ဆွဲခန့်ဆရာမတွေကို လစာ တသိန်းကိုးသောင်းဖြင့် မူလတန်းပြ ဆရာမအဖြစ် စကစ ခန့်အပ်မည်
စကစ ဖွင့်တဲ့ ကျောင်းတွေမှာ ဆရာမ အင်အား မလုံလောက်တာကြောင့် ဘွဲ့ရတွေကို ဆွဲခန့်ဆရာတွေအဖြစ်
ခန့်ထားဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။ အဆိုပါဆွဲခန့်ဆရာမတွေမှာ ဘွဲ့ရတွေလည်း ပါသလို ဘွဲ့မရတဲ့သူတွေလည်း ပါတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ စကစလက်အောက်မှာ ဆရာမ လုပ်ချင်တဲ့ ဘွဲ့ရတချို့က ဝင်ရောက်လျှောက်ထားပြီး တရားဝင်
ရုံးအမိန့်စာနဲ့ ခန့်အပ်တော့မှာ ဖြစ်ပါတယ်။ အောက်မှာ သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြ လိုက်ပါတယ်။
သက်ဆိုင်ရာမြို့နယ်များအလိုက် ရွေးချယ်ခံရပြီး ပထမအဆင့်အနေဖြင့် (၄.၆.၂၀၂၂) ရက်နေ့မှ (၁၀.၆.၂၀၂၂)
ရက်နေ့အထိ ရက်တိုမွမ်းမံသင်တန်း တက်ရောက်ပြီးသည့် ပြင်ပဘွဲ့ရပုဂ္ဂိုလ်များအား အခြေခံပညာကျောင်းများတွင် သစ်လွင် လက်ထောက်မူလတန်းပြ
လစာနှုန်း(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) လစ်လပ်နေရာများတွင် ခန့်ထားရေးအတွက် ရုံးအမိန့်စာများထုတ်ပြန်မည်ဖြစ်ကာ
နွေရာသီကျောင်းပိတ်ရက်တွင် မူလတန်းဆရာဖြစ် စာပေးစာယူသင်တန်း တက်ရောက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဘွဲ့ရဆွဲခန့် ဆရာမများကို ယခုလို တရားဝင်ခန့်အပ်လိုက်တာကို စကစ လက်အောက်မှာ နဂိုကတည်းက ရှိနေတဲ့ ဆရာ၊
ဆရာမတွေက ကျေနပ်မှု မရှိကြဘူးလို့ သိရပါတယ်။
လက်ရှိ ဆရာ၊ ဆရာမတွေအတွက် ရာထူးတိုး၊ ကျောင်းပြောင်း ကိစ္စများကို ဆိုင်းငံ့ထားပြီး ဆရာအင်အား
ထပ်ဖြည့်ရေးကိုသာ ပြုလုပ်နေတဲ့ စကစ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနကို ဝိုင်းဝန်း မေတ္တာ ပို့နေကြတယ်လို့ သိရပါတယ်။
crd
crd
crd
Unicode,