အကြွေးနွံနစ်နေသူတွေ အတွက် ဆရာကြီးမင်းသိင်္ခ ရဲ့ အကြွေး အမြန်ဆပ်နိုင်စေမယ့် ယတြာ
အကြွေး များနေသူများအကြွေး အမြန်ဆပ်နိုင်အောင် ယတြာလေးပါ ။
စီးပွားရေး လုပ်သလောက် အဆင်မပြေ၊ ကျိုးစားသလောက် အရာမထင်သူများလဲ လုပ်နိုင်ပါတယ်. ။
လုပ်နည်းလေးက မခက်ခဲတာကြောင့် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ။
သင်၏ အသက္ကို (၄)ဖြင့် မြှောက်ပါ ။ ရေသာ အေရအတြက္ကို မုန့်လုံးရေပေါ် လုပ်ပါ ။
ထိုအထဲမွ မုန့်လုံး ရေပေါ်(၁၀)လုံးကို နံနက်(၁၀)နာရီ တိတိတွင် အိမ်၏ ဘုရားတွင်လှူပါ ။ သင်၏ အသက္ကို (၇)ဖြင့်စားပါ ။
၁ ကြွင်းလျှင် တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ။
၂ ကြွင်းလျှင် တနင်္လာနေ့တွင် ပြုလုပ်ပါ။
၃ ကြွင်းလျှင် အင်္ဂါနေ့တွင် ပြုလုပ်ပါ။
၄ ကြွင်းလျှင် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ။
၅ ကြွင်းလျှင် ကြာသပတေးနေ့တွင် ပြုလုပ်ပါ။
၆ ကြွင်းလျှင် သောကြာတွင် ပြုလုပ်ပါ။
အကြွင်းမရှိဘဲပြတ်သွားလျှင် စနေနေ့တွင် ပြုလုပ်ပါ။
(၁၀) လုံးတိတိကို မြတ်စွာဘုရားအား ကပ်လှူပြီးလျှင် ပိုသောမုန်လုံးများကို အိမ်နီးနားချင်းများ အားဝေလိုက်ပါ ။
ဤယတြာမှာ ကုန်းဘောင်ခေတ်တွင် အသုံးပြုခဲ့သော ရှေးယတြာဖြစ်ပါသည် ။
credit



