ၾကားသိရသမွ်

နှစ်စဉ် အံ့အားသင့်လောက်တဲ့ ဝင်ငွေမျိုးရရှိနေပေမဲ့ အိမ်နီးချင်းလုံးဝမရှိတဲ့ တောင်တန်းဒေသမှာသာ နေထိုင်လျက်ရှိတဲ့ လင်မယား

နှစ်စဉ် အံ့အားသင့်လောက်တဲ့ ဝင်ငွေမျိုးရရှိနေပေမဲ့ အိမ်နီးချင်းလုံးဝမရှိတဲ့ တောင်တန်းဒေသမှာသာ နေထိုင်လျက်ရှိတဲ့ လင်မယား

တရုတ်နိုင်ငံ Shaanxi ပြည်နယ် Anping ကျေးရွာ၌ Taoyuan ဟုခေါ်သောနက်ရှိုင်းတဲ့ချောက်တစ်ခုတွင် ခွဲခွါမရတဲ့ဇနီးမောင်နှံတို့ဟာမြေဆီလွှာကောင်းပြီး လေကောင်းလေသန့်နှင့်ဆိတ်ငြိမ်တဲ့တောင်တန်းများတွင်ရှိတဲ့ဤနေရာ၌ အိမ်ထောင်စုတစ်စုတည်းသောနေထိုင်သူများဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် ခင်ပွန်း Wang Xinming ဟာ လုံ့လဝီရိယရှိပြီး အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပါတယ်။ ဇနီးဖြစ်သူကတော့ နူးညံ့သိမ်မွေ့၊ ရိုးရှင်းကြင်နာတတ်သူဖြစ်သလို အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်။ ၎င်းတို့စုံတွဲဟာ ၎င်းတို့လက်ထပ်ပြီးကတည်းက တောင်ရဲ့အလယ်၌တည်ရှိတဲ့၎င်းတို့ရဲ့နေအိမ်ကိုဘယ်တော့မှပစ်မထားခဲ့ကြသလိုင်းတို့ဟာ စားနပ်ရိက္ခာအတွက် တောင်တန်းများကိုမှီခိုကာ အလုပ်ထွက်လုပ်ခြင်းနှင့်အိမ်မှထွက်ခွါခြင်းမျိုးကို မလုပ်ခဲ့ကြပါဘူး။

၎င်းတို့ရဲ့သားနှစ်ဦးက တခြားနေရာမှာအလုပ်လုပ်ကြပြီး ၎င်းတို့က အိမ်ပြန်ဖို့အချိန်မရှိသလောက်ပါဘဲ။ တောင်တန်းများမှာ အသီးအနှံများကြွယ်ဝပြီး ၎င်းတို့စုံတွဲဟာ အဓိကအားဖြင့် သစ်အယ်သီး၊ Konjac နှင့် Gastdia elata နှင့်ပျားမွေးမြူရေးတို့ကို အဓိကမှီခိုအားထားနေပါတယ်။ ၎င်းတို့မှာ သစ်အယ်ပင်ဥယျာဉ် ၁၃၀ ဟက်ကာ ၊ Konjac ၂ ဟက်တာ၊ Gastdia စတုရန်းမီတာ ၅၀၀ ကျော်နဲ့ ပျားသေတ္တာပေါင်း ၂၀ ကနေ ၃၀ အထိရှိပါတယ်။

၎င်းတို့အနက်မှ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က စိုက်ပျိုးခဲ့တဲ့သစ်အယ်သီးများက ၎င်းတို့ရဲ့အဓိကဝင်ငွေဖြစ်ပါတယ်။ နှစ်စဉ်ဝင်ငွေ ယွမ် ၁၀၀,၀၀၀ ( USDဒေါ်လာ ၁၄,၀၀၀) အထိရရှိနိုင်သလို လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းအပြင် ၎င်းတို့ရဲ့အိမ်ရှေ့နှင့်နောက်ကွယ်တွင် အာဟာရပြည့်ဝပြီးအရသာရှိသည့်မှိုနက်များကိုလည်း စိုက်ပျိုးထားပါသေးတယ်။

