ၾကားသိရသမွ်

အိမ္ေထာင္သက္(၂၅)ႏွစ္အတြင္းမွာ တစ္ခါမွရန္မျဖစ္လို႕ ေမးၾကည့္လိုက္ေသာအခါ…

အိမ္ေထာင္သက္(၂၅)ႏွစ္အတြင္းမွာ တစ္ခါမွရန္မျဖစ္လို႕ ေမးၾကည့္လိုက္ေသာအခါ…

လင္မယားႏွစ္ေယာက္ဟာ သူတို႔ရဲ့ အိမ္ေထာင္သက္၂၅ႏွစ္အတြင္းမွာ တစ္ခါမွကေတာက္ကဆ မျဖစ္ဖူးဘူးလို႔ ၿမိဳ႕မွာ နာမည္ႀကီး ပါတယ္။

ဒါေၾကာင့္ …နယ္ခံသတင္းစာရဲ့ အယ္ဒီတာကအဲဒီ ေပ်ာ္ရႊင္ခ်မ္းေျမ့တဲ့ အိမ္ေထာင္ေရးရဲ့ လၽွို႔ဝွက္ခ်က္ကို ေမးျမန္းေဖာ္ထုတ္ဖို႔ အစီအစဥ္တစ္ခု လုပ္လိုက္ပါတယ္။

အယ္ဒီတာက…”ဒီအျဖစ္အပ်က္က မယုံနိုင္စရာ အံ့အားသင့္ဖို႔ ေကာင္းလြန္းပါတယ္။ ဒီလို အိမ္ေထာင္ေရးမ်ိဳးကို ဘယ္လိုမ်ား တည္ေဆာက္ခဲ့ၾကပါသလဲ ခင္ဗ်ာ?”

ေယာက္်ားျဖစ္သူက သူတို႔ရဲ့ Honeymoon ေန႔ရက္ေတြကို ျပန္ေတြးရင္း ေျပာပါတယ္…”က်ေတာ္တို႔ေတြ Honeymoon မွာေတာဖက္ကို သြားခဲ့ၾကပါတယ္။

အဲဒီမွာ ျမင္းစီးသြားမယ္ဆိုၿပီး ျမင္းတစ္ေကာင္စီ စီးၾကတာေပါ့ဗ်ာ””အဲဒီမွာ က်ေတာ့္ျမင္းက စီးရတာ အဆင္ေျပေပမယ့္ က်ေတာ့္မိန္းမစီးတဲ့ ျမင္းကေတာ့ နည္းနည္းရိုင္းပုံရတယ္ဗ်”

“လမ္းမွာ သြားေနရင္းနဲ႔ပဲ အဲဒီျမင္း ႐ုတ္တရက္ထခုန္လိုက္တာ က်ေတာ့္မိန္းမ ဒယိမ္းဒယိုင္ျဖစ္ၿပီး ျပဳတ္က်ပါေလေရာ”

“ဒါေပမယ့္ သူက ေျမႀကီးေပၚကေန လူးလဲထၿပီး ျမင္းရဲ့ေက်ာကုန္းေလးကို အသာေလးပြတ္ေပးရင္းနဲ႔ ျမင္းကို…

“ဒါ မင္းရဲ့ ပထမဆုံးအႀကိမ္ေနာ္…” လို႔ေျပာပါတယ္။

ေျပာၿပီးေတာ့ သူလည္း ျမင္းေက်ာေပၚျပန္တက္ၿပီး ခရီးဆက္ခဲ့တာေပါ့ဗ်ာ။

ခဏအၾကာမွာ ေစာေစာကလိုပဲ ျဖစ္ျပန္ပါတယ္။ ဒီတစ္ခါမွာလည္း က်ေတာ့္မိန္းမက တည္တည္ၿငိမ္ၿငိမ္ပဲ …

“ဒါ မင္းရဲ့ ဒုတိယအႀကိမ္ေနာ္…” လို႔ ေျပာၿပီးဆက္သြားၾကျပန္ပါတယ္။

တတိယအႀကိမ္ေျမာက္ ျမင္းက ခါခ်တဲ့အခါမွာေတာ့ က်ေတာ့္မိန္းမက ဘာမွမေျပာပဲ ေျခာက္လုံးျပဴးေသနတ္ကို ပိုက္ဆံအိတ္ထဲက ထုတ္ၿပီး ျမင္းကို အေသပစ္သတ္လိုက္ပါေလေရာဗ်ာ။

“က်ေတာ္လည္း ေဒါသထြက္ထြက္နဲ႔ မင္း ဘယ္လိုလုပ္လိုက္တာလည္းကြ။ သနားစရာေကာင္းတဲ့ တိရိစၧာန္ေလးကို မင္းသတ္ပစ္လိုက္ၿပီ။

မင္း႐ူးေနလား!!!” လို႔ ေအာ္လိုက္မိတယ္။ အဲဒီအခါ က်ေတာ့္မိန္းမက က်ေတာ့္ကိုေအးစက္စက္ျပန္ၾကည့္ၿပီး ႏူးညံ့တဲ့ေလသံေလးနဲ႔
ဘာေျပာလဲဆိုေတာ့ …

“ေယာက္က်ားေရ… ဒါရွင့္ရဲ့ ပထမဆုံးအႀကိမ္ေနာ္…” တဲ့။

အဲဒီအခ်ိန္ကစၿပီး က်ေတာ္တို႔ေတြဘာျပႆနာမွမရွိဘဲ ႏွစ္ေယာက္အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနလာခဲ့ၾကတာ အခုအခ်ိန္အထိပါပဲဗ်ာ…”😂

#Credit…..♥️

unicode

အိမ်ထောင်သက်(၂၅)နှစ်အတွင်းမှာ တစ်ခါမှရန်မဖြစ်လို့ မေးကြည့်လိုက်သောအခါ…

လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တစ်ခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။

ဒါကြောင့် …နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာက…”ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ကြပါသလဲ ခင်ဗျာ?”

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်း ပြောပါတယ်…”ကျတော်တို့တွေ Honeymoon မှာတောဖက်ကို သွားခဲ့ကြပါတယ်။

အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ””အဲဒီမှာ ကျတော့်မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျတော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ”

“လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျတော့်မိန်းမ ဒယိမ်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော”

“ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို…

“ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်…” လို့ပြောပါတယ်။

ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျတော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ …

“ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်…” လို့ ပြောပြီးဆက်သွားကြပြန်ပါတယ်။

တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျတော့်မိန်းမက ဘာမှမပြောပဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

“ကျတော်လည်း ဒေါသထွက်ထွက်နဲ့ မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။

မင်းရူးနေလား!!!” လို့ အော်လိုက်မိတယ်။ အဲဒီအခါ ကျတော့်မိန်းမက ကျတော့်ကိုအေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့
ဘာပြောလဲဆိုတော့ …

“ယောက်ကျားရေ… ဒါရှင့်ရဲ့ ပထမဆုံးအကြိမ်နော်…” တဲ့။

အဲဒီအချိန်ကစပြီး ကျတော်တို့တွေဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ အခုအချိန်အထိပါပဲဗျာ…”😂

#Credit…..♥️