ေဗဒင္

လြတ္လြြတ္လပ္လပ္ ၊ အခ်ဳပ္အေႏွာင္ကင္းကင္း နဲ႔ ဘဝကို ျဖတ္သန္းခ်င္တဲ့ ၾကာသပေတးသားသမီးမ်ားအေၾကာင္း

ၾကာသပေတး သားသမီးမ်ား

(၁) နားလည္ေပးနိုိင္စြမ္းျမင့္မားတဲ့သူေတြပါ။ပညာရွိိတဲ့သူေတြျဖစ္ၿပီး လက္ေတြ႕က်က် ေတြးေခၚ တတ္တဲ့ သူေတြြပါ ။

(၂) ေရာက္ေလရာတိုိင္းမွာ လူေတြရဲ့ အာ႐ုံ ကိုိ ဖမ္းစားထားနိုင္တဲ့ ႐ုပ္ရည္နဲ႔ အသြင္အျပင္ ကို ပိုင္ဆိုင္ ထားသူ ေတြပါ ။

(၃) ေမြးရာပါ ေခါင္းေဆာင္ စြမ္းရည္ ကိုပိုင္ဆိုင္ ထားသူ ေတြပါ ။ ဒါေၾကာင့္ဘယ္လို အလုပ္ ကိုပဲ လုပ္လုပ္ေခါင္းေဆာင္ပိုင္း ကို ရၾကပါတယ္ ။

(၄) အလုပ္ အရမ္း ႀကိဳးစားတဲ့ သူေတြျဖစ္ၿပီး ေအာင္ျမင္မွု ကို ရေအာင္ယူနိုင္ ၾကပါတယ္ ။

(၅) လြတ္လြတ္လပ္လပ္ ၊ အခ်ဳပ္အေႏွာင္ကင္းကင္း နဲ႔ ဘဝကို ျဖတ္သန္းခ်င္တဲ့သူေတြပါ ။

(၆) အရမ္း ေခါင္းမာ ပါတယ္ ။ ဒီအခ်က္ေၾကာင့္ တစ္ခါတေလမွာ ေပါင္းသင္းဆက္ဆံေရး ၊ လူမွုေရးပိုင္း မွာအဆင္မေျပတာ မ်ိဳးေတြျဖစ္တတ္ ပါတယ္ ။

(၇) စကားေျပာ တဲ့ အခါ အရမ္း ကိုျပတ္ျပတ္ သားသား ေျပာတတ္တာေၾကာင့္ တစ္ဖက္လူအတြက္စိတ္ဒဏ္ရာ ျဖစ္သြား ေစနိုင္ပါတယ္။ ဆင္ျခင္ဖို႔ေတာ့လိုပါတယ္ ။

(၈) လြယ္လြယ္ ၿငီးေငြ႕ တတ္တဲ့ သူေတြပါ ။ၾကာၾကာ သည္းခံ မေနနိုင္ သလို ၊ေအာင့္အည္း ရတာမ်ိဳး ကိုလည္းလုံးဝ မႀကိဳက္တဲ့ သူေတြပါ ။

(၉) တစ္ဖက္သား ကို ေလးေလး စားစားဆက္ဆံတတ္တဲ့သူေတြပါ။ ဒါေပမယ့္ကိုယ့္ကို ေစာ္ကား သလို ခံစား ရရင္ျပင္းျပင္း ထန္ထန္ တုန္႔ျပန္တတ္ၾကပါတယ္ ။

(၁၀) ေဒါသႀကီး တတ္တဲ့ အတြက္ တစ္ခါတေလ မွာ လူေတြ နဲ႔ အဆင္မေျပျဖစ္တတ္ ပါတယ္ ။ ဒါေပမယ့္စိတ္ရင္းေကာင္းတဲ့သူေတြပါ ။

(၁၁) ေပ်ာ္ေပ်ာ္ ေန တတ္တယ္ ၊ လက္ေတြ႕ဆန္တယ္ ၊ ႀကီးပြား ခ်မ္းသာတယ္စသျဖင့္ လူသိမ်ားတဲ့ သူေတြပါ ။

(၁၂) လူမွုေရးခ်မ္းသာ ႂကြယ္ဝမယ့္ သူေတြ ျဖစ္ပါတယ္ ။သူတို႔ဟာ ႀကီးမားက်ယ္ျပန္႔ တဲ့ ေပါင္းသင္းဆက္ဆံေရး၊ အေတြးအေခၚအယူအဆေတြကို ပိုင္ဆိုင္ ထားသူေတြ ျဖစ္ပါတယ္ ။

