ၾကားသိရသမွ်

ဝန္းထမ္းကားပါမစ္ ေပးရာမွာ ဘယ္လိုလူမ်ိဳးကို ေပးမွာလဲ၊ ဘယ္လိုကားမ်ိဳး သြင္းခြင့္ျပဳမွာလဲ၊ အခြန္ဘယ္လိုေလ်ာ့မလဲ ? (သိခ်င္သူေတြအတြက္ပါ)

ဝန္းထမ္းကားပါမစ္ ေပးရာမွာ ဘယ္လိုလူမ်ိဳးကို ေပးမွာလဲ၊ ဘယ္လိုကားမ်ိဳး သြင္းခြင့္ျပဳမွာလဲ၊ အခြန္ဘယ္လိုေလ်ာ့မလဲ ? (သိခ်င္သူေတြအတြက္ပါ)

ကားေလာက ခမ်ာလည္း ဝန္ထမ္းပါမစ္ မထြက္ေသးတာက စမ်င္းတုံးခံသလိုျဖစ္ၿပီး ေရာင္းသူကလည္း ခ်မေရာင္းႏိုင္၊ ဝယ္မယ့္သူကလည္း ခ်ိတုံခ်တုံ၊ ပါမစ္ရမယ့္သူကလည္း ေမွ်ာ္ရလြန္းလို႔ ႐ူးေတာ့မယ္ဆိုသလို

၂၀၂၀ ထဲမွာ ကားေလာကကို ကိုဗစ္ကတစ္မ်ိဳး၊ ပါမစ္ကတစ္မ်ိဳး၊ အခြန္ကတစ္မ်ိဳးနဲ႔ လႈပ္ခပ္လိုက္တာမွာ ကားလုပ္ငန္းလုပ္ေနတဲ့သူေတာ္ေတာ္မ်ားမ်ားလည္း ထိကုန္ၾကၿပီ။

သန္းေခါင္ထက္ေတာ့ ညဥ့္မနက္ေတာ့ပါဘူးဗ်ာ။ ဝန္ထမ္းေတြခမ်ာလည္း ေမာလွပါၿပီ။ ေပးစရာရွိလည္း ေပးလိုက္ၾကပါေတာ့။ ကားသမားေတြကလည္း ၂၀၁၂ ေလာက္တုန္းက သိန္းတစ္ေထာင္တန္ကား သိန္း ၂၀၀ ေလာက္ျဖစ္တာကို ႀကဳံဖူးၿပီးသားပါ။

ကားေဈးက်တာထက္ မူဝါဒမၿငိမ္တာက ကားေဈးကြက္ကို ပိုဆိုးေစတာပါ။ အခု ဝန္ထမ္းပါမစ္ထြက္လည္း ကားေဈးက အမ်ားႀကီး မက်ပါဘူး။ ဝန္ထမ္းေတြသာ ပါမစ္ဖိုးနည္းနည္းရသြားမွာပါ(အိုစာမင္းစာ ရၾကပါေစ)

ေလာေလာဆယ္လည္း ေဒၚလာေဈးက်လို႔ ၁၀% ေလာက္ သက္သာသြားသလို ၂၀၂၀ ေဖေဖၚဝါရီတုန္းက တစ္ေဒၚလာ ၁၅၃၀ ဝန္းက်င္ရွိရာကေန မေန႔က တစ္ေဒၚလာ ၁၃၇၂ က်ပ္ပဲ ရွိပါေတာ့တယ္။

အခြန္ေတြေလွ်ာ့လိုက္လို႔လည္း ၁၀~၂၀% ေလာက္ က်သြားပါတယ္.. ဆိုေတာ့ ဝန္ထမ္းပါမစ္ထြက္လာလည္း ကားေဈးထပ္ဝက္ေလာက္က်ဖို႔ မျဖစ္ႏိုင္ပါဘူး။

