ၾကားသိရသမွ်

လုံခြုံရေးအစောင့်ထံမှ အစားအစာကိုအမြဲမကြောက်မလန့် ခိုးယူလေ့ရှိတဲ့ မျောက်ကလေး..See more. ..

လုံခြုံရေးအစောင့်ထံမှ အစားအစာကိုအမြဲမကြောက်မလန့် ခိုးယူလေ့ရှိတဲ့ မျောက်လေး

မျောက်တွေက လိမ္မာပါးနပ်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့တိရိစ္ဆာန်လို့ပြောလျှင် လူတိုင်းလိုလိုက သဘောတူကြပါလိမ့်မယ်။ Hafiz အမည်ရှိလုံခြုံရေးအစောင့်တစ်ဦးဟာ CCTV ကင်မရာများဖြင့် အောင်မြင်စွာမှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံဗီဒီယိုကို TikTok ပေါ်သို့ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ဗီဒီယိုထဲမှာ လုံခြုံရေးအစောင့်ဟာ သူပေါင်မုန့်စားနေစဉ် မျောက်တစ်ကောင်က ပြတင်းပေါက်ကနေပေါ်လာပြီး လုံခြုံရေးအစောင့်ရဲ့လက်ထဲမှပေါင်မုန့်ကို ပိုင်ရှင် မကိုက်စားလိုက်မီအချိန်လေးမှာ ထိုမျောက်က လျင်မြန်စွာ လုယူစားပစ်ခဲ့ပါတယ်။ ဒါတင်မက ထိုမျောက်ဟာ Hafiz ရဲ့မုန့်အားလုံးကို အကုန်လုယူချင်နေခဲ့ပါတယ်။

နောက်ဆုံးမှာ Hafiz ဟာ ကျန်နေတဲ့ပလတ်စတစ်ထဲရှိပေါင်မုန့်ကိုလည်း ထိုမျောက်အားလွှဲပေးခဲ့ရပါတယ်။ထိုမျောက်ဟာ Hafiz ရဲ့အစာကို ပြန်ခိုးဖို့နောက်ထပ်ပြန်လာခဲ့ပေမဲ့ တစ်ကြိမ်(သို့)နှစ်ကြိမ် ထပ်ပိုပြီးမခိုးယူနိုင်ခဲ့ပါဘူး။

ထိုမျောက်တစ်ကောင်ထဲကသာ သူ့ထံအကြိမ်ကြိမ်လာပြီး မုန့်ခိုးယူနေခဲ့တာကို Hafiz က သိနေတဲ့အပြင် ထိုအဖြစ်အပျက်မျိုးထပ်မဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်းရှိပေမဲ့ Hafiz က ဘာကြောင့်မကာကွယ်ခဲ့တာလဲဆိုတာကို လူများစွာက အံ့ဩစွာ သိချင်နေခဲ့ကြပါတယ်။

ဒီမတိုင်ခင်က Lisa အမည်ရှိတဲ့ထိုမျောက်က Hafiz ရဲ့အလုပ်ခွင်ကိုလာပြီး နောက်ပိုင်းမှာ Hafiz နဲ့ သူငယ်ချင်းဖြစ်သွားပုံရပါတယ်။

Lisa က Hafiz ရဲ့အစားအစာကို မကြာခဏလုယူစားခဲ့ပေမဲ့လည်း Hafiz က Lisa ကိုမငြိုငြင်နေခဲ့သလို မကြာခဏ Lisa နှင့်လည်းဆော့ကစားပေးလေ့ရှိပါတယ်။နောက်ပိုင်းမှာ Hafiz က Lisa ကိုကျွေးမွေးပြီး ၎င်းတို့ရဲ့အပြန်အလှန်ဆက်သွယ်မှုပုံစံကိုလည်း မှတ်တမ်းတင်ထားကာပြန်လည်ဝေမျှပေးခဲ့ပါတယ်။ မျောက်နဲ့မုန့်လုယက်စားနေခဲ့တဲ့ Hafiz ရဲ့ထိုဗီဒီယိုက TikTok မှာတင်ပြီးနောက်ပိုင်း ကြည့်ရှုသူပေါင်း ၆.၉ သန်းကျော်အထိရှိခဲ့ပါတယ်။ ထိုအချိန်မှစပြီး Hafiz ကိုလူသိများလာပြီး သူဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ follower များစွာရရှိလာခဲ့ပါတယ်။

လူများစွာက Hafiz ရဲ့ကြင်နာမှုအတွက် ချီးကျူးခဲ့ကြပြီး Lisa က သူ့အစားအစာကိုမကြာခဏလာလုစားတတ်ပေမဲ့လည်း Hafiz က ဂရုမစိုက်ဘဲ Lisa ကိုအရမ်းချစ်တဲ့အပြင် Lisa ရှိနေခြင်းကြောင့်လည်း သူ့ရဲ့အလုပ်မှာ သိပ်အထီးကျန်ဆန်တော့မှာမဟုတ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