အႀကံေပးရာမွာ အရမ္း ေတာ္တဲ့ သူေတြျဖစ္တာေၾကာင့္ လူေတြ က သူတို႔ ဆီမွေဝဖန္စကားေတြ၊ အႀကံေပးစကားေတြကို ေတာင္းယူ ရတဲ့ သူေတြပါ ။

ေမြးရာပါ ဆရာ ျဖစ္ဖို႔ ကံ ပါလာတာေၾကာင့္အျမဲလိုလို အေပၚစီး က ေနနိုင္တဲ့သူေတြပါ။တစ္ခါတေလ စိတ္ဓာတ္က် တတ္တယ္ဆိုေပမယ့္ စိတ္မပူပါနဲ႔ ။သင္ဟာ ခ်မ္းသာဖို႔ ဇာတာ ပါတဲ့ သူပါ ။

(၁၃) အလုပ္အကိုင္

အသစ္အဆန္းေတြ တစ္ခု ၿပီး တစ္ခုလုပ္ရတာ၊ ခရီးသြားရတာေတြ၊အဆက္မျပတ္စူးစမ္းေလ့လာရတာမ်ိ္ုးေတြမႀကိဳက္ပါဘူး ။ဒါေၾကာင့္ သူတို႔နဲ႔ အလိုက္ဖက္ဆုံး အလုပ္ အကိုင္ကေတာ့ နိုင္ငံေရးပဲ ျဖစ္ပါတယ္

(၁၄) အခ်စ္ေရး

ဘြင္းဘြင္း ရွင္းရွင္း ေျပာတတ္တဲ့ အျပင္ခံစားခ်က္ ကိုလည္း ျပတ္ျပတ္ သားသားဖြင့္ၿပ တတ္တဲ့ သူေတြပါ ။ ဒါေၾကာင့္တစ္ခါတေလ အခ်စ္ေရးမွာ ဒီအရာေတြေၾကာင့္ အဆင္မေၿပ ျဖစ္တတ္ပါတယ္ ။

ခ်စ္သူနဲ႔ အလိုက္အထိုက္ေလးေနဖို႔ႀကိဳးစားၾကည့္ပါ။သင့္အခ်စ္ေရးက သာယာမွာပါ ။

(၁၅) အိမ္ေထာင္ေရး

စကားေျပာဆင္ျခင္လိုိက္ရင္ အိမ္ေထာင္ေရးက အရမ္းကို အဆင္ေျပမွာပါ။ တစ္ခါတေလမွာ အိမ္ထက္ အျပင္ကို ဦးစားေပးတာ ေတြမ်ားတတ္ ပါတယ္ ။ ဒါကို အထူး ဂ႐ုျပဳပါ ။

ေငြေရးေၾကးေရး အတြက္ အျပင္မွာ အလုပ္ထြက္လုပ္တာ မွန္ေပမယ့္ တစ္ဖက္မွာမိသားစု ကိုလည္း အခ်ိန္ ေပးဖို႔လိုပါတယ္ ။

( ၁၆ )ဥာဏ္ရည္ ဥာဏ္ေသြး ျမင့္မားၿပီး ပါးနပ္လြန္းတဲ့ သူေတြပါ ။ အရာရာတိုင္း ကိုေကာင္းမြန္စြာ နားလည္သေဘာေပါက္လြယ္တဲ့အျပင္ အကင္းပါးတဲ့သူေတြပါ။

( ၁၇ )ဘယ္ပဲ သြားသြား လူရွိန္တဲ့ ဥပဓိ႐ုပ္မ်ိဳး ကိုပိုင္ဆိုင္ထားၾက သလို ေရာက္ေလရာတိုင္းမွာ မ်က္ႏွာပြင့္လန္းတဲ့ သူေတြ ျဖစ္ပါတယ္။

( ၁၈ )ေခါင္းေဆာင္နိုင္စြမ္း အျပည့္ ရွိသူေတြ ျဖစ္လို႔ ဘယ္ အလုပ္ မွာပဲ ျဖစ္ျဖစ္ ရာထူး ျမင့္ျမင့္ရရွိတတ္ ၾကပါတယ္ ။

( ၁၉ )ကိုယ့္အား ကိုိယ္ကိုး ၿပီး ေအာင္ျမင္မွုလမ္းေၾကာင္း အသစ္ေတြ ကို ကိုယ္တိုင္ ဖန္တီးနိုင္တဲ့ သူေတြ ျဖစ္ပါတယ္ ။