ဝန္ထမ္းေတြကို ကားပါမစ္ ေပးတာအျပင္ ေ႐ြးခ်ယ္မႈအေနနဲ႔ ေနာင္ေခတ္စားလာမယ့္ အသက္အာမခံလိုမ်ိဳး၊ က်န္းမာေရးအာမခံလိုမ်ိဳး ေပးရင္ေကာ ျဖစ္ႏိုင္မလားလို႔ စဥ္းစားေစခ်င္ပါတယ္။

လုပ္သက္ရင့္ ဝန္ထမ္းႀကီးေတြခမ်ာလည္း သနားဖို႔ေကာင္းပါတယ္။ ပင္စင္ယူၿပီးရင္၊ ေနဖို႔ စားဖို႔ ေဆးကုဖို႔ နဲ႔ ကေလးေတြရဲ႕ ပညာေရးေတြးၿပီး ပူေနၾကရတာေလ။

ကဲ ဝန္ထမ္းကားပါမစ္ ေပးပါၿပီတ။ဲ့ ဘယ္လိုလူမ်ိဳးေတြကို ေပးမွာလဲ?

လုပ္သက္ ၂၅ ႏွစ္လည္းျပည့္မယ္၊ မွင္နီမထိထားတဲ့ ဝန္ထမ္းေကာင္းလတ္မွတ္ရထားတဲ့သူေတြကို ေပးမယ္လို႔ ၾကားရတဲ့ အတြက္ သင့္ေလ်ာ္တယ္လို႔ ျမင္မိပါတယ္။(အထူးသျဖင့္ ဆရာ၊ ဆရာမေတြ၊ စစ္သားအိုႀကီးေတြ၊ ဆင္းရဲတဲ့ ရဲဝန္ထမ္းႀကီးေတြ၊ မီးသတ္သမားႀကီးေတြ၊ ဆရာဝန္ေတြ၊ သူနာျပဳေတြလည္း ရေစခ်င္ပါတယ္။)

ဒါေပမယ့္ ဝန္ထမ္းေကာင္းဆိုတဲ့ ဖြင့္ဆိုခ်က္ကိုေတာ့ ရွင္းရွင္းလင္းလင္း၊ မွ်မွ်တတ ေျပာထားေစခ်င္တယ္။ ျဖစ္ႏိုင္ရင္ ျပည္သူေတြကို အႏိုင္က်င့္တဲ့ ဝန္ထမ္းေတြ၊ ဝန္ထမ္းလုပ္ရင္း ျပည္သူ႔ပိုက္ဆံနဲ႔ အရမ္းခ်မ္းသာသြားသူေတြကိုေတာ့ မရေစခ်င္ပါဘူး။

ဝန္ထမ္းကားပါမစ္အခြန္ကေကာ ဘယ္လိုေလွ်ာ့မွာလဲ?

ကားတစ္စီးသြင္းရင္ ေဆာင္ရမယ့္ အခြန္ (၅) မ်ိဳးမွာ (၂) မ်ိဳးေလွ်ာ့ေပးမယ္လို႔ သိရပါတယ္။ အခြန္အားလုံးကင္းလြတ္ေတာ့ မဟုတ္ပါဘူး။အဲ ေလွ်ာ့ေပးမယ့္ အခြန္က ေငြအမ်ားဆုံးေပးေဆာင္ရတဲ့ ကာစတန္ခြန္နဲ႔ ကညနခြန္ အင္ဂ်င္ ပါဝါ ၁.၅ ေလာက္သာ သြင္းရင္ အထူးကုန္စည္ခြန္လည္း မေပးရသလို၊လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီးတဲ့ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားက စည္းၾကပ္ခံၿပီးသားဝင္ေငြေတြ ျဖစ္တဲ့အတြက္ ဝင္ေငြခြန္လည္း မေပးရေတာ့ ကုန္သြယ္ခြန္ တစ္မ်ိဳးတည္း ေပးရမွာပါ ။

