ၾကားသိရသမွ်

မကောင်းတဲ့အိပ်မက်တွေမက်တဲ့အခါ ဒီဂါထာလေး ရွတ်ဖတ်လိုက်ပါ…

နံနက္မိုးေသာက္ အလင္းေရာက္လို႔ ကိုယ့္စိတ္ထဲမွာ အိပ္မက္မေကာင္းတာ မက္ၿပီဆိုလို႔ရွိရင္ ဘာလုပ္မလဲ..၊

ဘုရားကိုရွိခိုး အာ႐ုံျပဳၿပီးတဲ့အခါမွာ ယံ ဒုႏၷိမိတၱံ အဝမဂၤလ ၪၥ၊ ေယာ စာ’မနာေပါ သကုဏႆ သေဒၵါ..၊

ပါပဂၢေဟာ ဒုႆုပိနံ အကႏၲံ၊ ဗုဒၶါႏုဘာေဝန ဝိနာသေမႏၲဳ။ တရားကို အာ႐ုံျပဳၿပီးတဲ့အခါမွာ ဓမၼာႏုဘာေဝန ဝိနာသ ေမႏၲဳ ၊ သံဃာ့ဂုဏ္ကို အာ႐ုံျပဳၿပီး သံဃာႏုဘာေဝန ဝိနာသေမႏၲဳ ဆိုတဲ့..၊

ေဟာဒီဂါထာေလးကို ႐ြတ္ဖတ္ၿပီး စိတ္ထဲမွာ ႏွလုံးသြင္းလိုက္လို႔ ကုသိုလ္ေတြ ျဖစ္ေပၚလာလို႔ရွိရင္ ခုနကေျပာတဲ့ အရာေတြအကုန္လုံးဟာ ေၾကေပ်ာက္သြားတယ္..။

ဘယ္လိုလုပ္ၿပီးေတာ့ ေၾကေပ်ာက္တာတုန္းဆိုရင္ ႏွလုံးထဲမွာ မၾကည္မလင္ျဖစ္တဲ့ အရာေတြဟာ..၊

ဘုရား တရား သံဃာကို အာ႐ုံျပဳလိုက္တာနဲ႔ကုသိုလ္ေတြ ရသြားၿပီး ရင္ထဲႏွလုံးထဲမွာ ၾကည္လင္႐ႊင္ပ်သြားတယ္။ အဲဒီသေဘာနဲ႔ ေပ်ာက္တာကို ဆိုလိုတာ..၊

ဒါေၾကာင့္မို႔ ဒုႏၷိမိတၳံ ဆိုတာ မေကာင္းတဲ့ နိမိတ္ ေတြ၊ အဝမဂၤလ ၪၥ မဂၤလာမရွိတဲ့ အရာေတြ၊ ေယာ စာမနာေပါ သကုဏႆ သေဒၵါ နားေထာင္ရတာ မႏွစ္သက္စရာေကာင္းတဲ့ ငွက္ဆိုးရဲ႕ အသံေတြ..၊

ပါပဂၢေဟာ မေကာင္းတဲ့ ၿဂိဳဟ္စီးဇာတာ ကံၾကမၼာေတြ၊ ဒုႆုပိနံ အကႏၲံ ႏွစ္သက္စရာမေကာင္းတဲ့ အိပ္မက္ဆိုးေတြ..၊

အဲဒီလူေတြရဲ႕ စိတ္ထဲမွာ မသန႔္တဲ့ မေကာင္းဘူးဆိုတဲ့ဟာေတြအားလုံဟာ ျမတ္စြာဘုရား ကို အာ႐ုံျပဳၿပီးေတာ့..၊

ရလိုက္တဲ့ကုသိုလ္ရဲ႕ စြမ္းအားနဲ႔ အားလုံးေၾကေပ်ာက္သြားပါေစလို႔ ဒီလိုဆိုတာေနာ္..။

အဲဒီလို ဘုရားကိုအာ႐ုံျပဳလိုက္လို႔ ရတဲ့ ကုသိုလ္ဟာ ဗုဒၶႆပူဇံ မဟာေတဇဝေႏၲာ ဆိုတဲ့အတိုင္း..၊

စြမ္းအားသတၱိေတြျပည့္ေနတယ္။ ဘုရားကို အာ႐ုံျပဳၾကည့္။ အာ႐ုံျပဳလိုက္လို႔ စိတ္ထဲမွာ ဘုရားဂုဏ္ေတာ္ေတြနဲ႔ ၾကည္ႏူးလာၿပီဆိုရင္..၊

အဲဒီကုသိုလ္ဟာ အခုေျပာခဲ့တဲ့ မေကာင္းတဲ့အရာေတြ၊ ကိုယ္အလိုမရွိတဲ့အရာေတြ ကိုယ့္သႏၲာန္ မွာမျဖစ္ေအာင္..၊

ကာကြယ္ေစာင့္ေရွာက္ ၿပီးသား ျဖစ္ပါတယ္တဲ့။မွန္ကန္တဲ့ နည္းလမ္းနဲ႔ေျပာတာေနာ္..။

ဒီအတိုင္းလုပ္ရင္ ယၾတာ ေခ်ၿပီးသား ျဖစ္တယ္ေနာ္။ဒါက နည္းတစ္ခုေျပာတာ..၊

ဒီတစ္နည္းနဲ႔လည္းပဲ ေကာင္းတဲ့နံနက္ခင္း ျဖစ္ေပၚလာေစႏိုင္တယ္။ ဘုရားကို အာ႐ုံျပဳျခင္းျဖင့္..၊

