ၾကားသိရသမွ်

နိမ့်ပါးတဲ့ အတွေးအခေါ်တွေကို ဆက်လက်ရှင်သန်အောင် မြှောက်ပေးနေတဲ့ သရက်ကင်သည် ဂျမ်းတောမလေးရဲ့ ဖြစ်ရပ်

မိဘကို လုပ်ကျွေးတဲ့သမီးလေးဆိုပြီး လှူဒါန်းကြတာ ကြည်နူးစရာကောင်းပေမယ့်.. အလှူငွေတွေရပြီး အဆင်ပြေနေတာ မိဘကိုလုပ်ကျွေးလို့ဆိုတဲ့ကိစ္စက ဒီကလေးအရွယ်အတွက် ဘောင်မဝင်ဘူး..

အပေါစားမိဘတွေအတွက် ကလေးတွေကို ဆက်ခိုင်းစားလို့ကောင်းစေမယ့် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ စကားလိုပဲ.. တာဝန်မယူနိုင်ပဲ မွေးပြီးခိုင်းစားနေတာကို.. ဝိုင်းမြှောက်ပေးသလို ဖြစ်လို့..

ကိုယ်တော့ ကလေးပဲ သနားတယ်.. ကျောင်းနေရမယ့်အရွယ်.. လွတ်လွတ်လပ်လပ် ဆော့ကစားနေရမယ့်အရွယ်.. ဒါကို တစ်အိမ်လုံးကို ရှာကျွေးနေရတာ.. ဂုဏ်ယူတယ်ဆိုတော့.. နဂိုထဲက နိမ့်ပါးတဲ့အတွေးအခေါ်တွေကို ဆက်လက်ရှင်သန်အောင် မြှောက်ပေးနေသလိုပဲ..

ဒလိုနဲ့ ဒီလော့ဂျစ်အမှားကြီးကို တလွဲဆက်သုံးကြအုံးမယ်..ဒီလိုနဲ့ အပေါစားမိဘတွေက ကလေးတွေကို အဲ့စကားနဲ့ ဆက်ခိုင်းစားအုံးမယ်..သူ့အဖေကို ကြည့်တော့လဲ ယောကျာ်းရင့်မာကြီး ခြေကောင်းလက်ကောင်းကွယ်.. လူမမယ်ခလေး အရွယ်မရောက်တဲ့ခလေးကို ခိုင်းစားရက်တယ်.. ဘယ်လိုအဖေမျိုးလဲလို့..

ကိုယ်တွေလဲ ပြည့်စုံတဲ့ဘဝက မဟုတ်ရပါဘူး.. အဖေဆိုလဲ ရရာအလုပ်လုပ်တယ်.. အမေဆိုလဲ ရတဲ့အလုပ်လုပ်ပြီး ကျောင်းထားတယ်.. အမေပြောခဲ့တဲ့စကား “သူများနားတောင်းပြီးမှ စားရမယ်ဆိုရင်တောင် သား သမီးကို အိမ်မှာ ထမင်းဝအောင်ကျွေး နေခိုင်းပြီး တောင်းပြီးပြန်လာကျွေးမယ်” တဲ့..

ကလေးတော့ တပြွတ်ပြွတ်မွေးတတ်ပြီး ရှာမကျွေးတတ်တဲ့မိဘတွေရဲ့လက်အောက်မှာ ကလေးတွေဟာ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးပြီး အသက်မပြည့်သေးဘဲ အလုပ်တွေလုပ်ရတာကို သားသမီးအလိမ္မာလေးဆိုတဲ့ စကားလုံးလှလှတွေနဲ့ လုပ်ရက်ကြတာ..

ပညာသင်ယူရမယ့်အရွယ်မှာ မိဘကတာဝန်ယူ ပညာမသင်ပေးတဲ့အပြင် ဝိုင်းကူတယ်ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ ကိုယ့်ကလေးကို ကျွန်ဇာတ်သွင်းနေတယ်လို့ပဲမြင်မိတယ်..ကလေးတွေကို အရွယ်နဲ့မမျှအောင် ခိုင်းစားလို့ကောင်းအောင် မြှောက်ပေးနေသလိုပါဘဲ.. (Y.P.T’s post and comments)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မိဘကို လုပ္ေကြၽးတဲ့သမီးေလးဆိုၿပီး လႉဒါန္းၾကတာ ၾကည္ႏူးစရာေကာင္းေပမယ့္.. အလႉေငြေတြရၿပီး အဆင္ေျပေနတာ မိဘကိုလုပ္ေကြၽးလို႔ဆိုတဲ့ကိစၥက ဒီကေလးအ႐ြယ္အတြက္ ေဘာင္မဝင္ဘူး..