(ကုန္သြယ္ခြန္ကလည္း ကားရဲ႕ ေအဗီ တန္ဖိုးကို ၅% ပဲ ေဆာင္ရမွာပါ) ဥပမာ – ဝန္ထမ္းတစ္ေယာက္က ကိုယ္ဝယ္မယ့္ကားက ရန္ကုန္အေရာက္ ေဒၚလာ ၂၀၀၀၀ ရယ္ စီတီ ဖိုး ေဒၚလာ ၁၀၀၀ ရယ္ မွ ဆို အၿပီး အစီး သိန္း ၃၀၀ ေလာက္ပဲ က်မွာေပါ့…

ေနာက္ ရန္ကုန္လိုင္စင္လည္း သန္းေခါင္စာရင္းေပၚလိုက္ၿပီး ရဦးမယ္ဆို သူ႔ရတဲ့ အခြင့္အေရးက သိန္း ၁၀၀ ေလာက္ အနည္းဆုံး တန္သြားတာေပါ့ (အၾကမ္းတြက္ထားတာပါေနာ္) နယ္လိုင္စင္တို႔ ကားသြင္းတဲ့ တန္ဖိုးေပၚလိုက္ၿပီး ေလ်ာ့သြားတိုးသြားတာေတာ့ ရွိမွာေပါ့။

အစိုးရအေနနဲ႔ကလည္း ေနာက္ပိုင္းမွာေတာ့ စီပီအက္ဖ္ လိုမ်ိဳး ပင္စင္ယူၿပီးခ်ိန္ ထုတ္ယူႏိုင္မယ့္ ရံပုံေငြ အစီအစဥ္ကို ခုႏွစ္မွ စလုပ္တာဆိုေတာ့ ေငြထုတ္ေပးတာမ်ိဳးထက္စာရင္ ခြင့္ျပဳကားပါမစ္က ႏိုင္ငံေတာ္စရိတ္သက္သာၿပီး ျမန္တာေပါ့။

ေနာင္ ႏွစ္ေတြမွာေတာ့ ေ႐ြးခ်ယ္ခြင့္ေတြအေနနဲ႔ ေနစရာအိမ္တို႔ က်န္းမာေရးအာမခံ နဲ႔ ကေလးေတြအတြက္ ပညာေရးအာမခံ ဆိုတာမ်ိဳးေတြ လုပ္သင့္တာေပါ့။

ဘယ္လိုကားမ်ိဳးေတြ ေပးသြင္းခြင့္ျပဳမွာလဲ?

စီအိုင္အက္ဖ္ သိန္း ၃၀၀ ေအာက္ ကား (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) ဘယ္ေမာင္းကား ပဲျဖစ္ရမယ္။ တစ္ႏွစ္အတြင္း နာမည္ေျပာင္းခြင့္မရွိဘူး ဆိုၿပီးေတာ့ ၾကားပါတယ္။(ကားသစ္က ၃ ႏွစ္ေနမွ လိုင္စင္ဝင္ရတာဆိုေတာ့ ဒီလိုပဲ ျပန္ေရာင္းၾကမွာပါပဲ) ဒီႏွစ္ခ်က္ထဲဆိုရင္ေတာ့ ဝန္ထမ္းေတြ ေပ်ာ္စရာေပါ့။

တစ္ဖက္မွာလည္း ဝန္ထမ္းေတြက ေပ်ာ္ေပမယ့္ ကားထုတ္လုပ္သူေတြနဲ႔ ကားရႈိး႐ြမ္းပိုင္ရွင္ေတြက သြင္းထားတဲ့ကားေတြ ေရာင္းရခက္ေတာ့မွာမို႔ အစိုးရကို တင္ျပက်ျပန္ေရာ။ အဲဒါနဲ႔ပဲ အခ်ိန္ ၾကာေနတာ။

