ၾကားသိရသမွ်

ဝဋ်ကျွေးတွေရှိရင် … ဒီဘဝနဲ့ကျေပါစေ သားလေးရယ်။မိခင်ဖြစ်သူကိုကယ်ရင်း ကွယ်လွန်သွားတဲ့ သား

ဝဋ်ကျွေးတွေရှိရင် … ဒီဘဝနဲ့ကျေပါစေ သားလေးရယ်။မိခင်ဖြစ်သူကိုကယ်ရင်း ကွယ်လွန်သွားတဲ့ သား

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျကာ သေဆုံးသွားသည့် သမိန်ထောသိမ်ကုန်းမှ သားအမိနှစ်ဦး၏ နောက်ဆုံးခရီးသို့ သွားရောက်အားပေးခဲ့ပါတယ်၊ရင်ထဲမိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်။ ကျွန်တော်မျက်ရည်ဝဲခဲ့ရပါတယ် မြင်ကွင်းတွေကြည့်ပြီ

ဆယ်တန်းကျောင်းသားနှင့် ကိုးတန်းကျောင်းသား သားနှစ်ဦးကျန်ရှိခဲ့ပါတယ်။သေဆုံးသူများအားအဖက်ဖက်မှ ပံပိုးကူညီသူများအား မိသားစုကိုယ်စားကျေးဇူးတင်ရှိပါကြောင်း

ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံမြို့နယ် သမိန်ထောသိမ်ကုန်းကျေးရွာတွင်နံက်၃နာရီ၁၅မိနစ်အချိန်ခန့်တွင် ဝီဝီ ဝီဝီ အသံကြားရ၍ နေအိမ်အရှေ့ ထွက်ကြည့်ရာ ဖျာပုံ-ကျုံကဒွန်းသို့ သွယ်တန်းထားသော (၁၂၀၀၀.ဗို့အား)ရှိ ဓာတ်ကြိုး တစ်ချောင်းပျက်ကျသဖြင့် သားအမိနှစ်ဦး ရင်နင့်ဖွယ်သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာနံက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒေါ်တင်တင်ဝင်း သားဖြစ်သူ မောင်ညီညီအောင် တို့ နေအိမ်၌ ရှိနေစဉ် နေအိမ်အရှေ့ ဖျာပုံ-ကျုံကဒွန်း လမ်းပေါ်မှ ခရီးသွား များမှ ထန်းပင်မီးလောင်နေကြောင်း အော်ဟစ်သံကြား၍ နေအိမ်အရှေ့ထွက်ကြည့်ရာ ၎င်း၏ မျက်နှာချင်းဆိုင် လမ်းတစ်ဘက်ရှိ ဒေါ်တင်တင်ဝင်း၏ ခြံမှ ဖြတ်သန်းသွယ်ထားသော

(၁၂၀၀၀.ဗို့အား)ရှိ ဖျာပုံမြို့မှ ကျုံကဒွန်းကျေးရွာသို့သွယ်တန်းထားသော ဓာတ်အားလိုင်းဓာတ်ကြိုး (၃)ချောင်းရှိသည့်အနက်မှ ယာဘက်အစွန်းရှိ ဓာတ်ကြိုး (၁)ချောင်း မှာ ဒေါ်တင်တင်ဝင်း (၄၀)နှစ်၊(ဘ)ဦးကြိုင်၊ဈေးရောင်း ၊သမိန်ထောသိမ်ကုန်ကျေးရွာနေသူ၏ ခြံထဲရှိ ထန်းပင်နှင့် ထိပြီး ထန်းပင်ပေါ်ရှိ ထန်းလျက်ခြောက်များမှာ မီးလောင်နေသည်ကို တွေ့ရပြီး

ဓာတ်ကြိုးမှာလည်း “ဝီဝီ.. ဝီဝီ” ဟု အသံမြည်နေသည်ကိုကြားရ၍ ဒေါ်တင်တင်ဝင်းမှ နေအိမ်အရှေ့သို့ ထွက်ကြည့်စဉ် ဓာတ်ကြိုးမှာ ပျက်ကျပြီး ၎င်း၏ ခြေထောက်အားရိုက်မိသဖြင့် ၎င်းမှာမှောက်လျက်အနေအထား လဲကျသွားပြီး ဓာတ်လိုက်ကာ မီးလောင်နေစဉ် သားဖြစ်သူ မောင်ညီညီအောင် (၁၂)နှစ်၊ပဉ္စမတန်း (အ.ထ.က၊သမိန်ထော) ကျောင်းသားကလေးက အိမ်ထဲမှပြေးထွက်လာကာ မိခင်ဖြစ်သူမီးလောင်နေသည်ကို ပြေးဆွဲရာ ထပ်မံထပ်လိုက်ပြီးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါဓာတ်လိုက်သေဆုံးသွားသော သားအမိနှစ်ဦးရုပ်အလောင်းအား ဖျာပုံမြို့နယ်၊ကနိတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ခဲ့ပြီး သေဆုံးမှုနှင့်ပတ်သတ်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးနိုင်ရန်အတွက် ကျုံကဒွန်း နယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#Crd

ဝဋ္ေကၽြးေတြရွိရင္ … ဒီဘဝနဲ႔ေကၽပါေစ သားေလးရယ္။မိခင္ျဖစ္သူကိုကယ္ရင္း ကြယ္လြန္သြားတဲ့ သား

