အေထြအေထြဗဟုသုတ

ကောက်ရိုးမှိုကို ခြင်းထောင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးနည်း

ကောက်ရိုးမှိုကို ခြင်းထောင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးနည်း

လိုအပ်သော ကုန်ကြမ်းပစ္စည်းများ..

ဝါးဖြင့် ပြုလုပ်ထားသောခြင်းအကျယ် ၁‘ ၊ အမြင့် ၂’ ကောက်ရိုး၁ အိတ်(တစ်တင်းခွဲအိတ်(သို့မဟုတ်)၂တင်းဝင်အိတ်၊ ၂-၃နာရီကြာရေစိမ်) ဗေဒါ၂-၃ ပြည် (နုတ်နုတ်စင်းပြီးသား) ၊ နွားချေးမှုန့်၂ ပြည် ၊ မျိုးထုပ်၁ ထုပ် ၊ ဖွဲနု၁ ဗူး (နို့ဆီဗူး)

နေရာရွေးချယ်ရာတွင် သန့်ရှင်းပြီး ခြ ၊ ပုရွက်ဆိတ်ကင်းသောအခန်း(သို့)ခြံဝန်းအတွင်းနေရာကို ရွေးချယ်ရပါမည်။ ခြံဝန်းအတွင်းဖြစ်ပါက အနည်းဆုံး အရိပ်ကျဲရရှိမည့်(ဥပမာ-ဘူးစင်အောက်၊ သစ်ပင်အောက်)နေရာဖြစ်ပြီး ၎င်းနေရာကို ထုံးဖြူးပေးရပါမည်။

ပထမဦးဆုံး မှိုမျိုးနှင့်ဖွဲ့နုကို ရော နယ်ပါ။ ရေစိမ်ထားသော ကောက်ရိုးကို ၆ပုံ ခွဲပုံပြီး ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု(အရော)တို့ကို ၅ပုံစီ ခွဲထားပါ။ ခြင်းအတွင်းသို့ လေဝင် လေထွက် ကောင်း စေရန် နှင့် ခြကိုက်စားမှုမရှိစေရန် ခြင်းအောက် တွင်အုတ်ခဲ(၃)လုံးကို ဖိုခနောင့်ဆိုင် ထားပြီး မှ ခြင်းကိုတင်ပါ။

ရေစိမ်ထားသော ကောက်ရိုး ၆ပုံ ၁ပုံ ခန့်ကို ခြင်းအတွင်း ၃-၄” အထူခန့် ညီညာစွာခင်းပါ..။ ၎င်းကောက်ရိုးအပေါ်မှ ဗေဒါ ၅ပုံ ၁ပုံခန့်ကို ခြင်းနံရံပတ်လည် ဗျက်၄”အကျယ် ခင်းပါ။ နွားချေးမှုန့် ၅ပုံ ၁ပုံကို ဗေဒါအလွှာပေါ် အနှံ့ဖြူးပါ။

ထို့နောက် မျိုးနှင့်ဖွဲနု အရော ၅ပုံ ၁ပုံခန့်ကိုယူ၍ နွားချေးအပေါ် ခြင်းနံရံမှ အတွင်းဘက် ၁-၂” ခန့်ခွာ ၍ ညီညာစွာ ဖြူးပါ။ ၎င်းတို့အပေါ်မှ ကောက်ရိုး ၆ပုံ ၁ပုံကို တစ်လွှာခင်းပြီး ရေဖျန်း၍ ဖိပေးပါ။ ဤနည်း အတိုင်း ကောက်ရိုး၊ ဗေဒါ၊ နွာချေး၊

မှိုမျိုးနှင့်ဖွဲနုတို့ကို တစ်လှည့်စီဖြူးရေလောင်း ဖိသိပ်၍ ၄လွှာအထိ ပြုလုပ်ပြီး ၅လွှာမြောက်တွင် ကျန် ၅ပုံ ၁ပုံ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု (အရော) တို့ကို ခြင်းမျက်နှာပြင်အပြည့် အစဉ်လိုက်ဖြူးထည့်ပြီး ကျန် ၆ပုံ ၁ပုံ ကောက်ရိုးကို ညီညာစွာ ခင်းအုပ် ရေလောင်းဖိသိပ်ရပါမည်။

ယခုစိုက်ပျိုးထားသော ကောက်ရိုးအထပ်သည် မကျပ်လွန်း၊ မချောင်လွန်း သော အနေတော်သိပ်သည်းမှု အနေအထားဖြစ်ရန် လိုအပ်ပါသည်။ ဤသို့ဖြင့် ၄-၅ ခြင်းပြုလုပ်ပြီး နွေရာသီတွင် တစ်ခြင်းနှင့်တစ်ခြင်း ၈”မှ၁၂”ခန့်နှင့် မိုးနှင့်ဆောင်းရာသီတွင် ၆”မှ၁၀”ခန့်ခွာ၍ စီထားပါ။