ခုေတာ့ အားလုံးကို တစ္ေျပးညီ အခြန္ေတြ ခ်ေပးလိုက္ေတာ့ ဝန္ထမ္းပါမစ္ အခြန္ေလွ်ာ့နဲ႔ အမ်ားႀကီး မကြာေတာ့ဘူးေပါ့။ ဒီလထဲမွာ ဝန္ထမ္းပါမစ္ ျမန္ျမန္ေပးလိုက္လည္း ေအးတာပဲ။

ဝန္ထမ္းေတြလည္း ကားပါမစ္ ရပါေစ။ ကားေလာကသားေတြလည္း အဆင္ေျပၾကပါေစလို႔ ဆုေတာင္းရင္း

ေအာင္မိုးလြင္ (၂၃၊ ၈၊ ၂၀၂၀)

Unicode

ဝန်းထမ်းကားပါမစ် ပေးရာမှာ ဘယ်လိုလူမျိုးကို ပေးမှာလဲ၊ ဘယ်လိုကားမျိုး သွင်းခွင့်ပြုမှာလဲ၊ အခွန်ဘယ်လိုလျော့မလဲ ? (သိချင်သူတွေအတွက်ပါ)

ကားလောက ခမျာလည်း ဝန်ထမ်းပါမစ် မထွက်သေးတာက စမျင်းတုံးခံသလိုဖြစ်ပြီး ရောင်းသူကလည်း ချမရောင်းနိုင်၊ ဝယ်မယ့်သူကလည်း ချိတုံချတုံ၊ ပါမစ်ရမယ့်သူကလည်း မျှော်ရလွန်းလို့ ရူးတော့မယ်ဆိုသလို

၂၀၂၀ ထဲမှာ ကားလောကကို ကိုဗစ်ကတစ်မျိုး၊ ပါမစ်ကတစ်မျိုး၊ အခွန်ကတစ်မျိုးနဲ့ လှုပ်ခပ်လိုက်တာမှာ ကားလုပ်ငန်းလုပ်နေတဲ့သူတော်တော်များများလည်း ထိကုန်ကြပြီ။

သန်းခေါင်ထက်တော့ ညဉ့်မနက်တော့ပါဘူးဗျာ။ ဝန်ထမ်းတွေခမျာလည်း မောလှပါပြီ။ ပေးစရာရှိလည်း ပေးလိုက်ကြပါတော့။ ကားသမားတွေကလည်း ၂၀၁၂ လောက်တုန်းက သိန်းတစ်ထောင်တန်ကား သိန်း ၂၀၀ လောက်ဖြစ်တာကို ကြုံဖူးပြီးသားပါ။

ကားဈေးကျတာထက် မူဝါဒမငြိမ်တာက ကားဈေးကွက်ကို ပိုဆိုးစေတာပါ။ အခု ဝန်ထမ်းပါမစ်ထွက်လည်း ကားဈေးက အများကြီး မကျပါဘူး။ ဝန်ထမ်းတွေသာ ပါမစ်ဖိုးနည်းနည်းရသွားမှာပါ(အိုစာမင်းစာ ရကြပါစေ)

လောလောဆယ်လည်း ဒေါ်လာဈေးကျလို့ ၁၀% လောက် သက်သာသွားသလို ၂၀၂၀ ဖေဖေါ်ဝါရီတုန်းက တစ်ဒေါ်လာ ၁၅၃၀ ဝန်းကျင်ရှိရာကနေ မနေ့က တစ်ဒေါ်လာ ၁၃၇၂ ကျပ်ပဲ ရှိပါတော့တယ်။

အခွန်တွေလျှော့လိုက်လို့လည်း ၁၀~၂၀% လောက် ကျသွားပါတယ်.. ဆိုတော့ ဝန်ထမ်းပါမစ်ထွက်လာလည်း ကားဈေးထပ်ဝက်လောက်ကျဖို့ မဖြစ်နိုင်ပါဘူး။