( ၂၀ )လြတ္လပ္မွု ကို ျမတ္နိုးၿပီး လြတ္လြတ္လပ္လပ္ ေနတတ္ၾက သူေတြ ျဖစ္ပါတယ္ ။

( ၂၁ )လုံးဝကို အနိုင္မခံအရွုံးမေပးခ်င္တဲ့ သူေတြျဖစ္သလို၊ နည္းနည္းေလးမွ အထက္စီးမခံ၊အေက်ာမခံ တတ္ၾက တာေၾကာင့္အေပါင္းအသင္းေတာ့ နည္းပါတယ္ ။

( ၂၂ )ေျပာစရာ ရွိရင္ ဒဲ့ပဲ ေျပာတတ္ ၾကသလို ၊တုတ္ထိုး အိုးေပါက္ ေျပာတတ္ ၾကလြန္းလို႔ တစ္ခါတေလ တစ္ဖက္သား ကိုမရည္ရြယ္ဘဲ စိတ္မေကာင္း ျဖစ္ေစတတ္သူ ေတြပါ ။ ဒါေပမယ့္ သူတို႔ ဟာ ပြင့္လင္းတာပါ ၊ နစ္နာ ေစလို တဲ့ စိတ္ေတာ့ မပါပါဘူး ။

( ၂၃ )ၿငီးေငြ႕လြယ္တဲ့သူေတြ ျဖစ္ၾကသလို၊ တစ္ခုခုအေပၚအၾကာႀကီး အာ႐ုံမစိုက္တတ္ၾကလို႔ခရီးသြားတာလိုမ်ိဳး အျမဲတမ္းစိတ္ဝင္စားစရာနဲ႔ျပည့္ေနတဲ့ အလုပ္မ်ိဳးက အကိုက္ညီဆုံးပါ။

( ၂၄ )တစ္ဖက္သားကိုိ ယဥ္ေက်းပ်ဴငွာစြာဆက္ဆံ တတ္သူေတြျဖစ္သလို၊ အက်င့္စာရိတၱ၊ စိတ္ေနစိတ္ထားေကာင္းမြန္တဲ့သူေတြပါ။ ဒါေပမယ့္လည္း အၿငိဳးအရမ္းႀကီးပါတယ္။

( ၂၅ )အရမ္းကိုိ ဥာဏ္ရည္ ထက္ျမက္ ၾကတယ္ ဆိုေပမယ့္ စိတ္ဓာတ္က အတည္တက်မရွိတာေၾကာင့္ ေအာင္ျမင္သင့္သေလာက္မေအာင္ျမင္ၾကရတာပါ။ တစိုက္မတ္မတ္ႀကိဳးစားမယ္ဆိုရင္ သူမ်ားေတြထက္fသာလြန္မယ့္သူေတြလည္း ျဖစ္ပါတယ္။

ၾကာသပေတး သားသၼီး မ်ား အတြက္ ္

ငယ္ရြယ္ခ်ိန္ မွာဆို စကား ေျပာေႏွးတတ္တယ္။ စိမ္းစိုေနတဲ့ ေနရာေတြကို ႏွစ္သက္တတ္ၾကတယ္။ လုပ္ရည္ကိုင္ရည္ရွိတယ္။အဖြဲ႕အစည္းနဲ႔ အလုပ္လုပ္တဲ့ အခါမွာေခါင္းေဆာင္ပိုင္း ကိုမွ ေနရာယူတတ္ၾကတယ္။

အတတ္ပညာပိုင္း ဆိုင္ရာေတြမွာ ဝါသနာ ႀကီးၿပီး သင္ယူလိုိစိတ္ ထက္သန္ၾကတယ္။ စိတ္ထား ႏူးညံ့ပီး အယုံ လြယ္တယ္။ သနား တတ္ၾကတယ္။ စိတ္ညစ္ရတာ ေတြကို မႀကိဳက္ၾကဘူး။

အကူအညီ ေပးတဲ့ အလုပ္ေတြ လုပ္ရတာဝါသနာ ပါၾကတယ္။ မာနမႀကီးဘူး။ စိတ္ကေတာ့ မရွည္ဘူး စိတ္ဆိုးစိတ္ေကာက္ကလဲ လြယ္ေသးတယ္။ ေနာင္ေျပာင္က်ီစယ္လိုိစိတ္ကေတာ့ အျပည့္အဝရွိၾကတယ္။

