အလွပေရးရာ

ဗိုက်နဲ့ ခါးမှာရှိတဲ့ အဆီတွေဖုံးအောင် အဝတ်အစားဝတ်ဆင်နည်း (၉) ခု

အမျိုးသားတွေက အဝတ်အစားဝတ်ရင် သိပ်အခက်အခဲ မရှိပေမယ့် အမျိုးသမီးတွေကတော့ ဝမ်းဗိုက်နေရာအတွက် စိုးရိမ်တတ်ကြပါတယ်။ MailOnline က ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်တစ်ခုအရ အမျိုးသားတွေဟာ ဗိုက်ချပ်တဲ့ အမျိုးသမီးတွေကို နှစ်သက်ကြတာ များပါတယ်။ ဒါကြောင့် အခေါက်လေးတွေကို အဝတ်အစားအောက်မှာ ဘယ်လိုဖုံးကွယ်ရမလဲ ဆိုတာကို ပြောပြပေးပါမယ်နော်။

၁။ တင်းကျပ်တဲ့ အဝတ်အစားတွေထက် ချောင်နေတဲ့အဝတ်အစားတွေကို ရွေးပါ။

ရောင်စုံအဝတ်အစားတွေက သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ အနက်ရောင်က သင့်ကိုပိုပြီး လိုက်ဖက်တဲ့ပုံ ပေါက်စေပေမယ့် pastel အရောင်တွေကို မဝတ်သင့်ဘူးလို့ မဆိုလိုပါဘူး။ အဝါနုရောင်၊ pistachio နှင့် ပန်းရောင်ဖျော့ရောင်တွေကို ဝတ်ပါ။

ဒါပေမယ့် အဝတ်အစားတွေက ပွနေဖို့တော့ လိုပါတယ်။ တင်းကြပ်တဲ့ အဝတ်အစားတွေက ဝတာကို ပေါ်လွင်စေပါတယ်။ ခါးနဲ့ တင်ပါးကို ပေါ်လွင်အောင် မဖော်ပြဘဲ အလွှာတွေ ဝတ်တာက ပိုကောင်းပါတယ်။ အရောင်တူ တာတွေကိုလည်း ဝတ်ဆင်နိုင်ပါတယ်။

၂။ ဒေါင်လိုက်အစင်းတွေပါတဲ့ အဝတ်တွေ ဝတ်ပါ။

ဒေါင်လိုက်အစင်းတွေက သင့်ကို အရပ်ပိုမြင့်ပြီး ပိုလိုက်ဖက်စေပါတယ်။ ဒါပေမယ့် အစင်းကြောင်းတွေရဲ့ အကျယ်ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ ကျယ်တဲ့အစင်းကြောင်းတွေက သင့်ကို ပိုဝတယ်လို့ ထင်စေနိုင်တာကြောင့် ကျဉ်းတဲ့အစင်းကြောင်းတွေပါတဲ့ အဝတ်အစားကိုသာ ရွေးချယ်ပါ။

အစင်းကြောင်းများ များလွန်းတယ်လို့ ခံစားရရင် အဖြူနှင့် အနက် ဒါမှမဟုတ် အဖြူ-အပြာ အရောင်တွေကို ရွေးချယ်ပါ။

၃။ သင့်ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းကို သိသာထင်ရှားအောင် ပြပါ။

ဗိုက်ပူတာကို အာရုံမစိုက်မိစေဖို့ ရင်သားကို အာရုံလွှဲလို့ရပါတယ်။ ရိုးရှင်းပြီး သိပ်ကွဲထွက်သွားခြင်းမရှိတဲ့ အနက်ရောင်ဝတ်စုံတွေ၊ ဘောင်းဘီအပွတွေ၊ အင်္ကျီတွေနှင့် စကတ်တွေ ဝတ်နိုင်ပါတယ်။

လှပတဲ့ ခြေတံလေးတွေ ပိုင်ဆိုင်ထားရင် ပိုအဆင်ပြေပါတယ်။ အရမ်းတိုတဲ့ စကတ်တွေဝတ်ဖို့ မလိုပါဘူး။ ဒါပေမယ့် ဒူးထက်အနည်းငယ်မြင့်တဲ့ စကတ်မျိုးတော့ ဝတ်သင့်ပါတယ်။