လွ်ပ္စစ္ဓာတ္ႀကိဳးျပတ္က်ကာ ေသဆုံးသြားသည့္ သမိန္ေထာသိမ္ကုန္းမွ သားအမိႏွစ္ဦး၏ ေနာက္ဆုံးခရီးသို႔ သြားေရာက္အားေပးခဲ့ပါတယ္၊ရင္ထဲမိသားစုနဲ႔ထပ္တူဝမ္းနည္းမိပါတယ္။ ကြၽန္ေတာ္မ်က္ရည္ဝဲခဲ့ရပါတယ္ ျမင္ကြင္းေတြၾကည့္ၿပီ

ဆယ္တန္းေက်ာင္းသားႏွင့္ ကိုးတန္းေက်ာင္းသား သားႏွစ္ဦးက်န္ရွိခဲ့ပါတယ္။ေသဆုံးသူမ်ားအားအဖက္ဖက္မွ ပံပိုးကူညီသူမ်ားအား မိသားစုကိုယ္စားေက်းဇူးတင္ရွိပါေၾကာင္း

ဧရာဝတီတိုင္းေဒသႀကီး ၊ဖ်ာပုံၿမိဳ႕နယ္ သမိန္ေထာသိမ္ကုန္းေက်း႐ြာတြင္နံက္၃နာရီ၁၅မိနစ္အခ်ိန္ခန႔္တြင္ ဝီဝီ ဝီဝီ အသံၾကားရ၍ ေနအိမ္အေရွ႕ ထြက္ၾကည့္ရာ ဖ်ာပုံ-က်ဳံကဒြန္းသို႔ သြယ္တန္းထားေသာ (၁၂၀၀၀.ဗို႔အား)ရွိ ဓာတ္ႀကိဳး တစ္ေခ်ာင္းပ်က္က်သျဖင့္ သားအမိႏွစ္ဦး ရင္နင့္ဖြယ္ေသဆုံးခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာနံက္ ၃ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ ေဒၚတင္တင္ဝင္း သားျဖစ္သူ ေမာင္ညီညီေအာင္ တို႔ ေနအိမ္၌ ရွိေနစဥ္ ေနအိမ္အေရွ႕ ဖ်ာပုံ-က်ဳံကဒြန္း လမ္းေပၚမွ ခရီးသြား မ်ားမွ ထန္းပင္မီးေလာင္ေနေၾကာင္း ေအာ္ဟစ္သံၾကား၍ ေနအိမ္အေရွ႕ထြက္ၾကည့္ရာ ၎၏ မ်က္ႏွာခ်င္းဆိုင္ လမ္းတစ္ဘက္ရွိ ေဒၚတင္တင္ဝင္း၏ ၿခံမွ ျဖတ္သန္းသြယ္ထားေသာ

(၁၂၀၀၀.ဗို႔အား)ရွိ ဖ်ာပုံၿမိဳ႕မွ က်ဳံကဒြန္းေက်း႐ြာသို႔သြယ္တန္းထားေသာ ဓာတ္အားလိုင္းဓာတ္ႀကိဳး (၃)ေခ်ာင္းရွိသည့္အနက္မွ ယာဘက္အစြန္းရွိ ဓာတ္ႀကိဳး (၁)ေခ်ာင္း မွာ ေဒၚတင္တင္ဝင္း (၄၀)ႏွစ္၊(ဘ)ဦးႀကိဳင္၊ေဈးေရာင္း ၊သမိန္ေထာသိမ္ကုန္ေက်း႐ြာေနသူ၏ ၿခံထဲရွိ ထန္းပင္ႏွင့္ ထိၿပီး ထန္းပင္ေပၚရွိ ထန္းလ်က္ေျခာက္မ်ားမွာ မီးေလာင္ေနသည္ကို ေတြ႕ရၿပီး

ဓာတ္ႀကိဳးမွာလည္း “ဝီဝီ.. ဝီဝီ” ဟု အသံျမည္ေနသည္ကိုၾကားရ၍ ေဒၚတင္တင္ဝင္းမွ ေနအိမ္အေရွ႕သို႔ ထြက္ၾကည့္စဥ္ ဓာတ္ႀကိဳးမွာ ပ်က္က်ၿပီး ၎၏ ေျခေထာက္အား႐ိုက္မိသျဖင့္ ၎မွာေမွာက္လ်က္အေနအထား လဲက်သြားၿပီး ဓာတ္လိုက္ကာ မီးေလာင္ေနစဥ္ သားျဖစ္သူ ေမာင္ညီညီေအာင္ (၁၂)ႏွစ္၊ပၪၥမတန္း (အ.ထ.က၊သမိန္ေထာ) ေက်ာင္းသားကေလးက အိမ္ထဲမွေျပးထြက္လာကာ မိခင္ျဖစ္သူမီးေလာင္ေနသည္ကို ေျပးဆြဲရာ ထပ္မံထပ္လိုက္ၿပီးေသဆုံးသြားေၾကာင္း သိရသည္။

အဆိုပါဓာတ္လိုက္ေသဆုံးသြားေသာ သားအမိႏွစ္ဦး႐ုပ္အေလာင္းအား ဖ်ာပုံၿမိဳ႕နယ္၊ကနိတိုက္နယ္ေဆး႐ုံသို႔ ရဲေဆးစာျဖင့္ ပို႔ေဆာင္ခဲ့ၿပီး ေသဆုံးမႈႏွင့္ပတ္သတ္၍ ဓမၼာတာအတိုင္း ေသဆုံးျခင္းဟုတ္/မဟုတ္စစ္ေဆးႏိုင္ရန္အတြက္ က်ဳံကဒြန္း နယ္ေျမရဲစခန္းမွ အမႈဖြင့္လွစ္ၿပီး စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

#Crd