံအတြင္းေရာက္ဖို႔ အၾကာႀကီး တန္းစီရတတ္ပါတယ္။ ခန္႔မွန္းေျခ (၁)နာရီ ဝန္းက်င္။ မိမိ Booking ရထားေသာ အခ်ိန္၏ နာရီဝက္မတိုင္ခင္ အေရာက္သြားပါ။

႐ုံအတြင္းေရာက္လွ်င္… လဝက စစ္ေဆးျခင္း… ေကာင္တာတစ္ခုတြင္ တန္းစီၿပီး ကိုယ့္အလွည့္ေရာက္ပါက… ပါလာတဲ့ သန္းေခါင္စာရင္း၊ မွတ္ပုံတင္ မူရင္း၊ မိတၱဴကိုေပးၿပီး ၿပဳံးျပပါ။ ေမးတာေျဖပါ။

႐ုံအေနာက္ဘက္သို႔ သြားခြင့္ျပဳပါက သြားၿပီ…း စစ္ေဆးၿပီးေၾကာင္း တံဆိပ္ထုထားေသာ စာ႐ြက္ယူပါ။ စစ္ေဆးျခင္းအတြက္ ၂၀၀၀က်ပ္ ေပးရပါမယ္။

Passport စတင္ေလွ်ာက္ထားရန္…

အဆင့္(၁) Form ျဖည့္ျခင္း

အခန္းထဲမဝင္ခင္ ဝင္လာခဲ့တဲ့ဘက္ကို ျပန္ထြက္လာၿပီး ဝင္ဝင္ျခင္း ႐ုံအတြင္း TV ေအာက္တည့္တည့္ရွိစားပြဲတြင္ထိုင္ေနေသာတာဝန္ခံဆီမွ Form စာ႐ြက္တစ္႐ြက္ေတာင္းပါ။ (သူမ်ားေတြက ၁၀၀၀ ေပးရတယ္ေျပာတယ္ ကြၽန္ေတာ္က ဒီတိုင္းေတာင္းလာခဲ့တယ္)။ လိုအပ္တဲ့အခ်က္အလက္မ်ားျပည့္စုံမွန္ကန္စြာျဖည့္ပါ။

အဆင့္(၂) ေငြသြင္းျခင္း

လဝက က ျပန္ေပးလိုက္တဲ့စာ႐ြက္စာတမ္းေတြကိုကိုင္ၿပီး ႐ုံအတြင္းရွိျမန္မာ့စီးပြါးေရးဘဏ္တြင္ ေငြသြင္းပါ။ ၂၅၀၀၀ က်ပ္။

ဘဏ္ကေန ေငြသြင္းၿပီးေၾကာင္းစာ႐ြက္ကို တစ္ေယာက္ခ်င္းစီ နာမည္ေခၚၿပီး ျပန္ေပးပါတယ္။ ေစာင့္ရတာ ၾကာပါတယ္။ ေရေလးေသာက္ၿပီး စိတ္ရွည္လက္ရွည္ထိုင္ေစာင့္ေနပါ။

အဆင့္(၃) ဓါတ္ပုံ႐ိုက္ျခင္း၊ စာအုပ္ထုတ္ရန္ slip ရျခင္း။

ေနာက္ဆုံးအဆင့္ပါ။ အေျခအေနၾကည့္ၿပီး ျမန္ျမန္ၿပီးမယ္ထင္ရတဲ့ အခန္း တစ္ခုခုအေရွ႕မွာတန္းစီပါ။ ကိုယ့္အလွည့္ေရာက္ပါက စာ႐ြက္စာတမ္း မူရင္း၊ မိတၱဴမ်ားျပ၍ ဓါတ္ပုံအ႐ိုက္ခံ၊ လက္ေဗြႏွိပ္၊ လက္မွတ္ထိုးပါ။

Slipတစ္ခါတည္းယူသြားမည္ျဖစ္ေၾကာင္းေျပာ၍ ထုတ္ယူပါ။ ၿပဳံးျပပါ။ Slipရလွ်င္ နာမည္ႏွင့္အခ်က္အလက္မ်ားမွန္ကန္ေၾကာင္းစစ္ေဆးၿပီး ယူခဲ့ပါ။

