စစ္ေတြ ႐ိုုး မဘဏ္က တစ္ေယာက္ပါျပန္ၿပီတဲ့့
ရခိုင္မွ ကိုဗစ္လူနာအမွတ္စဥ္ ၄၁၁ သည္ စစ္္ေတြမွ ႐ိုးမဘဏ္ဝန္ထမ္းျဖစ္ၿပီး ဘဏ္ဝန္ထမ္း ၂၈ ဦးကို အသြားအလာကန႔္သတ္ထား
ရခိိုင္ျပည္နယ္မွ ကိုဗစ္လူနာအမွတ္စဥ္ ၄၁၁ သည္ စစ္ေတြ႐ိုးမဘဏ္ခြဲမွ ဘဏ္ဝန္ထမ္းျဖစ္ၿပီး ဘဏ္ဝန္ထမ္း၂၈ ဦးကို အသြားအလာကန႔္သတ္ထားေၾကာင္း ႐ိုးမဘဏ္က တရားဝင္သတင္းထုတ္ျပန္သည္။
စစ္္ေတြ ၿမိဳ႕၊ ေျမာက္႐ူပါ ရပ္ကြက္ ရွိ ႐ိုးမဘဏ္ခြဲ တြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းတစ္ဦးတြင္ကိုဗစ္ ေရာဂါပိုး စစ္ေဆးေတြ႕ရွိေၾကာင္း ၊ ျမန္မာႏိုင္ငံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ၂၁ ရက္ည ၈ နာရီတြင္ ထုတ္ျပန္ေသာ ကိုဗစ္ ေရာဂါဓာတ္ခြဲစစ္ေဆးမႈအေျဖအရ အဆိိုပါ ႐ိုးမဘဏ္ဝန္ထမ္းသည္ လူနာအမွတ္စဥ္ (၄၁၁) အျဖစ္ ေရာဂါပိုးေတြ႕ရွိေၾကာင္း အတည္ျပဳသတ္မွတ္ခဲ့ၿပီး လက္ရွိတြင္ ေဆးကုသမႈခံယူ လ်က္ရွိေၾကာင္း၊
႐ိုးမဘဏ္ စစ္ေတြဘဏ္ခြဲအား ေသခ်ာစြာ ပိုးသတ္ သန႔္စင္မႈမ်ားျပဳလုပ္ရန္ ယာယီပိတ္ထားေၾကာင္း၊စစ္္ေတြဘဏ္ခြဲရွိ ဝန္ထမ္း ၂၈ ေယာက္ ကိုလည္း အသြားအလာကန႔္သတ္ေနထိုင္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။
“႐ိုးမဘဏ္ရဲ႕ ဝန္ထမ္္းေတြနဲ႔ ကြၽန္ေတာ္တို႔ ဝန္ေဆာင္မႈေပးေနတဲ့ လူမႈအသိုက္အဝန္းကို အကာအကြယ္ေပးဖို႔က ကြၽန္ေတာ္တို႔ရဲ႕ ထိပ္တန္းဦးစားေပးျဖစ္ပါတယ္။စစ္ေတြ ဘဏ္ခြဲကို ပိတ္ထားစဥ္မွာ Customers ေတြကို အေကာင္းဆုံးဝန္ေဆာင္ေပးသြားႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္သြားမွာပါ။
Customers မ်ားႏွင့္ ႐ိုးမဘဏ္ဝန္ထမ္းမ်ား ေဘးကင္္းလုံၿခဳံေရးရွိေစဖို႔ ႐ိုးမဘဏ္အေနနဲ႔ လုံၿခဳံေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ ေရာဂါကာကြယ္တားဆီးေရးလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္လ်က္ရွိပါတယ္ ” ဟု ႐ိုးမဘဏ္၏ CEO ျဖစ္သူ Mr. Dean Cleland မွွ ေျပာၾကားဆိုေၾကာင္း သတင္းထုတ္ျပန္ခ်က္ တြင္ေဖာ္ျပထားသည္။
စစ္ေတြ ဘဏ္ခြဲမွအပ က်န္ ႐ိုးမဘဏ္ ဘဏ္ခြဲအားလုံးအား ပုံမွန္ ဘဏ္ဖြင့္ခ်ိန္အတိုင္း ဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း၊သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ စစ္ေတြ႐ိုးမဘဏ္ခြဲဲတြင္ ကိိုဗစ္လူနာဘဏ္ဝန္ထမ္းႏွင့္ ထိေတြ႕မႈရွိ ခဲ့ေသာ Customers မ်ားႏွင့္ပတ္သက္၍ ႐ိုးမဘဏ္္၏ ထုတ္ျပန္ခ်က္တြင္ တစ္စုံတစ္ရာ ေဖာ္ျပထားျခင္းမရွိေပ။
ေခတ္သစ္္
Unicode
စစ်တွေ ရိုး မဘဏ်က တစ်ယောက်ပါပြန်ပြီတဲ့
ရခိုင်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေမှ ရိုးမဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထား
ရခိုင်ပြည်နယ်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေရိုးမဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း၂၈ ဦးကို အသွားအလာကန့်သတ်ထားကြောင်း ရိုးမဘဏ်က တရားဝင်သတင်းထုတ်ပြန်သည်။
စစ်တွေ မြို့၊ မြောက်ရူပါ ရပ်ကွက် ရှိ ရိုးမဘဏ်ခွဲ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင်ကိုဗစ် ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၁ ရက်ည ၈ နာရီတွင် ထုတ်ပြန်သော ကိုဗစ် ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ရိုးမဘဏ်ဝန်ထမ်းသည် လူနာအမှတ်စဉ် (၄၁၁) အဖြစ် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုသတ်မှတ်ခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း၊
ရိုးမဘဏ် စစ်တွေဘဏ်ခွဲအား သေချာစွာ ပိုးသတ် သန့်စင်မှုများပြုလုပ်ရန် ယာယီပိတ်ထားကြောင်း၊စစ်တွေဘဏ်ခွဲရှိ ဝန်ထမ်း ၂၈ ယောက် ကိုလည်း အသွားအလာကန့်သတ်နေထိုင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
“ရိုးမဘဏ်ရဲ့ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုက်အဝန်းကို အကာအကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။စစ်တွေ ဘဏ်ခွဲကို ပိတ်ထားစဉ်မှာ Customers တွေကို အကောင်းဆုံးဝန်ဆောင်ပေးသွားနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။
Customers များနှင့် ရိုးမဘဏ်ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးရှိစေဖို့ ရိုးမဘဏ်အနေနဲ့ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါတယ် ” ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland မှ ပြောကြားဆိုကြောင်း သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
စစ်တွေ ဘဏ်ခွဲမှအပ ကျန် ရိုးမဘဏ် ဘဏ်ခွဲအားလုံးအား ပုံမှန် ဘဏ်ဖွင့်ချိန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်တွေရိုးမဘဏ်ခွဲတွင် ကိုဗစ်လူနာဘဏ်ဝန်ထမ်းနှင့် ထိတွေ့မှုရှိ ခဲ့သော Customers များနှင့်ပတ်သက်၍ ရိုးမဘဏ်၏ ထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။
ခေတ်သစ်