ခြင်း၄-၅ခြင်းကို ပလပ်စတစ်စဖြင့် လုံအောင်အုပ်ပေးပါ။ ထို့နောက် ပလပ်စတစ်စအပေါ်မှ သက်ကယ်၊ ဂျပ်စက္ကူကတ်၊ ကောက်ရိုးတစ်မျိုးမျိုးဖြင့် အလင်းမဖောက်စေရန် အုပ်ပါ။စတင်စိုက်ပျိုးပြီး ၄ရက်အထိ မှိုစိုက်ထားသောခြင်းကို မလှပ်မိစေရန် အထူးဂရုပြုရပါမည်။ ၅ရက်မြောက်နေ့မှစ၍ နေ့ခင်းတိုင်း ၁၅မိနစ်ခန့် ပလပ်စတစ်ကို လှပ်ပေးပါ။ ရေလိုအပ်လျှင် ရေပါးပါးဖျန်းပေးပါ။ ထိုအချိန်တွင် ခြင်း၏ပတ်ပတ်လည်၌ မှိုမျှင်များ သန်းနေပါမည်။

စိုက်ပြီး ၇ရက်ခန့်တွင် မှိုမျှင်ပျောက်ကာ မှိုသန္ဓေခဲလေးများ စထွက်လာပြီး ၁၀-၁၂ ရက်ခန့်တွင် အသင့်ခူးဆွတ်နိုင်ပါမည်။ စတင်ခူးဆွတ်စဉ်မှ ၁၀-၁၂ရက်အတွင်း နေ့စဉ်ခူးဆွတ် စားသုံးနိုင်ပြီး မှိုစိုက်ခြင်းတစ်ခြင်းမှ စုစုပေါင်း ၈၀ ကျပ်သား မှ ၁ ပိဿာအထိ ထွက်နိုင်ပါသည်။ မှိုစိုက်ခြင်းသည် စတင်စိုက်ပျိုးသည်မှ နောက်ဆုံးခူးဆွတ်ပြီးချိန်ထိ (၂၀-၂၅) ရက် အနည်းဆုံးကြာမြင့်ပါသည်။

Credit-Original Writer

ေကာက္ရိုးမွိုကို ျခင္းေထာင္းျဖင့္ တစ္ပိုင္တစ္နိုင္ စီးပြားျဖစ္ စိုက္ပ်ိဳးနည္း-

လိုအပ္ေသာ ကုန္ၾကမ္းပစၥည္းမ်ား

ဝါးျဖင့္ ျပဳလုပ္ထားေသာျခင္းအက်ယ္ ၁‘ ၊ အျမင့္ ၂’ ေကာက္ရိုး၁ အိတ္(တစ္တင္းခြဲအိတ္(သို႔မဟုတ္)၂တင္းဝင္အိတ္၊ ၂-၃နာရီၾကာေရစိမ္) ေဗဒါ၂-၃ ျပည္ (ႏုတ္ႏုတ္စင္းၿပီးသား) ၊ ႏြားေခ်းမႈန႔္၂ ျပည္ ၊ မ်ိဳးထုပ္၁ ထုပ္ ၊ ဖြဲႏု၁ ဗူး (နို႔ဆီဗူး)

ေနရာေရြးခ်ယ္ရာတြင္ သန႔္ရွင္းၿပီး ၿခ ၊ ပုရြက္ဆိတ္ကင္းေသာအခန္း(သို႔)ၿခံဝန္းအတြင္းေနရာကို ေရြးခ်ယ္ရပါမည္။ ၿခံဝန္းအတြင္းျဖစ္ပါက အနည္းဆုံး အရိပ္က်ဲရရွိမည့္(ဥပမာ-ဘူးစင္ေအာက္၊ သစ္ပင္ေအာက္)ေနရာျဖစ္ၿပီး ၎ေနရာကို ထုံးျဖဴးေပးရပါမည္။

ပထမဦးဆုံး မွိုမ်ိဳးႏွင့္ဖြဲ႕ႏုကို ေရာ နယ္ပါ။ ေရစိမ္ထားေသာ ေကာက္ရိုးကို ၆ပုံ ခြဲပုံၿပီး ေဗဒါ၊ ႏြာေခ်း၊ မွိုမ်ိဳးႏွင့္ဖြဲ႕ႏု(အေရာ)တို႔ကို ၅ပုံစီ ခြဲထားပါ။ ျခင္းအတြင္းသို႔ ေလဝင္ ေလထြက္ ေကာင္း ေစရန္ ႏွင့္ ျခကိုက္စားမႈမရွိေစရန္ ျခင္းေအာက္ တြင္အုတ္ခဲ(၃)လုံးကို ဖိုခေနာင့္ဆိုင္ ထားၿပီး မွ ျခင္းကိုတင္ပါ။