သစၥာတရားကို တန္ဖိုးထားတယ္။ အားနည္းခ်က္ကအယုံအၾကည္လြယ္တယ္။

ေခတ္မီၿပီး စတိုင္မိတဲ့ သူေတြကို သေဘာက်တတ္ေလ့ ရွိၾကတယ္ ။ ေဒါသထြက္လာရင္ ဖ်က္စီးတတ္ၾကတယ္။ မိသားစုကို ခ်စ္တတ္ၿပီး သိတတ္တယ္။

အေပါင္းအသင္းလဲ ေပါမ်ားတယ္။ အခ်စ္ေရးမွာအမ်ားစုက ကံေကာင္းတယ္။

ေဆာင္ရမယ့္ အေဆာင္ေက်ာက္္ရတနာကေတာ့ ဥႆဖရားေက်ာက္ျဖစ္ပါတယ္။

ခရစ္ဒစ္္

Unicode

ကြာသပတေး သားသမီးများ

(၁) နားလည်ပေးနိိုင်စွမ်းမြင့်မားတဲ့သူတွေပါ။ပညာရှိိတဲ့သူတွေဖြစ်ပြီး လက်တွေ့ကျကျ တွေးခေါ် တတ်တဲ့ သူတွွေပါ ။

(၂) ရောက်လေရာတိိုင်းမှာ လူတွေရဲ့ အာရုံ ကိို ဖမ်းစားထားနိုင်တဲ့ ရုပ်ရည်နဲ့ အသွင်အပြင် ကို ပိုင်ဆိုင် ထားသူ တွေပါ ။

(၃) မွေးရာပါ ခေါင်းဆောင် စွမ်းရည် ကိုပိုင်ဆိုင် ထားသူ တွေပါ ။ ဒါကြောင့်ဘယ်လို အလုပ် ကိုပဲ လုပ်လုပ်ခေါင်းဆောင်ပိုင်း ကို ရကြပါတယ် ။

(၄) အလုပ် အရမ်း ကြိုးစားတဲ့ သူတွေဖြစ်ပြီး အောင်မြင်မှု ကို ရအောင်ယူနိုင် ကြပါတယ် ။

(၅) လွတ်လွတ်လပ်လပ် ၊ အချုပ်အနှောင်ကင်းကင်း နဲ့ ဘဝကို ဖြတ်သန်းချင်တဲ့သူတွေပါ ။

(၆) အရမ်း ခေါင်းမာ ပါတယ် ။ ဒီအချက်ကြောင့် တစ်ခါတလေမှာ ပေါင်းသင်းဆက်ဆံရေး ၊ လူမှုရေးပိုင်း မှာအဆင်မပြေတာ မျိုးတွေဖြစ်တတ် ပါတယ် ။

(၇) စကားပြော တဲ့ အခါ အရမ်း ကိုပြတ်ပြတ် သားသား ပြောတတ်တာကြောင့် တစ်ဖက်လူအတွက်စိတ်ဒဏ်ရာ ဖြစ်သွား စေနိုင်ပါတယ်။ ဆင်ခြင်ဖို့တော့လိုပါတယ် ။

(၈) လွယ်လွယ် ငြီးငွေ့ တတ်တဲ့ သူတွေပါ ။ကြာကြာ သည်းခံ မနေနိုင် သလို ၊အောင့်အည်း ရတာမျိုး ကိုလည်းလုံးဝ မကြိုက်တဲ့ သူတွေပါ ။

(၉) တစ်ဖက်သား ကို လေးလေး စားစားဆက်ဆံတတ်တဲ့သူတွေပါ။ ဒါပေမယ့်ကိုယ့်ကို စော်ကား သလို ခံစား ရရင်ပြင်းပြင်း ထန်ထန် တုန့်ပြန်တတ်ကြပါတယ် ။

(၁၀) ဒေါသကြီး တတ်တဲ့ အတွက် တစ်ခါတလေ မှာ လူတွေ နဲ့ အဆင်မပြေဖြစ်တတ် ပါတယ် ။ ဒါပေမယ့်စိတ်ရင်းကောင်းတဲ့သူတွေပါ ။

(၁၁) ပျော်ပျော် နေ တတ်တယ် ၊ လက်တွေ့ဆန်တယ် ၊ ကြီးပွား ချမ်းသာတယ်စသဖြင့် လူသိများတဲ့ သူတွေပါ ။