ဝန်ထမ်းတွေကို ကားပါမစ် ပေးတာအပြင် ရွေးချယ်မှုအနေနဲ့ နောင်ခေတ်စားလာမယ့် အသက်အာမခံလိုမျိုး၊ ကျန်းမာရေးအာမခံလိုမျိုး ပေးရင်ကော ဖြစ်နိုင်မလားလို့ စဉ်းစားစေချင်ပါတယ်။

လုပ်သက်ရင့် ဝန်ထမ်းကြီးတွေခမျာလည်း သနားဖို့ကောင်းပါတယ်။ ပင်စင်ယူပြီးရင်၊ နေဖို့ စားဖို့ ဆေးကုဖို့ နဲ့ ကလေးတွေရဲ့ ပညာရေးတွေးပြီး ပူနေကြရတာလေ။

ကဲ ဝန်ထမ်းကားပါမစ် ပေးပါပြီတ။ဲ့ ဘယ်လိုလူမျိုးတွေကို ပေးမှာလဲ?

လုပ်သက် ၂၅ နှစ်လည်းပြည့်မယ်၊ မှင်နီမထိထားတဲ့ ဝန်ထမ်းကောင်းလတ်မှတ်ရထားတဲ့သူတွေကို ပေးမယ်လို့ ကြားရတဲ့ အတွက် သင့်လျော်တယ်လို့ မြင်မိပါတယ်။(အထူးသဖြင့် ဆရာ၊ ဆရာမတွေ၊ စစ်သားအိုကြီးတွေ၊ ဆင်းရဲတဲ့ ရဲဝန်ထမ်းကြီးတွေ၊ မီးသတ်သမားကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေလည်း ရစေချင်ပါတယ်။)

ဒါပေမယ့် ဝန်ထမ်းကောင်းဆိုတဲ့ ဖွင့်ဆိုချက်ကိုတော့ ရှင်းရှင်းလင်းလင်း၊ မျှမျှတတ ပြောထားစေချင်တယ်။ ဖြစ်နိုင်ရင် ပြည်သူတွေကို အနိုင်ကျင့်တဲ့ ဝန်ထမ်းတွေ၊ ဝန်ထမ်းလုပ်ရင်း ပြည်သူ့ပိုက်ဆံနဲ့ အရမ်းချမ်းသာသွားသူတွေကိုတော့ မရစေချင်ပါဘူး။

ဝန်ထမ်းကားပါမစ်အခွန်ကကော ဘယ်လိုလျှော့မှာလဲ?

ကားတစ်စီးသွင်းရင် ဆောင်ရမယ့် အခွန် (၅) မျိုးမှာ (၂) မျိုးလျှော့ပေးမယ်လို့ သိရပါတယ်။ အခွန်အားလုံးကင်းလွတ်တော့ မဟုတ်ပါဘူး။အဲ လျှော့ပေးမယ့် အခွန်က ငွေအများဆုံးပေးဆောင်ရတဲ့ ကာစတန်ခွန်နဲ့ ကညနခွန် အင်ဂျင် ပါဝါ ၁.၅ လောက်သာ သွင်းရင် အထူးကုန်စည်ခွန်လည်း မပေးရသလို၊လုပ်သက် ၂၅ နှစ်ပြည့်ပြီးတဲ့ ဝန်ထမ်းတော်တော်များများက စည်းကြပ်ခံပြီးသားဝင်ငွေတွေ ဖြစ်တဲ့အတွက် ဝင်ငွေခွန်လည်း မပေးရတော့ ကုန်သွယ်ခွန် တစ်မျိုးတည်း ပေးရမှာပါ ။