ေရစိမ္ထားေသာ ေကာက္ရိုး ၆ပုံ ၁ပုံ ခန႔္ကို ျခင္းအတြင္း ၃-၄” အထူခန႔္ ညီညာစြာခင္းပါ..။ ၎ေကာက္ရိုးအေပၚမွ ေဗဒါ ၅ပုံ ၁ပုံခန႔္ကို ျခင္းနံရံပတ္လည္ ဗ်က္၄”အက်ယ္ ခင္းပါ။ ႏြားေခ်းမႈန႔္ ၅ပုံ ၁ပုံကို ေဗဒါအလႊာေပၚ အႏွံ့ျဖဴးပါ။

ထို႔ေနာက္ မ်ိဳးႏွင့္ဖြဲႏု အေရာ ၅ပုံ ၁ပုံခန႔္ကိုယူ၍ ႏြားေခ်းအေပၚ ျခင္းနံရံမွ အတြင္းဘက္ ၁-၂” ခန႔္ခြာ ၍ ညီညာစြာ ျဖဴးပါ။ ၎တို႔အေပၚမွ ေကာက္ရိုး ၆ပုံ ၁ပုံကို တစ္လႊာခင္းၿပီး ေရဖ်န္း၍ ဖိေပးပါ။ ဤနည္း အတိုင္း ေကာက္ရိုး၊ ေဗဒါ၊ ႏြာေခ်း၊ မွိုမ်ိဳးႏွင့္ဖြဲႏုတို႔ကို တစ္လွည့္စီျဖဴးေရေလာင္း

ဖိသိပ္၍ ၄လႊာအထိ ျပဳလုပ္ၿပီး ၅လႊာေျမာက္တြင္ က်န္ ၅ပုံ ၁ပုံ ေဗဒါ၊ ႏြာေခ်း၊ မွိုမ်ိဳးႏွင့္ဖြဲ႕ႏု (အေရာ) တို႔ကို ျခင္းမ်က္ႏွာျပင္အျပည့္ အစဥ္လိုက္ျဖဴးထည့္ၿပီး က်န္ ၆ပုံ ၁ပုံ ေကာက္ရိုးကို ညီညာစြာ ခင္းအုပ္ ေရေလာင္းဖိသိပ္ရပါမည္။

ယခုစိုက္ပ်ိဳးထားေသာ ေကာက္ရိုးအထပ္သည္ မက်ပ္လြန္း၊ မေခ်ာင္လြန္း ေသာ အေနေတာ္သိပ္သည္းမႈ အေနအထားျဖစ္ရန္ လိုအပ္ပါသည္။ ဤသို႔ျဖင့္ ၄-၅ ျခင္းျပဳလုပ္ၿပီး ေႏြရာသီတြင္ တစ္ျခင္းႏွင့္တစ္ျခင္း ၈”မွ၁၂”ခန႔္ႏွင့္ မိုးႏွင့္ေဆာင္းရာသီတြင္ ၆”မွ၁၀”ခန႔္ခြာ၍ စီထားပါ။

ျခင္း၄-၅ျခင္းကို ပလပ္စတစ္စျဖင့္ လုံေအာင္အုပ္ေပးပါ။ ထို႔ေနာက္ ပလပ္စတစ္စအေပၚမွ သက္ကယ္၊ ဂ်ပ္စကၠဴကတ္၊ ေကာက္ရိုးတစ္မ်ိဳးမ်ိဳးျဖင့္ အလင္းမေဖာက္ေစရန္ အုပ္ပါ။စတင္စိုက္ပ်ိဳးၿပီး ၄ရက္အထိ မွိုစိုက္ထားေသာျခင္းကို မလွပ္မိေစရန္ အထူးဂ႐ုျပဳရပါမည္။ ၅ရက္ေျမာက္ေန႔မွစ၍ ေန႔ခင္းတိုင္း ၁၅မိနစ္ခန႔္ ပလပ္စတစ္ကို လွပ္ေပးပါ။ ေရလိုအပ္လၽွင္ ေရပါးပါးဖ်န္းေပးပါ။ ထိုအခ်ိန္တြင္ ျခင္း၏ပတ္ပတ္လည္၌ မွိုမၽွင္မ်ား သန္းေနပါမည္။

စိုက္ၿပီး ၇ရက္ခန႔္တြင္ မွိုမၽွင္ေပ်ာက္ကာ မွိုသေႏၶခဲေလးမ်ား စထြက္လာၿပီး ၁၀-၁၂ ရက္ခန႔္တြင္ အသင့္ခူးဆြတ္နိုင္ပါမည္။ စတင္ခူးဆြတ္စဥ္မွ ၁၀-၁၂ရက္အတြင္း ေန႔စဥ္ခူးဆြတ္ စားသုံးနိုင္ၿပီး မွိုစိုက္ျခင္းတစ္ျခင္းမွ စုစုေပါင္း ၈၀ က်ပ္သား မွ ၁ ပိႆာအထိ ထြက္နိုင္ပါသည္။ မွိုစိုက္ျခင္းသည္ စတင္စိုက္ပ်ိဳးသည္မွ ေနာက္ဆုံးခူးဆြတ္ၿပီးခ်ိန္ထိ (၂၀-၂၅) ရက္ အနည္းဆုံးၾကာျမင့္ပါသည္။

Credit-Original Writer