ၾကားသိရသမွ်

ဇွန်လ ၂၄ ရက် မနက်မှာ မြင်ရမယ့် (၁၈) နှစ်မှာ တစ်ကြိမ်သာတွေ့မြင်ရတဲ့ ရှားပါးမြင်ကွင်း(သို့) ဂြိုဟ်ကြီးငါးလုံးတန်းစီခြင်း

ဇွန်လ ၂၄ ရက် မနက်မှာမြင်ရမယ့် (၁၈) နှစ်မှာ တစ်ကြိမ်သာတွေ့မြင်ရတဲ့ ရှားပါးမြင်ကွင်း(သို့) ဂြိုဟ်ကြီးငါးလုံးတန်းစီခြင်း

ဇွန်လရဲ့ပထမပတ်ကနေစပြီး မနက်ခင်းအစောပိုင်း အရှေ့ဖက်ကောင်းကင်မှာ ကျွန်တော်တို့တွေဟာ လ နဲ့ ဂြိုဟ်တွေကိုတန်းစီပြီးမြင်လာရပါတယ်။

ဒီလိုဂြိုဟ်တွေကိုကောင်းကင်နေရာတခုထဲမှာစုပြီး မြင်ရတာဟာ မနက်ဖြန် ဇွန်လ ၂၄ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ အကောင်းဆုံး မြင်ရမှာဖြစ်ပါတယ်။

၂၄ ရက်နေ့မနက် ၄ နာရီအချိန်ကနေစပြီး စေတန် ခေါ် စနေ ဂြိုဟ်၊ ဂျူပီတာ ခေါ် ကြာသပတေးဂြိုဟ်၊ မားစ် ခေါ် အင်္ဂါဂြိုဟ်၊ ဗီးနပ်စ် ခေါ် သောကြာဂြိုဟ်၊ မာကျူရီ ခေါ် ဗုဒ္ဓဟူးဂြိုဟ်နဲ့ လခြမ်းကွေးလေး ကို သာမန် မျက်စိနဲ့ မြင်ရမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကိုစောင့်ကြည့်မယ်ဆိုပါက ကောင်းကင်မှာ တိမ်ကင်းစင်ဖို့လိုပြီး မနက် ၄ နာရီခန့်မှ နေမထွက်ခင် အချိန်ထိအရှေ့ဖက် ကောင်းကင်ကို မိုးကုပ်စက်၀ိုင်း ထိမြင်နိုင်တဲ့နေရာကနေ စောင့်ကြည့်ဖို့ အကြံပြုလိုပါတယ်။

ဘာလို့လဲဆိုတော့ မာကျူရီဂြိုဟ်က နေမထွက်ခင်အချိန်မှာ မိုးကုတ်စက်၀ိုင်းအပေါ်နားလေးမှာပဲရှိအုံးမှာဖြစ်တာကြောင့်ပါ။

Planet Parade ဆိုတဲ့အသုံးအနှုန်းဟာ တရားဝင် သိပ္ပံဆိုင်ရာ အသုံးအနှုန်းတစ်ခု မဟုတ်သေးပေမယ့် နက္ခတ္တဗေဒ ပညာရှင်တွေကြားမှာ ယခုလိုဂြိုဟ်တွေကို ကောင်းကင်တစ်နေရာမှာစုစည်းပြီး မြင်ရတဲ့ နက္ခတ္တဗေဒဆိုင်ရာ ဖြစ်စဉ်ကို တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။

ဒီလို ဂြိုဟ်ငါးလုံး စီတန်းနေတဲ့ မြင်ကွင်း ကို ၁၈ နှစ်တစ်ကြိမ်မြင်ရတတ်ပြီး ၂၀၀၄ ခုနှစ်ကနောက်ဆုံးမြင်ရခဲ့ကာ နောက်တကြိမ်ကို တော့ ၂၀၄၀ ခုနှစ် မှထပ်မံပြီး မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ယခုလိုထူးခြားတဲ့ ကောင်းကင်ဖြစ်စဉ်တွေဟာများသောအားဖြင့် ဘယ်နေ့မှာဘယ်ပုံစံ မြင်ရမယ်ဖြစ်ပေါ်မယ်ဆိုတာကို သိပ္ပံပညာရှင်တွေဟာ အချိန်တော်တော် များများကြိုတင်တွက်ချက်လို့ရပါတယ်။

ဒီကောင်းကင်ဖြစ်စဉ်တွေဟာ ကျွန်တော်တို့ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့လူသားတွေကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေ နဲ့လုံး၀ (လုံး၀) သက်ဆိုင်ခြင်းမရှိပဲသူ့ဘသူ သဘာ၀အတိုင်း ဖြစ်ပေါ်နေကြတာဖြစ်ပါတယ်။

ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာမရှိခဲ့ရင်တောင် သဘာ၀အတိုင်း ဖြစ်ပေါ်လည်ပတ်နေမှာ ဖြစ်ပါတယ်။

MASES/ MZM
တဆင့်ပြန်လည်မျှဝေပါသည်။

Zawgyi ဖြင့်ဖတ်ရန်

ဇြန္လ ၂၄ ရက္ မနက္မွာျမင္ရမယ့္ (၁၈) ႏွစ္မွာ တစ္ႀကိမ္သာေတြ႕ျမင္ရတဲ့ ရွားပါးျမင္ကြင္း(သို႔) ၿဂိဳဟ္ငါးလုံးတန္းစီျခင္း