Zawgyi

လုံခြုံရေးအစောင့်ထံမှ အစားအစာကိုအမြဲမကြောက်မလန့် ခိုးယူလေ့ရှိတဲ့ မျောက်လေး

မျောက်တွေက လိမ္မာပါးနပ်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့တိရိစ္ဆာန်လို့ပြောလျှင် လူတိုင်းလိုလိုက သဘောတူကြပါလိမ့်မယ်။ Hafiz အမည်ရှိလုံခြုံရေးအစောင့်တစ်ဦးဟာ CCTV ကင်မရာများဖြင့် အောင်မြင်စွာမှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံဗီဒီယိုကို TikTok ပေါ်သို့ ပြန်လည်မျှဝေပေးခဲ့ပါတယ်။


ဗီဒီယိုထဲမှာ လုံခြုံရေးအစောင့်ဟာ သူပေါင်မုန့်စားနေစဉ် မျောက်တစ်ကောင်က ပြတင်းပေါက်ကနေပေါ်လာပြီး လုံခြုံရေးအစောင့်ရဲ့လက်ထဲမှပေါင်မုန့်ကို ပိုင်ရှင် မကိုက်စားလိုက်မီအချိန်လေးမှာ ထိုမျောက်က လျင်မြန်စွာ လုယူစားပစ်ခဲ့ပါတယ်။ ဒါတင်မက ထိုမျောက်ဟာ Hafiz ရဲ့မုန့်အားလုံးကို အကုန်လုယူချင်နေခဲ့ပါတယ်။ နောက်ဆုံးမှာ Hafiz ဟာ ကျန်နေတဲ့ပလတ်စတစ်ထဲရှိပေါင်မုန့်ကိုလည်း ထိုမျောက်အားလွှဲပေးခဲ့ရပါတယ်။ထိုမျောက်ဟာ Hafiz ရဲ့အစာကို ပြန်ခိုးဖို့နောက်ထပ်ပြန်လာခဲ့ပေမဲ့ တစ်ကြိမ်(သို့)နှစ်ကြိမ် ထပ်ပိုပြီးမခိုးယူနိုင်ခဲ့ပါဘူး။

ထိုမျောက်တစ်ကောင်ထဲကသာ သူ့ထံအကြိမ်ကြိမ်လာပြီး မုန့်ခိုးယူနေခဲ့တာကို Hafiz က သိနေတဲ့အပြင် ထိုအဖြစ်အပျက်မျိုးထပ်မဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်းရှိပေမဲ့ Hafiz က ဘာကြောင့်မကာကွယ်ခဲ့တာလဲဆိုတာကို လူများစွာက အံ့ဩစွာ သိချင်နေခဲ့ကြပါတယ်။ ဒီမတိုင်ခင်က Lisa အမည်ရှိတဲ့ထိုမျောက်က Hafiz ရဲ့အလုပ်ခွင်ကိုလာပြီး နောက်ပိုင်းမှာ Hafiz နဲ့ သူငယ်ချင်းဖြစ်သွားပုံရပါတယ်။

Lisa က Hafiz ရဲ့အစားအစာကို မကြာခဏလုယူစားခဲ့ပေမဲ့လည်း Hafiz က Lisa ကိုမငြိုငြင်နေခဲ့သလို မကြာခဏ Lisa နှင့်လည်းဆော့ကစားပေးလေ့ရှိပါတယ်။နောက်ပိုင်းမှာ Hafiz က Lisa ကိုကျွေးမွေးပြီး ၎င်းတို့ရဲ့အပြန်အလှန်ဆက်သွယ်မှုပုံစံကိုလည်း မှတ်တမ်းတင်ထားကာပြန်လည်ဝေမျှပေးခဲ့ပါတယ်။ မျောက်နဲ့မုန့်လုယက်စားနေခဲ့တဲ့ Hafiz ရဲ့ထိုဗီဒီယိုက TikTok မှာတင်ပြီးနောက်ပိုင်း ကြည့်ရှုသူပေါင်း ၆.၉ သန်းကျော်အထိရှိခဲ့ပါတယ်။ ထိုအချိန်မှစပြီး Hafiz ကိုလူသိများလာပြီး သူဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ follower များစွာရရှိလာခဲ့ပါတယ်။

လူများစွာက Hafiz ရဲ့ကြင်နာမှုအတွက် ချီးကျူးခဲ့ကြပြီး Lisa က သူ့အစားအစာကိုမကြာခဏလာလုစားတတ်ပေမဲ့လည်း Hafiz က ဂရုမစိုက်ဘဲ Lisa ကိုအရမ်းချစ်တဲ့အပြင် Lisa ရှိနေခြင်းကြောင့်လည်း သူ့ရဲ့အလုပ်မှာ သိပ်အထီးကျန်ဆန်တော့မှာမဟုတ်ကြောင်း ပြောကြားခဲ့ကြပါတယ်။လေးစားလြှကျ..crd. Credit