(၁၂) လူမှုရေးချမ်းသာ ကြွယ်ဝမယ့် သူတွေ ဖြစ်ပါတယ် ။သူတို့ဟာ ကြီးမားကျယ်ပြန့် တဲ့ ပေါင်းသင်းဆက်ဆံရေး၊ အတွေးအခေါ်အယူအဆတွေကို ပိုင်ဆိုင် ထားသူတွေ ဖြစ်ပါတယ် ။

အကြံပေးရာမှာ အရမ်း တော်တဲ့ သူတွေဖြစ်တာကြောင့် လူတွေ က သူတို့ ဆီမှဝေဖန်စကားတွေ၊ အကြံပေးစကားတွေကို တောင်းယူ ရတဲ့ သူတွေပါ ။

မွေးရာပါ ဆရာ ဖြစ်ဖို့ ကံ ပါလာတာကြောင့်အမြဲလိုလို အပေါ်စီး က နေနိုင်တဲ့သူတွေပါ။တစ်ခါတလေ စိတ်ဓာတ်ကျ တတ်တယ်ဆိုပေမယ့် စိတ်မပူပါနဲ့ ။သင်ဟာ ချမ်းသာဖို့ ဇာတာ ပါတဲ့ သူပါ ။

(၁၃) အလုပ်အကိုင်

အသစ်အဆန်းတွေ တစ်ခု ပြီး တစ်ခုလုပ်ရတာ၊ ခရီးသွားရတာတွေ၊အဆက်မပြတ်စူးစမ်းလေ့လာရတာမျိ်ုးတွေမကြိုက်ပါဘူး ။ဒါကြောင့် သူတို့နဲ့ အလိုက်ဖက်ဆုံး အလုပ် အကိုင်ကတော့ နိုင်ငံရေးပဲ ဖြစ်ပါတယ်

(၁၄) အချစ်ရေး

ဘွင်းဘွင်း ရှင်းရှင်း ပြောတတ်တဲ့ အပြင်ခံစားချက် ကိုလည်း ပြတ်ပြတ် သားသားဖွင့်ပြ တတ်တဲ့ သူတွေပါ ။ ဒါကြောင့်တစ်ခါတလေ အချစ်ရေးမှာ ဒီအရာတွေကြောင့် အဆင်မပြေ ဖြစ်တတ်ပါတယ် ။

ချစ်သူနဲ့ အလိုက်အထိုက်လေးနေဖို့ကြိုးစားကြည့်ပါ။သင့်အချစ်ရေးက သာယာမှာပါ ။

(၁၅) အိမ်ထောင်ရေး

စကားပြောဆင်ခြင်လိိုက်ရင် အိမ်ထောင်ရေးက အရမ်းကို အဆင်ပြေမှာပါ။ တစ်ခါတလေမှာ အိမ်ထက် အပြင်ကို ဦးစားပေးတာ တွေများတတ် ပါတယ် ။ ဒါကို အထူး ဂရုပြုပါ ။

ငွေရေးကြေးရေး အတွက် အပြင်မှာ အလုပ်ထွက်လုပ်တာ မှန်ပေမယ့် တစ်ဖက်မှာမိသားစု ကိုလည်း အချိန် ပေးဖို့လိုပါတယ် ။

( ၁၆ )ဉာဏ်ရည် ဉာဏ်သွေး မြင့်မားပြီး ပါးနပ်လွန်းတဲ့ သူတွေပါ ။ အရာရာတိုင်း ကိုကောင်းမွန်စွာ နားလည်သဘောပေါက်လွယ်တဲ့အပြင် အကင်းပါးတဲ့သူတွေပါ။

( ၁၇ )ဘယ်ပဲ သွားသွား လူရှိန်တဲ့ ဥပဓိရုပ်မျိုး ကိုပိုင်ဆိုင်ထားကြ သလို ရောက်လေရာတိုင်းမှာ မျက်နှာပွင့်လန်းတဲ့ သူတွေ ဖြစ်ပါတယ်။

( ၁၈ )ခေါင်းဆောင်နိုင်စွမ်း အပြည့် ရှိသူတွေ ဖြစ်လို့ ဘယ် အလုပ် မှာပဲ ဖြစ်ဖြစ် ရာထူး မြင့်မြင့်ရရှိတတ် ကြပါတယ် ။

( ၁၉ )ကိုယ့်အား ကိိုယ်ကိုး ပြီး အောင်မြင်မှုလမ်းကြောင်း အသစ်တွေ ကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့ သူတွေ ဖြစ်ပါတယ် ။