(ကုန်သွယ်ခွန်ကလည်း ကားရဲ့ အေဗီ တန်ဖိုးကို ၅% ပဲ ဆောင်ရမှာပါ) ဥပမာ – ဝန်ထမ်းတစ်ယောက်က ကိုယ်ဝယ်မယ့်ကားက ရန်ကုန်အရောက် ဒေါ်လာ ၂၀၀၀၀ ရယ် စီတီ ဖိုး ဒေါ်လာ ၁၀၀၀ ရယ် မှ ဆို အပြီး အစီး သိန်း ၃၀၀ လောက်ပဲ ကျမှာပေါ့…

နောက် ရန်ကုန်လိုင်စင်လည်း သန်းခေါင်စာရင်းပေါ်လိုက်ပြီး ရဦးမယ်ဆို သူ့ရတဲ့ အခွင့်အရေးက သိန်း ၁၀၀ လောက် အနည်းဆုံး တန်သွားတာပေါ့ (အကြမ်းတွက်ထားတာပါနော်) နယ်လိုင်စင်တို့ ကားသွင်းတဲ့ တန်ဖိုးပေါ်လိုက်ပြီး လျော့သွားတိုးသွားတာတော့ ရှိမှာပေါ့။

အစိုးရအနေနဲ့ကလည်း နောက်ပိုင်းမှာတော့ စီပီအက်ဖ် လိုမျိုး ပင်စင်ယူပြီးချိန် ထုတ်ယူနိုင်မယ့် ရံပုံငွေ အစီအစဉ်ကို ခုနှစ်မှ စလုပ်တာဆိုတော့ ငွေထုတ်ပေးတာမျိုးထက်စာရင် ခွင့်ပြုကားပါမစ်က နိုင်ငံတော်စရိတ်သက်သာပြီး မြန်တာပေါ့။

နောင် နှစ်တွေမှာတော့ ရွေးချယ်ခွင့်တွေအနေနဲ့ နေစရာအိမ်တို့ ကျန်းမာရေးအာမခံ နဲ့ ကလေးတွေအတွက် ပညာရေးအာမခံ ဆိုတာမျိုးတွေ လုပ်သင့်တာပေါ့။

ဘယ်လိုကားမျိုးတွေ ပေးသွင်းခွင့်ပြုမှာလဲ?

စီအိုင်အက်ဖ် သိန်း ၃၀၀ အောက် ကား (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) ဘယ်မောင်းကား ပဲဖြစ်ရမယ်။ တစ်နှစ်အတွင်း နာမည်ပြောင်းခွင့်မရှိဘူး ဆိုပြီးတော့ ကြားပါတယ်။(ကားသစ်က ၃ နှစ်နေမှ လိုင်စင်ဝင်ရတာဆိုတော့ ဒီလိုပဲ ပြန်ရောင်းကြမှာပါပဲ) ဒီနှစ်ချက်ထဲဆိုရင်တော့ ဝန်ထမ်းတွေ ပျော်စရာပေါ့။

တစ်ဖက်မှာလည်း ဝန်ထမ်းတွေက ပျော်ပေမယ့် ကားထုတ်လုပ်သူတွေနဲ့ ကားရှိုးရွမ်းပိုင်ရှင်တွေက သွင်းထားတဲ့ကားတွေ ရောင်းရခက်တော့မှာမို့ အစိုးရကို တင်ပြကျပြန်ရော။ အဲဒါနဲ့ပဲ အချိန် ကြာနေတာ။

ခုတော့ အားလုံးကို တစ်ပြေးညီ အခွန်တွေ ချပေးလိုက်တော့ ဝန်ထမ်းပါမစ် အခွန်လျှော့နဲ့ အများကြီး မကွာတော့ဘူးပေါ့။ ဒီလထဲမှာ ဝန်ထမ်းပါမစ် မြန်မြန်ပေးလိုက်လည်း အေးတာပဲ။

ဝန်ထမ်းတွေလည်း ကားပါမစ် ရပါစေ။ ကားလောကသားတွေလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းရင်း

အောင်မိုးလွင် (၂၃၊ ၈၊ ၂၀၂၀)