ဇြန္လရဲ႕ပထမပတ္ကေနစၿပီး မနက္ခင္းအေစာပိုင္း အေရွ႕ဖက္ေကာင္းကင္မွာ ကြၽန္ေတာ္တို႔ေတြဟာ လ နဲ႔ ၿဂိဳဟ္ေတြကိုတန္းစီၿပီးျမင္လာရပါတယ္။

ဒီလိုၿဂိဳဟ္ေတြကိုေကာင္းကင္ေနရာတခုထဲမွာစုၿပီး ျမင္ရတာဟာ မနက္ျဖန္ ဇြန္လ ၂၄ ရက္ေန႔ မနက္ခင္းအေစာပိုင္းမွာ အေကာင္းဆုံး ျမင္ရမွာျဖစ္ပါတယ္။

၂၄ ရက္ေန႔မနက္ ၄ နာရီအခ်ိန္ကေနစၿပီး ေစတန္ ေခၚ စေန ၿဂိဳဟ္၊ ဂ်ဴပီတာ ေခၚ ၾကာသပေတးၿဂိဳဟ္၊ မားစ္ ေခၚ အဂၤါၿဂိဳဟ္၊ ဗီးနပ္စ္ ေခၚ ေသာၾကာၿဂိဳဟ္၊ မာက်ဴရီ ေခၚ ဗုဒၶဟူးၿဂိဳဟ္နဲ႔ လျခမ္းေကြးေလး ကို သာမန္ မ်က္စိနဲ႔ ျမင္ရမွာျဖစ္ပါတယ္။

ဒီျဖစ္စဥ္ကိုေစာင့္ၾကည့္မယ္ဆိုပါက ေကာင္းကင္မွာ တိမ္ကင္းစင္ဖို႔လိုၿပီး မနက္ ၄ နာရီခန႔္မွ ေနမထြက္ခင္ အခ်ိန္ထိအေရွ႕ဖက္ ေကာင္းကင္ကို မိုးကုပ္စက္၀ိုင္း ထိျမင္ႏိုင္တဲ့ေနရာကေန ေစာင့္ၾကည့္ဖို႔ အႀကံျပဳလိုပါတယ္။

ဘာလို႔လဲဆိုေတာ့ မာက်ဴရီၿဂိဳဟ္က ေနမထြက္ခင္အခ်ိန္မွာ မိုးကုတ္စက္၀ိုင္းအေပၚနားေလးမွာပဲရွိအုံးမွာျဖစ္တာေၾကာင့္ပါ။

Planet Parade ဆိုတဲ့အသုံးအႏႈန္းဟာ တရားဝင္ သိပၸံဆိုင္ရာ အသုံးအႏႈန္းတစ္ခု မဟုတ္ေသးေပမယ့္ နကၡတၱေဗဒ ပညာရွင္ေတြၾကားမွာ ယခုလိုၿဂိဳဟ္ေတြကို ေကာင္းကင္တစ္ေနရာမွာစုစည္းၿပီး ျမင္ရတဲ့ နကၡတၱေဗဒဆိုင္ရာ ျဖစ္စဥ္ကို တင္စားၿပီး ေခၚေဝၚၾကပါတယ္။

ဒီလို ၿဂိဳဟ္ငါးလုံး စီတန္းေနတဲ့ ျမင္ကြင္း ကို ၁၈ ႏွစ္တစ္ႀကိမ္ျမင္ရတတ္ၿပီး ၂၀၀၄ ခုႏွစ္ကေနာက္ဆုံးျမင္ရခဲ့ကာ ေနာက္တႀကိမ္ကို ေတာ့ ၂၀၄၀ ခုႏွစ္ မွထပ္မံၿပီး ျမင္ေတြ႕ႏိုင္မွာျဖစ္ပါတယ္။

ယခုလိုထူးျခားတဲ့ ေကာင္းကင္ျဖစ္စဥ္ေတြဟာမ်ားေသာအားျဖင့္ ဘယ္ေန႔မွာဘယ္ပုံစံ ျမင္ရမယ္ျဖစ္ေပၚမယ္ဆိုတာကို သိပၸံပညာရွင္ေတြဟာ အခ်ိန္ေတာ္ေတာ္ မ်ားမ်ားႀကိဳတင္တြက္ခ်က္လို႔ရပါတယ္။

ဒီေကာင္းကင္ျဖစ္စဥ္ေတြဟာ ကြၽန္ေတာ္တို႔ကမာၻေပၚမွာျဖစ္ေပၚေနတဲ့လူသားေတြႀကဳံေတြ႕ေနရတဲ့ ျဖစ္ရပ္ေတြ နဲ႔လုံး၀ (လုံး၀) သက္ဆိုင္ျခင္းမရွိပဲသူ႔ဘသူ သဘာ၀အတိုင္း ျဖစ္ေပၚေနၾကတာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔လူသားေတြ ကမာၻေပၚမွာမရွိခဲ့ရင္ေတာင္ သဘာ၀အတိုင္း ျဖစ္ေပၚလည္ပတ္ေနမွာ ျဖစ္ပါတယ္။

MASES/ MZM
တဆင့္ျပန္လည္မွ်ေဝပါသည္။