၄။ ဒူးထက်အနည်းငယ်ပိုရှည်တဲ့ အဝတ်အစားကို ရွေးချယ်ပါ။

ဝတ်စားဆင်ယင်မှုပြောင်းချင်တဲ့အခါ အဖြောင့်ဖြတ်ကို ရွေးချယ်သင့်ပါတယ်။ ပုံထဲကလို ပန်းလို အကြီးကြီးတွေက ဝတ်ရင် လိုက်ပါတယ်။ တင်းကျပ်တဲ့ဝတ်စုံကိုတော့ မဝတ်သင့်ပါဘူး။ ပွပွယောင်းယောင်းဝတ်စံမျိုးနဲ့သာ တွဲဝတ်ပါ။

ဗိုက်ကိုဖုံးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပန်းတွေ၊ အစက်အပြောက်တွေမပါတဲ့ ဝတ်စုံကို ဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။ ခါးမြင့်ဝတ်စုံတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

၅။ တစ်ရောင်တည်းရှိတဲ့ အင်္ကျီတွေ ဝတ်ပါ.

တစ်ရောင်တည်းပါတဲ့ ဘလောက်စ်အင်္ကျီနှင့် ရှပ်အင်္ကျီတွေက သင့်ကို လူကြားထဲမှာ ပိုအာရုံစိုက်ခံရစေပါတယ်။ မှန်ကန်တဲ့ပုံစံတွေကိုသာ ရွေးချယ်ရင် အားလပ်ရက်တွေ အပြင်ထွက်ရင်လည်း လူတိုင်းက သင့်ကိုငေးကြည့်နေမှာပါ။

၆။ တီရှပ်နှင့် အင်္ကျီအပွတွေကို ဝတ်ဆင်ပါ။

ဗိုက်ကို မမြင်စေချင်ဘူးဆိုရင် အပေါ်ထပ်က ချောင်နေမျိုး ရွေးသင့်ပါတယ်။ အရမ်းမကြီးဖို့ကလည်း အရေးကြီးပါတယ်။ အရမ်းကြီးသွားရင် ခန္ဓာကိုယ်ကို ပိုကြီးသွားစေပါတယ်။

၇။ ဘောင်းဘီအမြင့်

ဘောင်းဘီအမြင့်တွေက ခါးကနေ တင်ပါးအထိ တစ်ဖြောင့်တည်းဖြစ်စေပါတယ်။ ဘေးနှစ်ဖက်ကိုလည်း မမြင်နိုင်သလို ခါးတုတ်တာလည်း မပေါ်စေတော့ပါဘူး။ အနက်ရောင် ဘောင်းဘီ ဝတ်ရင် ပိုလှစေပါတယ်။

၈။ ခါးပတ်

ဂျင်းဘောင်းဘီအရှည် ဝတ်တာက သင့်ကို ကြည့်ကောင်းစေပါတယ်။ ဒါပေမယ့် ခါးပတ်ကိုရွေးချယ်တဲ့အခါ အရမ်းသတိထားသင့်ပါတယ်။ ကြီးမားတဲ့ ခါးပတ်ခေါင်းကို ဝတ်မိရင် အရမ်းကြီးထင်းနေတာကြောင့် သင့်အလှကို ပျက်စီးစေနိုင်ပါတယ်။

၉။ စကတ်တွေ ဝတ်ပါ။

စကတ်တွေ၊ ဒေါက်ပါတဲ့ အနက်ရောင်စကတ်က သင့်ရဲ့ ပုံအမှန်ကို သိသာစေပါတယ်။ အနည်းငယ်ကွဲနေတဲ့ စကတ်ကတော့ သင့်အလှကို ပေါ်စေပါတယ်။ ဒီလိုမျိုးတစ်ခုခုကို ရွေးချယ်တဲ့အခါ တောက်ပတဲ့အရောင်ကို ရွေးပါ။

၁၀။ Cardigan ကိုဝတ်ပါ။

Cardigan ကို ဘောင်းဘီ ၊ ဂျင်းဘောင်းဘီ ၊ စကတ် နဲ့ ဝတ်စုံစတာတွေနဲ့တွဲဝတ်ရင် ကောင်းကောင်းလိုက်ဖက်ပါတယ်။ သင့်ခန္ဓာကိုယ်ကို ဖြောင့်စေပြီး ပိန်တာ၊ ဝတာကို မသိသာစေပါဘူး။

ဝမ်းဗိုက်ရဲ့ အထင်ရှားဆုံးနေရာတစ်ဝိုက်မှာ ကြယ်သီးတွေ ဖွင့်ဝတ်ပါ။ အိတ်ကြီးကြီးပါတဲ့ Cardigan တွေက သင့်ကို ပိုကြီးတယ်လို့ ထင်စေနိုင်ပါတယ်။

Zombie (lovemedia)