အေထြအေထြဗဟုသုတ







နာကျင်လာခြင်း







ဘာလုပ်သင့်လဲ




Unicode

ရေမပါပဲဆေးသောက်တတ်သူများ အတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်

အန္တရာယ်ရှိနိုင်တဲ့ ရေမပါပဲ ဆေးမြိုချခြင်း

အလျင်လိုနေတဲ့အချိန်ဆေးသောက်တဲ့အခါ ဆေးကို ရေမပါဘဲ ကျွန်ုပ်တို့ မြိုချတတ်ကြပါတယ်။ ဒီလိုလုပ်ချင်တာက သာမန်မဟုတ်ပါဘူး။တကယ်တော့ ကျန်ုပ်တို့ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာသိရှိစေနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

အစာပြွန်ကို အန္တရာယ်ရှိခြင်း

သင် ရေမပါဘဲ ဆေးကိုမြိုချတဲ့အခါ သင်ရဲ့ အစာပြွန်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အစာပြွန်နားကိုရောက်စဉ်မှာပဲ ဆေးတောင့်က သင်ကို လည်ပင်းနင်သလိုဖြစ်ပြီး မျက်ရည်စို့လာနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

နာကျင်လာခြင်း

ဆေးတောင့်က အစာပြွန်မှာ ကျိန်းစပ်ခြင်းနှင့် ရောင်ရမ်းခြင်းများဖြစ်စေနိုင်ပါတယ်။ ရင်ပူခြင်းနှင့် ရင်ဘတ်နာခြင်းတို့ ဖြစ်လာနိုင်ပြီး သွေးထွက်ခြင်းတောင် ဖြစ်လာနိုင်ပါတယ်။ဒါကတော့ သင်သောက်တဲ့ဆေးအရွယ်အစားပေါ်မှာ မူတည်ပါတယ်။

နှာ့ဗ်ကြောများနာကျင်မှုမရှိခြင်း

အစာပြွန်တွင် နာ့ဗ်ကြောများ နာကျင်မှုမရှိခြင်းများ ဖြစ်လာပါတယ်။ ဒါကြောင့် ချက်ချင်းနာကျင်ဖို့ဆိုတာခက်ခဲပါတယ်။ဆေးတောင့် ဗိုက်ထဲဝင်သွား လာဆိုတာမသိကတည်းက ဒါက ပြဿနာပဲဖြစ်ပါတယ်။ အစာပြွန်က ရှုပ်ထွေးတဲ့တစ်ရှုးနှင့် ပြုလုပ်ထားတာဖြစ်တဲ့အတွက် နာကျင်မှုများဖြစ်လာတဲ့အခါ ပျက်စီးနိုင်ပါတယ်။ပြင်းထန်တဲ့ ရေဓာတ်ကုန်ခန်းခြင်းနှင့် နာကျ င်လောက်စေတဲ့ သွေးထွက်ခြင်းများ ဖြစ်လာနိုင်ပါတယ်။

အစာပြွန်မှာ ပြည်တည်နာဖြစ်ခြင်း

ရေမပါဘဲ ဆေးတောင့်မြိုချခြင်းက ပုံမှန်လုပ်နေကျဖြစ်တယ်ဆိုရင် အစာပြွန်တွင် ပြည်တည်နာဖြစ်လာနိုင်ပါတယ်။ ဘယ်ဆေးအမျိုးအစားမဆို အစာပြွန်တွင် ပြည်တည် နာဖြစ်လာနိုင်ပါတယ်။

အလွယ်တကူ ဝါးစားလို့ရတဲ့ ဗီတာမင်စီဆေးတောင့်တောင် ပြဿနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေနှင့် ဆေးတောင့်ကို မြိုချတာ ပိုပြီးကောင်းမွန်ပါတယ်။

ဘာလုပ်သင့်လဲ

ဆေးတောင့်ကို ရေတစ်ခွက်(သို့) နှစ်ခွက်နှင့် သောက်ပါ။ ရေကို ရှစ်ခွက်ထက်နည်းသောက်မယ်ဆိုရင် အစာပြွန်ကို အန္တရာယ်ဖြစ်စေတဲ့ အခွင့်အရေးနည်းပါတယ်။

ဆေးတောင့်ကို မတ်တပ်ရပ်ပြီး(သို့) ထိုင်ပြီး သောက်ပါ။ လဲလျောင်းနေစဉ် ဘယ်တော့မှာ ဆေးမသောက်ပါနဲ့။

Mingalarbar Morning Health