ေနာက္ဆယ္ရက္ေနလွ်င္စာအုပ္သြားထုတ္၍ ရပါၿပီ။ ပြဲစားနဲ႔ဆိုလည္း အေပၚကအဆင့္ေတြအကုန္လုံးက ကိုယ္တိုင္းတန္းစီလုပ္ရတာပဲဆိုေတာ့ အတူတူပါပဲ။ Booking appointment ေလးပဲ ႀကိဳယူထားပါ။

ဘယ္သူမွမေၾကာက္နဲ႔၊ လိုအပ္တာျပည့္ျပည့္စုံစုံယူသြားၿပီး မသိတာရွိရင္ ၿပဳံးၿပီးေမး။ အခ်ိဳ႕က ဓါတ္ပုံ႐ိုက္တာ ၅၀၀၀၊ form ေၾကး ၁၀၀၀ စတာေတြလည္းေပးရတယ္ေျပာတယ္။ ေတာင္းရင္ေတာ့ မႏွေျမာပဲေပးခဲ့ပါ။ ကြၽန္ေတာ္ကေတာ့ မေပးခဲ့ရလို႔ပါ။ အဆင္ေျပၾကပါေစ…။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကြာချိန် ၃ နာရီ… ကုန်ကျငွေ ၂၇၀၀၀ကျပ်ဖြင့် Passport ကို ရန်ကုန်ရုံးတွင် ကိုယ်တိုင်လျှောက်ရန်
ရန်ကုန်ရုံးတွင်Passportကိုယ်တိုင်လျှောက်ရန်… ကြာချိန်… ၃ နာရီ… ကုန်ကျငွေ… ၂၇၀၀၀ကျပ်။

Online Booking ရယူရန်… ပွဲစားတွေလည်းအရမ်းများတဲ့အတွက် Booking အပြည့်မြန်ပါတယ်။

Today dateကနေ နောက် နှစ်ပတ်လောက်အထိ Booking အမြဲပြည့်နေတတ်လို့ တတ်နိုင်သမျှ ကြိုယူထားတာ အကောင်းဆုံးပါ။ https://www.passport.gov.mm/ အချိန်၊ နေ့ရက် လိုအပ်တဲ့အချက်အလက်များမှန်ကန်အောင်ဖြည့်ပါ။

ပြင်ဆင်ထားရမည့် စာရွက်စာတမ်းများ… သန်းခေါင်စာရင်း မူရင်း နဲ့ မိတ္တူ ၂ စုံ၊ မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ ၂ စုံ၊ Booking Appointment QR code (ဖုန်းနဲ့ QR ပုံ ရိုက်ထားလည်းရ၊ စာရွက်ထုတ်သွားလည်း ရပါတယ်)

သက်တမ်းတိုး၊ အမျိုးအစားပြောင်းသူများက Passport အဟောင်း မူရင်း။ PJ passport လျှောက်ထားလိုသူများ Labor Card ပြင်ဆင် ထားရန်။

Passport ရုံးထဲရောက်ဖို့အတွက် အဆင့်(၃)ဆင့်ဖြတ်ရပါမယ်…

Booking QR နှင့် မှတ်ပုံတင် မူရင်းပြ၍ ဝင်းအတွင်း ဝင်ရန်။ အစစ်ဆေးခံရန်။ QR Scan ဖတ်၍ ရုံအတွင်း ဝင်ရန်။

စာရွက်စာတမ်း၊ ဖုန်း၊ ပိုက်ဆံအိတ်အသေးက လွဲ၍ အခြားလွယ်အိတ်၊ ပိုက်ဆံအိတ် အကြီး၊ ထီး၊ ဦးထုပ် စတဲ့… ပစ္စည်းများ ဘာမှ ယူသွားလို့ မရပါဘူး။

သွားတဲ့အချိန်ပေါ် မူတည်ပြီး ရုံအတွင်းရောက်ဖို့ အကြာကြီး တန်းစီရတတ်ပါတယ်။ ခန့်မှန်းခြေ (၁)နာရီ ဝန်းကျင်။ မိမိ Booking ရထားသော အချိန်၏ နာရီဝက်မတိုင်ခင် အရောက်သွားပါ။