( ၂၀ )လွတ်လပ်မှု ကို မြတ်နိုးပြီး လွတ်လွတ်လပ်လပ် နေတတ်ကြ သူတွေ ဖြစ်ပါတယ် ။

( ၂၁ )လုံးဝကို အနိုင်မခံအရှုံးမပေးချင်တဲ့ သူတွေဖြစ်သလို၊ နည်းနည်းလေးမှ အထက်စီးမခံ၊အကျောမခံ တတ်ကြ တာကြောင့်အပေါင်းအသင်းတော့ နည်းပါတယ် ။

( ၂၂ )ပြောစရာ ရှိရင် ဒဲ့ပဲ ပြောတတ် ကြသလို ၊တုတ်ထိုး အိုးပေါက် ပြောတတ် ကြလွန်းလို့ တစ်ခါတလေ တစ်ဖက်သား ကိုမရည်ရွယ်ဘဲ စိတ်မကောင်း ဖြစ်စေတတ်သူ တွေပါ ။ ဒါပေမယ့် သူတို့ ဟာ ပွင့်လင်းတာပါ ၊ နစ်နာ စေလို တဲ့ စိတ်တော့ မပါပါဘူး ။

( ၂၃ )ငြီးငွေ့လွယ်တဲ့သူတွေ ဖြစ်ကြသလို၊ တစ်ခုခုအပေါ်အကြာကြီး အာရုံမစိုက်တတ်ကြလို့ခရီးသွားတာလိုမျိုး အမြဲတမ်းစိတ်ဝင်စားစရာနဲ့ပြည့်နေတဲ့ အလုပ်မျိုးက အကိုက်ညီဆုံးပါ။

( ၂၄ )တစ်ဖက်သားကိို ယဉ်ကျေးပျူငှာစွာဆက်ဆံ တတ်သူတွေဖြစ်သလို၊ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထားကောင်းမွန်တဲ့သူတွေပါ။ ဒါပေမယ့်လည်း အငြိုးအရမ်းကြီးပါတယ်။

( ၂၅ )အရမ်းကိို ဉာဏ်ရည် ထက်မြက် ကြတယ် ဆိုပေမယ့် စိတ်ဓာတ်က အတည်တကျမရှိတာကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်ကြရတာပါ။ တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် သူများတွေထက်fသာလွန်မယ့်သူတွေလည်း ဖြစ်ပါတယ်။

ကြာသပတေး သားသ္မီး များ အတွက် ်

ငယ်ရွယ်ချိန် မှာဆို စကား ပြောနှေးတတ်တယ်။ စိမ်းစိုနေတဲ့ နေရာတွေကို နှစ်သက်တတ်ကြတယ်။ လုပ်ရည်ကိုင်ရည်ရှိတယ်။အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့ အခါမှာခေါင်းဆောင်ပိုင်း ကိုမှ နေရာယူတတ်ကြတယ်။

အတတ်ပညာပိုင်း ဆိုင်ရာတွေမှာ ဝါသနာ ကြီးပြီး သင်ယူလိိုစိတ် ထက်သန်ကြတယ်။ စိတ်ထား နူးညံ့ပီး အယုံ လွယ်တယ်။ သနား တတ်ကြတယ်။ စိတ်ညစ်ရတာ တွေကို မကြိုက်ကြဘူး။

အကူအညီ ပေးတဲ့ အလုပ်တွေ လုပ်ရတာဝါသနာ ပါကြတယ်။ မာနမကြီးဘူး။ စိတ်ကတော့ မရှည်ဘူး စိတ်ဆိုးစိတ်ကောက်ကလဲ လွယ်သေးတယ်။ နောင်ပြောင်ကျီစယ်လိိုစိတ်ကတော့ အပြည့်အဝရှိကြတယ်။

သစ္စာတရားကို တန်ဖိုးထားတယ်။ အားနည်းချက်ကအယုံအကြည်လွယ်တယ်။

ခေတ်မီပြီး စတိုင်မိတဲ့ သူတွေကို သဘောကျတတ်လေ့ ရှိကြတယ် ။ ဒေါသထွက်လာရင် ဖျက်စီးတတ်ကြတယ်။ မိသားစုကို ချစ်တတ်ပြီး သိတတ်တယ်။

အပေါင်းအသင်းလဲ ပေါများတယ်။ အချစ်ရေးမှာအများစုက ကံကောင်းတယ်။

ဆောင်ရမယ့် အဆောင်ကျောက််ရတနာကတော့ ဥဿဖရားကျောက်ဖြစ်ပါတယ်။

ခရစ်ဒစ််