ကံကောင်းတာက တောင်တန်းတွေကိုလျှပ်စစ်မီးနဲ့ဆက်သွယ်ခဲ့တာကြာပြီဖြစ်ပြီး TV ရဲ့ကျေးဇူးကြောင့် ညဘက်မှာ ၎င်းတို့စုံတွဲအတွက် မပျင်းရိစေပါဘူး။ ၎င်းတို့က TVကို အချိန်ကာလကြာစွာကြည့်လာခဲ့ပြီးဖြစ်တဲ့အတွက် တောင်တန်းဒေသမှာနေပေမဲ့ သတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီသိနိုင်တဲ့အပြင် သဘာဝတရားရဲ့အလှကိုလည်း တန်ဖိုးထားခံစားလာတတ်ကြပါတယ်။

၎င်းတို့စုံတွဲရဲ့ပျားသေတ္တာထိန်းသိမ်းမှုနည်းလမ်းဟာ ဘိုးဘေးများလက်ဆင့်ကမ်းထားတဲ့မူလနည်းလမ်းနှင့်တူညီသလို တောင်တန်းများမှအရင်းအမြစ်များကိုအပြည့်အဝအသုံးချခြင်းက ချမ်းသာလာစေရန်နှင့်ဒေသအခြေအနေများအရ ပျားမွေးမြူခြင်းဖြင့် ၎င်းတို့ရဲ့ဘဝကိုပိုမိုသက်တောင့်သက်သာဖြစ်စေခဲ့ပါတယ်။

၎င်းတို့ဒေသတွင်ရာသီဥတုအခြေအနေများနှင့်မြေဆီလွှာအကြောင်းများကြောင့် Konjac နှင့် Gastdia elata ပေါများပြီး Wang Xinming နှင့်ဇနီးဖြစ်သူဟာ ၎င်းတို့စိုက်တဲ့ Konjac နဲ့ gastrodia elata ကို နှစ်တိုင်းလိုလိုရိတ်သိမ်းကြရပါတယ်။ လေကောင်းလေသန့်ရှူရှိုက်ခြင်း၊ သဘာဝနှင့်လေထုညစ်ညမ်းမှုကင်းစင်တဲ့အစာနှင့်ဟင်းသီးဟင်းရွက်များစားခြင်း၊ ကြည်လင်လတ်ဆတ်တဲ့စမ်းရေကိုသောက်သုံးကြတဲ့ ၎င်းတို့စုံတွဲက ဤကဲ့သို့လွတ်လပ်တဲ့ဘဝကိုကြာရှည်စွာကျင့်သုံးလာခဲ့ကြပြီး အခုလိုဘဝကိုချန်ထားဖို့ အလိုမရှိကြောင်းပြောကြားခဲ့ကြပါတယ်။ အားလပ်ချိန်တွေမှာ ၎င်းတို့ဟာ တောရိုင်းအသီးအရွက်များကိုရှာဖွေရန် တောထဲလမ်းလျှောက်ထွက်တတ်ကြပါသေးတယ်။

တောင်ခြေသို့ကွေ့ကောက်ပြီး လူတစ်ဦးတည်းသာလျှောက်လို့ရတဲ့လမ်းကြောင်းငယ်ဟာ ၎င်းတို့စုံတွဲကြောင့် တဖြည်းဖြည်းကျယ်လာပြီး နောက်ဆုံးတွင် မော်တော်ဆိုင်ကယ်များကပါဖြတ်သန်းလာနိုင်ခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ အိမ်နီးချင်းတွေဆီကနေ ဆယ်စုနှစ်များစွာဝေးတဲ့နက်ရှိုင်းတဲ့ချောက်တစ်ခုနဲ့တောင်တန်းတွေပေါ်မှာ နေထိုင်ခဲ့ကြတာကြောင့် တစ်စုံတစ်ယောက်က Wang Xinming နှင့်ဇနီးဖြစ်သူကို ၎င်းတို့ကနှစ်ပေါင်းများစွာအထီးကျန်တယ်လို့မခံစားရဘူးလားလို့မေးတဲ့အခါ ၎င်းတို့က အထီးကျန်ဆန်တယ်ဆိုတဲ့အရာကို ဘယ်တုန်းကမှမခံစားခဲ့ရဖူးကြောင်း ဖြေကြားခဲ့ကြပါသေးတယ်။

credit

Zawgyi

ႏွစ္စဥ္ အံ့အားသင့္ေလာက္တဲ့ ဝင္ေငြမ်ိဳးရရွိေနေပမဲ့ အိမ္နီးခ်င္းလုံးဝမရွိတဲ့ ေတာင္တန္းေဒသမွာသာ ေနထိုင္လ်က္ရွိတဲ့ လင္မယား