ရုံအတွင်းရောက်လျှင်… လဝက စစ်ဆေးခြင်း… ကောင်တာတစ်ခုတွင် တန်းစီပြီး ကိုယ့်အလှည့်ရောက်ပါက… ပါလာတဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင် မူရင်း၊ မိတ္တူကိုပေးပြီး ပြုံးပြပါ။ မေးတာဖြေပါ။

ရုံအနောက်ဘက်သို့ သွားခွင့်ပြုပါက သွားပြီ…း စစ်ဆေးပြီးကြောင်း တံဆိပ်ထုထားသော စာရွက်ယူပါ။ စစ်ဆေးခြင်းအတွက် ၂၀၀၀ကျပ် ပေးရပါမယ်။

Passport စတင်လျှောက်ထားရန်…

အဆင့်(၁) Form ဖြည့်ခြင်း

အခန်းထဲမဝင်ခင် ဝင်လာခဲ့တဲ့ဘက်ကို ပြန်ထွက်လာပြီး ဝင်ဝင်ခြင်း ရုံအတွင်း TV အောက်တည့်တည့်ရှိစားပွဲတွင်ထိုင်နေသောတာဝန်ခံဆီမှ Form စာရွက်တစ်ရွက်တောင်းပါ။ (သူများတွေက ၁၀၀၀ ပေးရတယ်ပြောတယ် ကျွန်တော်က ဒီတိုင်းတောင်းလာခဲ့တယ်)။ လိုအပ်တဲ့အချက်အလက်များပြည့်စုံမှန်ကန်စွာဖြည့်ပါ။

အဆင့်(၂) ငွေသွင်းခြင်း

လဝက က ပြန်ပေးလိုက်တဲ့စာရွက်စာတမ်းတွေကိုကိုင်ပြီး ရုံအတွင်းရှိမြန်မာ့စီးပွါးရေးဘဏ်တွင် ငွေသွင်းပါ။ ၂၅၀၀၀ ကျပ်။

ဘဏ်ကနေ ငွေသွင်းပြီးကြောင်းစာရွက်ကို တစ်ယောက်ချင်းစီ နာမည်ခေါ်ပြီး ပြန်ပေးပါတယ်။ စောင့်ရတာ ကြာပါတယ်။ ရေလေးသောက်ပြီး စိတ်ရှည်လက်ရှည်ထိုင်စောင့်နေပါ။

အဆင့်(၃) ဓါတ်ပုံရိုက်ခြင်း၊ စာအုပ်ထုတ်ရန် slip ရခြင်း။

နောက်ဆုံးအဆင့်ပါ။ အခြေအနေကြည့်ပြီး မြန်မြန်ပြီးမယ်ထင်ရတဲ့ အခန်း တစ်ခုခုအရှေ့မှာတန်းစီပါ။ ကိုယ့်အလှည့်ရောက်ပါက စာရွက်စာတမ်း မူရင်း၊ မိတ္တူများပြ၍ ဓါတ်ပုံအရိုက်ခံ၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုးပါ။

Slipတစ်ခါတည်းယူသွားမည်ဖြစ်ကြောင်းပြော၍ ထုတ်ယူပါ။ ပြုံးပြပါ။ Slipရလျှင် နာမည်နှင့်အချက်အလက်များမှန်ကန်ကြောင်းစစ်ဆေးပြီး ယူခဲ့ပါ။

နောက်ဆယ်ရက်နေလျှင်စာအုပ်သွားထုတ်၍ ရပါပြီ။ ပွဲစားနဲ့ဆိုလည်း အပေါ်ကအဆင့်တွေအကုန်လုံးက ကိုယ်တိုင်းတန်းစီလုပ်ရတာပဲဆိုတော့ အတူတူပါပဲ။ Booking appointment လေးပဲ ကြိုယူထားပါ။

ဘယ်သူမှမကြောက်နဲ့၊ လိုအပ်တာပြည့်ပြည့်စုံစုံယူသွားပြီး မသိတာရှိရင် ပြုံးပြီးမေး။ အချို့က ဓါတ်ပုံရိုက်တာ ၅၀၀၀၊ form ကြေး ၁၀၀၀ စတာတွေလည်းပေးရတယ်ပြောတယ်။ တောင်းရင်တော့ မနှမြောပဲပေးခဲ့ပါ။ ကျွန်တော်ကတော့ မပေးခဲ့ရလို့ပါ။ အဆင်ပြေကြပါစေ…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။