အေပါစားမိဘေတြအတြက္ ကေလးေတြကို ဆက္ခိုင္းစားလို႔ေကာင္းေစမယ့္ ျမႇောက္ထိုးပင့္ေကာ္လုပ္ေပးေနတဲ့ စကားလိုပဲ.. တာဝန္မယူနိုင္ပဲ ေမြးၿပီးခိုင္းစားေနတာကို.. ဝိုင္းျမႇောက္ေပးသလို ျဖစ္လို႔..

ကိုယ္ေတာ့ ကေလးပဲ သနားတယ္.. ေက်ာင္းေနရမယ့္အ႐ြယ္.. လြတ္လြတ္လပ္လပ္ ေဆာ့ကစားေနရမယ့္အ႐ြယ္.. ဒါကို တစ္အိမ္လုံးကို ရွာေကြၽးေနရတာ.. ဂုဏ္ယူတယ္ဆိုေတာ့.. နဂိုထဲက နိမ့္ပါးတဲ့အေတြးအေခၚေတြကို ဆက္လက္ရွင္သန္ေအာင္ ျမႇောက္ေပးေနသလိုပဲ..

ဒလိုနဲ႕ ဒီေလာ့ဂ်စ္အမွားႀကီးကို တလြဲဆက္သုံးၾကအုံးမယ္..ဒီလိုနဲ႕ အေပါစားမိဘေတြက ကေလးေတြကို အဲ့စကားနဲ႕ ဆက္ခိုင္းစားအုံးမယ္..သူ႕အေဖကို ၾကည့္ေတာ့လဲ ေယာက်ာ္းရင့္မာႀကီး ေျခေကာင္းလက္ေကာင္းကြယ္.. လူမမယ္ခေလး အ႐ြယ္မေရာက္တဲ့ခေလးကို ခိုင္းစားရက္တယ္.. ဘယ္လိုအေဖမ်ိဳးလဲလို႔..

ကိုယ္ေတြလဲ ျပည့္စုံတဲ့ဘဝက မဟုတ္ရပါဘူး.. အေဖဆိုလဲ ရရာအလုပ္လုပ္တယ္.. အေမဆိုလဲ ရတဲ့အလုပ္လုပ္ၿပီး ေက်ာင္းထားတယ္.. အေမေျပာခဲ့တဲ့စကား “သူမ်ားနားေတာင္းၿပီးမွ စားရမယ္ဆိုရင္ေတာင္ သား သမီးကို အိမ္မွာ ထမင္းဝေအာင္ေကြၽး ေနခိုင္းၿပီး ေတာင္းၿပီးျပန္လာေကြၽးမယ္” တဲ့..

ကေလးေတာ့ တႁပြတ္ႁပြတ္ေမြးတတ္ၿပီး ရွာမေကြၽးတတ္တဲ့မိဘေတြရဲ႕လက္ေအာက္မွာ ကေလးေတြဟာ ကေလးသူငယ္အခြင့္အေရးေတြ ဆုံးရႈံးၿပီး အသက္မျပည့္ေသးဘဲ အလုပ္ေတြလုပ္ရတာကို သားသမီးအလိမၼာေလးဆိုတဲ့ စကားလုံးလွလွေတြနဲ႕ လုပ္ရက္ၾကတာ..

ပညာသင္ယူရမယ့္အ႐ြယ္မွာ မိဘကတာဝန္ယူ ပညာမသင္ေပးတဲ့အျပင္ ဝိုင္းကူတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေလးနဲ႕ ကိုယ့္ကေလးကို ကြၽန္ဇာတ္သြင္းေနတယ္လို႔ပဲျမင္မိတယ္..ကေလးေတြကို အ႐ြယ္နဲ႕မမွ်ေအာင္ ခိုင္းစားလို႔ေကာင္းေအာင္ ျမႇောက္ေပးေနသလိုပါဘဲ.. (Y.P.T’s post and comments)