တ႐ုတ္ႏိုင္ငံ Shaanxi ျပည္နယ္ Anping ေက်း႐ြာ၌ Taoyuan ဟုေခၚေသာနက္ရႈိင္းတဲ့ေခ်ာက္တစ္ခုတြင္ ခြဲခြါမရတဲ့ဇနီးေမာင္ႏွံတို႔ဟာေျမဆီလႊာေကာင္းၿပီး ေလေကာင္းေလသန႔္ႏွင့္ဆိတ္ၿငိမ္တဲ့ေတာင္တန္းမ်ားတြင္ရွိတဲ့ဤေနရာ၌ အိမ္ေထာင္စုတစ္စုတည္းေသာေနထိုင္သူမ်ားျဖစ္ပါတယ္။ အသက္ ၅၁ ႏွစ္အ႐ြယ္ ခင္ပြန္း Wang Xinming ဟာ လုံ႔လဝီရိယရွိၿပီး အလုပ္ႀကိဳးစားသူတစ္ဦးျဖစ္ပါတယ္။ ဇနီးျဖစ္သူကေတာ့ ႏူးညံ့သိမ္ေမြ႕၊ ႐ိုးရွင္းၾကင္နာတတ္သူျဖစ္သလို အလုပ္ႀကိဳးစားသူလည္းျဖစ္ပါတယ္။ ၎တို႔စုံတြဲဟာ ၎တို႔လက္ထပ္ၿပီးကတည္းက ေတာင္ရဲ႕အလယ္၌တည္ရွိတဲ့၎တို႔ရဲ႕ေနအိမ္ကိုဘယ္ေတာ့မွပစ္မထားခဲ့ၾကသလိုင္းတို႔ဟာ စားနပ္ရိကၡာအတြက္ ေတာင္တန္းမ်ားကိုမွီခိုကာ အလုပ္ထြက္လုပ္ျခင္းႏွင့္အိမ္မွထြက္ခြါျခင္းမ်ိဳးကို မလုပ္ခဲ့ၾကပါဘူး။

၎တို႔ရဲ႕သားႏွစ္ဦးက တျခားေနရာမွာအလုပ္လုပ္ၾကၿပီး ၎တို႔က အိမ္ျပန္ဖို႔အခ်ိန္မရွိသေလာက္ပါဘဲ။ ေတာင္တန္းမ်ားမွာ အသီးအႏွံမ်ားႂကြယ္ဝၿပီး ၎တို႔စုံတြဲဟာ အဓိကအားျဖင့္ သစ္အယ္သီး၊ Konjac ႏွင့္ Gastdia elata ႏွင့္ပ်ားေမြးျမဴေရးတို႔ကို အဓိကမွီခိုအားထားေနပါတယ္။ ၎တို႔မွာ သစ္အယ္ပင္ဥယ်ာဥ္ ၁၃၀ ဟက္ကာ ၊ Konjac ၂ ဟက္တာ၊ Gastdia စတုရန္းမီတာ ၅၀၀ ေက်ာ္နဲ႔ ပ်ားေသတၱာေပါင္း ၂၀ ကေန ၃၀ အထိရွိပါတယ္။

၎တို႔အနက္မွ လြန္ခဲ့တဲ့အႏွစ္ ၂၀ ေက်ာ္က စိုက္ပ်ိဳးခဲ့တဲ့သစ္အယ္သီးမ်ားက ၎တို႔ရဲ႕အဓိကဝင္ေငြျဖစ္ပါတယ္။ ႏွစ္စဥ္ဝင္ေငြ ယြမ္ ၁၀၀,၀၀၀ ( USDေဒၚလာ ၁၄,၀၀၀) အထိရရွိႏိုင္သလို လတ္ဆတ္တဲ့ဟင္းသီးဟင္း႐ြက္မ်ားစိုက္ပ်ိဳးျခင္းအျပင္ ၎တို႔ရဲ႕အိမ္ေရွ႕ႏွင့္ေနာက္ကြယ္တြင္ အာဟာရျပည့္ဝၿပီးအရသာရွိသည့္မႈိနက္မ်ားကိုလည္း စိုက္ပ်ိဳးထားပါေသးတယ္။

