အခ်စ္နွင့္ဘဝ





























#မင်းသန့်

unicode

မိန်းကလေးတယောက်ကို မပိုင်ခင်ကတန်ဖိုးထားသလို့ပိုင်ဆိုင်ပြီးတဲ့အခါလည်း တန်ဖိုးထားကြပါ

ကျွန်တော်တို့ လူတော်တော်များများက

ချစ်နေစဉ်မှာတော့ အရာအားလုံးကိုအပြစ်မမြင်ပဲ အချစ်ကြတယ်….❦

အသက်လောက်ချစ်ပါတယ်မင်းအတွက်ဆိုရင် ဓူဝံကြယ်မကို ခူးဆွတ်ပေးပါမယ့်

မင်းအတွက်ဆိုရင် ကိုယ့်အသက်ကိုတောင်စတေးရဲပါတယ်ဆိုတဲ့ တချို့

တကယ်တမ်းပိုင်ဆိုင်သွားတဲ့အခါမှာ

မိမိရဲ့ချစ်လှပါတယ်ဆိုတဲ့ ဇနီးမယားကိုသဲအိတ်လို့

ထိုးကြိတ် ကန်ကျောက် နှိပ်စက်ညှင်းပမ်းနေကြတယ်

နှမသားချင်းမစာမနာ နှိပ်စက်ညှင်းပမ်းနေကြတယ်

သူများသားသမီးယူထားပြီးရင်လူချမ်းသာအောင်

မထားနိုင်ရင်တောင်စိတ်ချမ်းသာအောင်ထားမှပေါ့

ချစ်လို့ယူထားကြတာပဲမဟုတ်လား

လူစိတ်လေးတော့ရှိမှကြပေါ့ဗျာ

ဒီနေ့ မျက်စိရှေ့မှာမြင်တွေ့နေရတာတွေက

တကယ်ကိုစိတ်မကောင်းစရာပါ……

လက်ခုပ်က နှစ်ဖက်တီးမှ မြည်တာမှန်ပါတယ်

သို့ပေမယ့် မိန်းကလေးကို ဘုရားရှင်

ဖန်ဆင်းထဲကနံရိုး အကောက်နဲ့ ဖန်ဆင်းထားတာ

နံရိုးအကောက်ကို ဖြောင့်တန်းဖို့ကမဖြစ်နိုင်ဘူး

အကယ်လို့ ဖြောင့်တန်းမယ်ဆိုရင် ကျိုးဖို့ပဲရှိတယ်

ဒေါသဆိုတာ လူတိုင်းမှာ ရှိပါတယ်…

အထူးတလည် အမျိုးသားတွေက ဒေါသကြီးပါတယ်

ဒေါသဖြစ်ပြီး ဇနီးမယားကိုရိုက်တော့မယ်ဆိုရင်

သူနေရာမှာ ငါ့ညီမ ငါ့အမ ငါ့အမေဆိုရင်ရောဆိုတဲ့

အတွေးကို တွေးကြည့်ပါနှမသားချင်းစာနာကြည့်ပေါ့

အမ ညီမတွေမရှိရင်တော့ သမီးကတော့ရှိလာမှာပါ

ကိုယ်သမီးအလှည့်ကျရင်ရော ကိုယ်ခံစားနိုင်မလား

#မင်းသန့်