ၾကားသိရသမွ်

(၈) တန်းအောင်တာနဲ့ တက်ရောက်နိုင်မယ့် သမဝါယမ စာရင်းကိုင်ပညာ သင်တန်း ဖွင့်ပါပြီ

(၈) တန်း အောင်တာနဲ့ တက်ရောက်နိုင်မယ့် သမဝါယမ စာရင်းကိုင်ပညာ သင်တန်း ဖွင့်ပါပြီ

(၈) တန်း အောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်မယ့် သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းကို မကွေးမြို့မှာ ယခုလ ဇွန်လ ၁၆ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာ​ ဖြစ်တယ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

သင်တန်းကျောင်းကာလ အချိန်မှာ ၂ နှစ်ဖြစ်ပြီး သင်တန်းပြီးပါက သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၊ သမဝါယမ ဦးစီးဌာန ပညာရေးနဲ့ လေ့ကျင့် သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့ က Diploma in Business Accounting ပေးအပ် ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက … “ရည်ရွယ်ချက်က ပညာဆက်သင်ဖို့ အခက်အခဲ ရှိသူတွေကို စာရင်းရေး ၊ စာရင်းကိုင်ပညာနဲ့အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင်နဲ့ သင်တန်းသားထဲကနေ ထူးချွန်သူတွေကို ရွေးချယ်ပြီး သမဝါယမ ကောလိပ်၊ သမဝါယမနဲ့ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ကို ပေါင်းကူးပြီး ပညာ ဆက်သင်ကြားနိုင်ဖို့ အခွင့်အလမ်း ဖန်တီးပေးတာပါ” လို့ ပြောပါတယ်။

အဲ့ဒီသင်တန်း တက်ရောက်သူတွေကို နိုင်ငံတော်က စားသောက်စရိတ်အ​ဖြစ် တလကို ၃ သောင်းကျပ်အပြင် ဝတ်စုံစရိတ် တစ်နှစ်စာအတွက် ၂၅၀၀၀ ကျပ် ထောက်ပံ့ပေးမှာ ဖြစ်ပြီး နယ်ဝေးကနေ လာတက်မယ့်သူ တွေကိုလည်း နေထိုင်စရာ ​အဆောင် စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောင်းအပ်နှံထားသူပေါင်း ၇၈ ဦး ရှိပြီး အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၄၉ ဦး ဖြစ်တယ်လို့ သိရပါတယ်။

သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းကိုတော့ မကွေးမြို့၊ မကွေးဘူတာ တောင်ဘက် ၊ အောင်မေတ္တာ (ဃ)ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ မည်သူမဆို ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Credit To Original Uploader

Zawgyi ဖြင့် ဖတ်ရန်

(၈) တန္း ေအာင္တာနဲ႕ တက္ေရာက္နိုင္မယ့္ သမဝါယမ စာရင္းကိုင္ပညာ သင္တန္း ဖြင့္ပါၿပီ

(၈) တန္း ေအာင္ျမင္ၿပီးသူတိုင္း တက္ေရာက္နိုင္မယ့္ သမဝါယမ စာရင္းေရး စာရင္းကိုင္ သက္ေမြးပညာ သင္တန္းေက်ာင္းကို မေကြးၿမိဳ႕မွာ ယခုလ ဇြန္လ ၁၆ ရက္ေန႕မွာ စတင္ ဖြင့္လွစ္သြားမွာ ျဖစ္တယ္လို႔ သမဝါယမနဲ႕ ေက်းလက္ဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာနကေန သိရပါတယ္။

သင္တန္းေက်ာင္းကာလ အခ်ိန္မွာ ၂ ႏွစ္ျဖစ္ၿပီး သင္တန္းၿပီးပါက သမဝါယမနဲ႕ ေက်းလက္ဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာန ၊ သမဝါယမ ဦးစီးဌာန ပညာေရးနဲ႕ ေလ့က်င့္ သင္ၾကားေရးဆိုင္ရာ ၫႊန္ၾကားမႈအဖြဲ႕ က Diploma in Business Accounting ေပးအပ္ ခ်ီးျမႇင့္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

သမဝါယမနဲ႕ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန တာဝန္ရွိသူ တဦးက … ရည္႐ြယ္ခ်က္က ပညာဆက္သင္ဖို႔ အခက္အခဲ ရွိသူေတြကို စာရင္းေရး ၊ စာရင္းကိုင္ပညာနဲ႕အသက္ေမြးဝမ္းေက်ာင္း ျပဳနိုင္ေအာင္နဲ႕ သင္တန္းသားထဲကေန ထူးခြၽန္သူေတြကို ေ႐ြးခ်ယ္ၿပီး သမဝါယမ ေကာလိပ္၊ သမဝါယမနဲ႕ စီမံခန႔္ခြဲမႈပညာ တကၠသိုလ္ကို ေပါင္းကူးၿပီး ပညာ ဆက္သင္ၾကားနိုင္ဖို႔ အခြင့္အလမ္း ဖန္တီးေပးတာပါ လို႔ ေျပာပါတယ္။

အဲ့ဒီသင္တန္း တက္ေရာက္သူေတြကို နိုင္ငံေတာ္က စားေသာက္စရိတ္အျဖစ္ တလကို ၃ ေသာင္းက်ပ္အျပင္ ဝတ္စုံစရိတ္ တစ္ႏွစ္စာအတြက္ ၂၅၀၀၀ က်ပ္ ေထာက္ပံ့ေပးမွာ ျဖစ္ၿပီး နယ္ေဝးကေန လာတက္မယ့္သူ ေတြကိုလည္း ေနထိုင္စရာ အေဆာင္ စီစဥ္ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ေက်ာင္းအပ္ႏွံထားသူေပါင္း ၇၈ ဦး ရွိၿပီး အမ်ိဳးသား ၂၉ ဦးနဲ႕ အမ်ိဳးသမီး ၄၉ ဦး ျဖစ္တယ္လို႔ သိရပါတယ္။

သမဝါယမ စာရင္းေရး စာရင္းကိုင္ သက္ေမြးပညာ သင္တန္းေက်ာင္းကိုေတာ့ မေကြးၿမိဳ႕၊ မေကြးဘူတာ ေတာင္ဘက္ ၊ ေအာင္ေမတၱာ (ဃ)ရပ္ကြက္၊ ျမင္းကင္းေက်း႐ြာအနီးမွာ ဖြင့္လွစ္ထားတာ ျဖစ္ၿပီး တက္ေရာက္လိုသူေတြအေနနဲ႕ မည္သူမဆို ဆက္သြယ္ စုံစမ္းနိုင္တယ္လို႔ သိရပါတယ္။

Credit To Original Uploader