ကံေကာင္းတာက ေတာင္တန္းေတြကိုလွ်ပ္စစ္မီးနဲ႔ဆက္သြယ္ခဲ့တာၾကာၿပီျဖစ္ၿပီး TV ရဲ႕ေက်းဇူးေၾကာင့္ ညဘက္မွာ ၎တို႔စုံတြဲအတြက္ မပ်င္းရိေစပါဘူး။ ၎တို႔က TVကို အခ်ိန္ကာလၾကာစြာၾကည့္လာခဲ့ၿပီးျဖစ္တဲ့အတြက္ ေတာင္တန္းေဒသမွာေနေပမဲ့ သတင္းအခ်က္အလက္ေတြကို အခ်ိန္ႏွင့္တေျပးညီသိႏိုင္တဲ့အျပင္ သဘာဝတရားရဲ႕အလွကိုလည္း တန္ဖိုးထားခံစားလာတတ္ၾကပါတယ္။

၎တို႔စုံတြဲရဲ႕ပ်ားေသတၱာထိန္းသိမ္းမႈနည္းလမ္းဟာ ဘိုးေဘးမ်ားလက္ဆင့္ကမ္းထားတဲ့မူလနည္းလမ္းႏွင့္တူညီသလို ေတာင္တန္းမ်ားမွအရင္းအျမစ္မ်ားကိုအျပည့္အဝအသုံးခ်ျခင္းက ခ်မ္းသာလာေစရန္ႏွင့္ေဒသအေျခအေနမ်ားအရ ပ်ားေမြးျမဴျခင္းျဖင့္ ၎တို႔ရဲ႕ဘဝကိုပိုမိုသက္ေတာင့္သက္သာျဖစ္ေစခဲ့ပါတယ္။

၎တို႔ေဒသတြင္ရာသီဥတုအေျခအေနမ်ားႏွင့္ေျမဆီလႊာအေၾကာင္းမ်ားေၾကာင့္ Konjac ႏွင့္ Gastdia elata ေပါမ်ားၿပီး Wang Xinming ႏွင့္ဇနီးျဖစ္သူဟာ ၎တို႔စိုက္တဲ့ Konjac နဲ႔ gastrodia elata ကို ႏွစ္တိုင္းလိုလိုရိတ္သိမ္းၾကရပါတယ္။ ေလေကာင္းေလသန႔္ရႉရႈိက္ျခင္း၊ သဘာဝႏွင့္ေလထုညစ္ညမ္းမႈကင္းစင္တဲ့အစာႏွင့္ဟင္းသီးဟင္း႐ြက္မ်ားစားျခင္း၊ ၾကည္လင္လတ္ဆတ္တဲ့စမ္းေရကိုေသာက္သုံးၾကတဲ့ ၎တို႔စုံတြဲက ဤကဲ့သို႔လြတ္လပ္တဲ့ဘဝကိုၾကာရွည္စြာက်င့္သုံးလာခဲ့ၾကၿပီး အခုလိုဘဝကိုခ်န္ထားဖို႔ အလိုမရွိေၾကာင္းေျပာၾကားခဲ့ၾကပါတယ္။ အားလပ္ခ်ိန္ေတြမွာ ၎တို႔ဟာ ေတာ႐ိုင္းအသီးအ႐ြက္မ်ားကိုရွာေဖြရန္ ေတာထဲလမ္းေလွ်ာက္ထြက္တတ္ၾကပါေသးတယ္။

ေတာင္ေျခသို႔ေကြ႕ေကာက္ၿပီး လူတစ္ဦးတည္းသာေလွ်ာက္လို႔ရတဲ့လမ္းေၾကာင္းငယ္ဟာ ၎တို႔စုံတြဲေၾကာင့္ တျဖည္းျဖည္းက်ယ္လာၿပီး ေနာက္ဆုံးတြင္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကပါျဖတ္သန္းလာႏိုင္ခဲ့ပါတယ္။ ၎တို႔စုံတြဲဟာ အိမ္နီးခ်င္းေတြဆီကေန ဆယ္စုႏွစ္မ်ားစြာေဝးတဲ့နက္ရႈိင္းတဲ့ေခ်ာက္တစ္ခုနဲ႔ေတာင္တန္းေတြေပၚမွာ ေနထိုင္ခဲ့ၾကတာေၾကာင့္ တစ္စုံတစ္ေယာက္က Wang Xinming ႏွင့္ဇနီးျဖစ္သူကို ၎တို႔ကႏွစ္ေပါင္းမ်ားစြာအထီးက်န္တယ္လို႔မခံစားရဘူးလားလို႔ေမးတဲ့အခါ ၎တို႔က အထီးက်န္ဆန္တယ္ဆိုတဲ့အရာကို ဘယ္တုန္းကမွမခံစားခဲ့ရဖူးေၾကာင္း ေျဖၾကားခဲ့ၾကပါေသးတယ္။

credit