ၾကားသိရသမွ်

ကားထဲကို 95 ထည့်မလို့ ဆီဆိုင်သို့ သွားလိုက်သောအခါ…

ကားထဲကို 95 ထည့္မလို႕ ဆီဆိုင္သို႕ သြားလိုက္ေသာအခါ…

ညီေလး ကားထဲကို 95 ထည့္ေပးပါ၊

“95 ကုန္ေနတယ္အက္ို”

ဒါျဖင့္လည္း 92 ပဲ ထည့္

“92 လည္း ျပတ္ေနတယ္ ခင္ဗ်”

ဟာ ဒုကၡပါပဲ အဲဒါဆို မီးစက္ႏွိုးဖို႔ ပုံးထဲကို ဒီဇယ္ထည့္ေပးလိုက္၊

“ဒီဇယ္လည္း မရွိဘူး ခင္ဗ်”

ရိုးရိုးဒီဇယ္ မရွိရင္ ပရီမီယံဒီဇယ္ပဲ ယူလိုက္မယ္

“ပရီမီယံလည္း မရွိဘူး အကို”

မင္းတို႔ဟာကလည္းကြာ ဘာဆီမွ မရွိဘဲ ဆီဆိုင္ဖြင့္ေနေသးတယ္၊ သြား မန္ေနဂ်ာသြားေခၚလိုက္။

ဆီဆိုင္ကို ေသာ့သာခတ္ၿပီး ပိတ္ထားလိုက္လို႔ ေျပာမလို႔။

🤣”ဟုတ္အကို က်ေတာ္တို႔မန္ေနဂ်ာလည္းမရွိပါဘူး။

ဆိုင္ပိတ္မလို႔ ေသာ့ခေလာက္သြားဝယ္တာ လမ္းမွာ ဆီျပတ္ၿပီး ျပန္မေရာက္ေသးလို႔ပါ”😮

အားလံုး ရယ္ေမာေပ်ာ္ရႊင္ ႏိုင္ၾကပါေစ…။

Credit to orginal

unicode

ကားထဲကို 95 ထည့်မလို့ ဆီဆိုင်သို့ သွားလိုက်သောအခါ…

ညီလေး ကားထဲကို 95 ထည့်ပေးပါ၊

“95 ကုန်နေတယ်အက်ို”

ဒါဖြင့်လည်း 92 ပဲ ထည့်

“92 လည်း ပြတ်နေတယ် ခင်ဗျ”

ဟာ ဒုက္ခပါပဲ အဲဒါဆို မီးစက်နှိုးဖို့ ပုံးထဲကို ဒီဇယ်ထည့်ပေးလိုက်၊

“ဒီဇယ်လည်း မရှိဘူး ခင်ဗျ”

ရိုးရိုးဒီဇယ် မရှိရင် ပရီမီယံဒီဇယ်ပဲ ယူလိုက်မယ်

“ပရီမီယံလည်း မရှိဘူး အကို”

မင်းတို့ဟာကလည်းကွာ ဘာဆီမှ မရှိဘဲ ဆီဆိုင်ဖွင့်နေသေးတယ်၊ သွား မန်နေဂျာသွားခေါ်လိုက်။

ဆီဆိုင်ကို သော့သာခတ်ပြီး ပိတ်ထားလိုက်လို့ ပြောမလို့။

🤣”ဟုတ်အကို ကျတော်တို့မန်နေဂျာလည်းမရှိပါဘူး။

ဆိုင်ပိတ်မလို့ သော့ခလောက်သွားဝယ်တာ လမ်းမှာ ဆီပြတ်ပြီး ပြန်မရောက်သေးလို့ပါ”😮

အားလုံး ရယ်မောပျော်ရွှင် နိုင်ကြပါစေ…။

Credit to orginal