ကုသိုလ္ေတြရလာသည့္အတြက္ေၾကာင့္ ကိုယ့္အတြက္မွာ ဒါ ေကာင္းေသာနံနက္ခင္း ပဲ..၊

အိပ္ရာက ထလိုက္တာနဲ႔ ေကာင္းေသာနံနက္ခင္း ျဖစ္သြားတယ္လို႔ ဒီလိုဆိုတယ္..။

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ [ ပုပၺဏွသုတ္အႏွစ္ခ်ဳပ္ တရားေတာ္မွ ]

နံနက်မိုးသောက် အလင်းရောက်လို့ ကိုယ့်စိတ်ထဲမှာ အိပ်မက်မကောင်းတာ မက်ပြီဆိုလို့ရှိရင် ဘာလုပ်မလဲ..၊

ဘုရားကိုရှိခိုး အာရုံပြုပြီးတဲ့အခါမှာ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလ ဉ္စ၊ ယော စာ’မနာပေါ သကုဏဿ သဒ္ဒေါ..၊

ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသမေန္တု။ တရားကို အာရုံပြုပြီးတဲ့အခါမှာ ဓမ္မာနုဘာဝေန ဝိနာသ မေန္တု ၊ သံဃာ့ဂုဏ်ကို အာရုံပြုပြီး သံဃာနုဘာဝေန ဝိနာသမေန္တု ဆိုတဲ့..၊

ဟောဒီဂါထာလေးကို ရွတ်ဖတ်ပြီး စိတ်ထဲမှာ နှလုံးသွင်းလိုက်လို့ ကုသိုလ်တွေ ဖြစ်ပေါ်လာလို့ရှိရင် ခုနကပြောတဲ့ အရာတွေအကုန်လုံးဟာ ကြေပျောက်သွားတယ်..။

ဘယ်လိုလုပ်ပြီးတော့ ကြေပျောက်တာတုန်းဆိုရင် နှလုံးထဲမှာ မကြည်မလင်ဖြစ်တဲ့ အရာတွေဟာ..၊

ဘုရား တရား သံဃာကို အာရုံပြုလိုက်တာနဲ့ကုသိုလ်တွေ ရသွားပြီး ရင်ထဲနှလုံးထဲမှာ ကြည်လင်ရွှင်ပျသွားတယ်။ အဲဒီသဘောနဲ့ ပျောက်တာကို ဆိုလိုတာ..၊

ဒါကြောင့်မို့ ဒုန္နိမိတ္ထံ ဆိုတာ မကောင်းတဲ့ နိမိတ် တွေ၊ အဝမင်္ဂလ ဉ္စ မင်္ဂလာမရှိတဲ့ အရာတွေ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ နားထောင်ရတာ မနှစ်သက်စရာကောင်းတဲ့ ငှက်ဆိုးရဲ့ အသံတွေ..၊

ပါပဂ္ဂဟော မကောင်းတဲ့ ဂြိုဟ်စီးဇာတာ ကံကြမ္မာတွေ၊ ဒုဿုပိနံ အကန္တံ နှစ်သက်စရာမကောင်းတဲ့ အိပ်မက်ဆိုးတွေ..၊

အဲဒီလူတွေရဲ့ စိတ်ထဲမှာ မသန့်တဲ့ မကောင်းဘူးဆိုတဲ့ဟာတွေအားလုံဟာ မြတ်စွာဘုရား ကို အာရုံပြုပြီးတော့..၊

ရလိုက်တဲ့ကုသိုလ်ရဲ့ စွမ်းအားနဲ့ အားလုံးကြေပျောက်သွားပါစေလို့ ဒီလိုဆိုတာနော်..။

အဲဒီလို ဘုရားကိုအာရုံပြုလိုက်လို့ ရတဲ့ ကုသိုလ်ဟာ ဗုဒ္ဓဿပူဇံ မဟာတေဇဝန္တော ဆိုတဲ့အတိုင်း..၊

စွမ်းအားသတ္တိတွေပြည့်နေတယ်။ ဘုရားကို အာရုံပြုကြည့်။ အာရုံပြုလိုက်လို့ စိတ်ထဲမှာ ဘုရားဂုဏ်တော်တွေနဲ့ ကြည်နူးလာပြီဆိုရင်..၊

အဲဒီကုသိုလ်ဟာ အခုပြောခဲ့တဲ့ မကောင်းတဲ့အရာတွေ၊ ကိုယ်အလိုမရှိတဲ့အရာတွေ ကိုယ့်သန္တာန် မှာမဖြစ်အောင်..၊

ကာကွယ်စောင့်ရှောက် ပြီးသား ဖြစ်ပါတယ်တဲ့။မှန်ကန်တဲ့ နည်းလမ်းနဲ့ပြောတာနော်..။

ဒီအတိုင်းလုပ်ရင် ယတြာ ချေပြီးသား ဖြစ်တယ်နော်။ဒါက နည်းတစ်ခုပြောတာ..၊

ဒီတစ်နည်းနဲ့လည်းပဲ ကောင်းတဲ့နံနက်ခင်း ဖြစ်ပေါ်လာစေနိုင်တယ်။ ဘုရားကို အာရုံပြုခြင်းဖြင့်..၊

ကုသိုလ်တွေရလာသည့်အတွက်ကြောင့် ကိုယ့်အတွက်မှာ ဒါ ကောင်းသောနံနက်ခင်း ပဲ..၊

အိပ်ရာက ထလိုက်တာနဲ့ ကောင်းသောနံနက်ခင်း ဖြစ်သွားတယ်လို့ ဒီလိုဆိုတယ်..။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ [ ပုပ္ဗဏှသုတ်အနှစ်ချုပ် တရားတော်မှ ]