ၾကားသိရသမွ်

ဆရာတစ်ဦးတည်းဖြင့် ဖွင့်လှစ် သင်ကြားပေးနေတဲ့ ကိုယ်ထူကိုယ်ထကျောင်း

ဆရာတစ်ဦးတည်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကိုယ်ထူကိုယ်ထကျောင်း

ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာကျေးရွာကျောင်းကို ဆရာတစ်ဦးတည်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာ(ကိုယ်ဒူခွဲ) ကျေးရွာအခြေခံပညာ မူလတန်းကျောင်းကို ယခုနှစ် ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းအဖြစ် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက စတင် ဖွင့်လှစ်သင်ကြားပေးနေသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေး အခြေအနေကြောင့် ၂ နှစ်ကျော်ကြာ စာသင်ကျောင်းများ ပိတ်ထားခဲ့ရ၍ ကျေးရွာအသီးသီးမှ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် နောက်ကျကျန် နေသည့်အတွက် ဌာနေ ကလေးများအားလုံး စာသင်ယူ တတ်မြောက်နိုင်အောင် ယခုလို ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် ဖွင့်လှစ် သင်ကြားပေးရခြင်း ဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

“ သူငယ်တန်းကနေ လေးတန်းအထိ ကလေး ၂၉ ယောက် ရှိတယ်။ အတန်းခွဲအားလုံးကို ဆရာတစ်ယောက်ထဲကပဲ သင်ကြား ပေးနေတယ်ပေါ့နော်။ တိုင်းရင်းသား စာပေအတွက်ကတော့ ဆရာမ တစ်ယောက်က လာသင်ပေးတယ်။

သင်ထောက်ကူ ပစ္စည်းတွေ စာရေးခုံတွေ လိုအပ်တယ်။ ကျောင်းဆောင်ကလည်း ကျဉ်းကြပ်နေတော့ အခက်အခဲ ရှိတယ်။ ခုတော့ ရှိတဲ့ အင်အားနဲ့ပဲ ကလေးတွေစာတတ်မြောက်အောင် ကြိုးစားလုပ်ပေးနေတယ်” ဟု အမည်မဖော်လိုသူ ကျောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ စစ်ရေးနှင့် နိုင်ငံရေး အခြေနေကြောင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာ အသီးသီးမှ စာသင်ကျောင်းအများစုမှာ ပုံမှန် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ဖွင့်လှစ်နိုင်သည့် ကျေးရွာ စာသင်ကျောင်း အချို့လည်း ကိုယ်ထူကိုယ်ထ သင်ကြားရေး အစီအစဉ်ဖြင့်သာ ဖွင့်လှစ်နိုင်ကြသည်ဟု သိရသည်။

Credit … ကေအိုင်စီ (KIC)

Zawgyi ဖြင့် ဖတ်ရန်

ဆရာတစ္ဦးတည္းျဖင့္ ဖြင့္လွစ္သင္ၾကားေပးေနတဲ့ ကိုယ္ထူကိုယ္ထေက်ာင္း

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မယ္ဖလာေက်း႐ြာေက်ာင္းကို ဆရာတစ္ဦးတည္းျဖင့္ ဖြင့္လွစ္သင္ၾကားေပးေန

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မယ္ဖလာ(ကိုယ္ဒူခြဲ) ေက်း႐ြာအေျခခံပညာ မူလတန္းေက်ာင္းကို ယခုႏွစ္ ပညာသင္ႏွစ္တြင္ ကိုယ္ထူကိုယ္ထေက်ာင္းအျဖစ္ ေစတနာ့ဝန္ထမ္း ေက်ာင္းဆရာတစ္ဦးက စတင္ ဖြင့္လွစ္သင္ၾကားေပးေနသည္ဟု ေက်ာင္းတာဝန္ရွိသူမ်ားထံမွ သိရသည္။

ကိုဗစ္ကပ္ေရာဂါ ကူးစက္ျပန႔္ပြားမႈႏွင့္ နိုင္ငံေရး အေျခအေနေၾကာင့္ ၂ ႏွစ္ေက်ာ္ၾကာ စာသင္ေက်ာင္းမ်ား ပိတ္ထားခဲ့ရ၍ ေက်း႐ြာအသီးသီးမွ ေက်ာင္းေနအ႐ြယ္ကေလးမ်ား ပညာသင္ယူခြင့္ ေနာက္က်က်န္ ေနသည့္အတြက္ ဌာေန ကေလးမ်ားအားလုံး စာသင္ယူ တတ္ေျမာက္နိုင္ေအာင္ ယခုလို ကိုယ္ထူကိုယ္ထအစီအစဥ္ျဖင့္ ဖြင့္လွစ္ သင္ၾကားေပးရျခင္း ျဖစ္သည္ဟု ေက်ာင္းတာဝန္ရွိသူတစ္ဦးက ေကအိုင္စီ သို႔ ေျပာသည္။

သူငယ္တန္းကေန ေလးတန္းအထိ ကေလး ၂၉ ေယာက္ ရွိတယ္။ အတန္းခြဲအားလုံးကို ဆရာတစ္ေယာက္ထဲကပဲ သင္ၾကား ေပးေနတယ္ေပါ့ေနာ္။ တိုင္းရင္းသား စာေပအတြက္ကေတာ့ ဆရာမ တစ္ေယာက္က လာသင္ေပးတယ္။

သင္ေထာက္ကူ ပစၥည္းေတြ စာေရးခုံေတြ လိုအပ္တယ္။ ေက်ာင္းေဆာင္ကလည္း က်ဥ္းၾကပ္ေနေတာ့ အခက္အခဲ ရွိတယ္။ ခုေတာ့ ရွိတဲ့ အင္အားနဲ႕ပဲ ကေလးေတြစာတတ္ေျမာက္ေအာင္ ႀကိဳးစားလုပ္ေပးေနတယ္ ဟု အမည္မေဖာ္လိုသူ ေက်ာင္း တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

လက္ရွိ စစ္ေရးႏွင့္ နိုင္ငံေရး အေျခေနေၾကာင့္ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္ရွိ ေက်း႐ြာ အသီးသီးမွ စာသင္ေက်ာင္းအမ်ားစုမွာ ပုံမွန္ ျပန္လည္ ဖြင့္လွစ္နိုင္ျခင္း မရွိေသးဘဲ ဖြင့္လွစ္နိုင္သည့္ ေက်း႐ြာ စာသင္ေက်ာင္း အခ်ိဳ႕လည္း ကိုယ္ထူကိုယ္ထ သင္ၾကားေရး အစီအစဥ္ျဖင့္သာ ဖြင့္လွစ္နိုင္ၾကသည္ဟု သိရသည္။

Credit … ေကအိုင္စီ (KIC)