ၾကက္ေပ်ာက္လို႕ လင္မယားႏွစ္ေယာက္ကို စြပ္စြဲခဲ့တဲ့ လူပ်ိဳႀကီးရဲ႕ အျဖစ္
“သူခိုးဖမ္းမယ္”
“က်ေနာ္တို႔ မခိုးရပါဘူး သူႀကီးရယ္..”
“ဘုရားေပးေပး က်မ္းေပးေပးပါ က်မတို႔ ဒါမ်ိဳးအက်င့္လည္း မရွိရပါဘူးရွင္..”
“ကဲ..ဟုတ္ပီ ကိုတင္လွ၊ ခင္မ်ားၾကက္ကို သူတို႔လင္မယား ခိုးပါတယ္လို႔ စြပ္စြဲရေအာင္ ခင္မ်ားက ဘာအေထာက္အထားနဲ႔ စြပ္စြဲရတာလဲ”
“ရွိပါတယ္ သူႀကီး.. အင္မတန္ကို ခိုင္လုံပါတယ္ ဒီသတင္းက အတြင္းလူကေနတဆင့္ ေပါက္ၾကားတာပ ါေထာင္ေခ်ာက္ဆင္ဖမ္းတာလည္း မဟုတ္ရပါဘူး..”
“အေရးထဲ ခင္ဗ်ားကလည္း ခ်ဲ႕ေနေသးတယ္ ကဲပါ လိုရင္းပဲေျပာဗ်ာ ခင္ဗ်ားဘယ္လိုသိတာလဲ..”
“ဒီလိုပါ သူႀကီး. .မေန႔ညက က်ေနာ့္ တိုက္ၾကက္ဖႀကီး အိပ္တန္းမဝင္တာနဲ႔က်ေနာ္တစ္ညလုံး တိတ္တိတ္ေလး လိုက္စုံစမ္းပါတယ္
ဒါေပမယ့္ သတင္းအစအနေတာင္ မရခဲ့ပါဘူး..”
“ဒါနဲ႔မ်ားကြာ..”
“အဲ က်ေနာ္စကား မဆုံးေသးပါဘူး သူႀကီး”
“ကဲ ေျပာဗ်ာ လိုရင္းကိုေျပာ..”
“ဟုတ္ကဲ့ ေျပာပါ့မယ္၊ မနက္မိုးလင္းေတာ့ က်ေနာ္ အိမ္နီးနားဝန္းက်င္မွာ စုံစမ္းေနတုန္းသူတို႔ရဲ႕သား အငယ္ဆုံးေလးနဲ႔ လမ္းမွာေတြ႕ေတာ့
ဘဘ ဘာေတြရွာေနတာလဲ.. တဲ့၊ သူကေမးပါတယ္
ဒါနဲ႔က်ေနာ္လည္း ညက ၾကက္ကို သူခိုး ခိုးစားလို႔ လိုက္ရွာေနတာ သားရယ္..လို႔ ေျပာလိုက္တယ္။
အဲလိုေျပာလိုက္ေတာ့ ခေလးမ်က္ႏွာပ်က္သြားတာကို ခ်က္ျခင္း ရိပ္မိလိုက္တယ္ သူႀကီး…
ဒါနဲ႔ က်ေနာ္က သားသိရင္ေျပာျပပါလား ဆိုေတာ့ မေျပာဘူးဗ်…
ဘယ္ရမလဲ.. က်ေနာ္က လူပ်ိဳႀကီးဆိုေပမယ့္ခေလးေတြရဲ႕အထာကိုသိၿပီးသားေလ…
အိပ္ကပ္ထဲက တစ္ေထာင္တန္တစ္႐ြက္ထုတ္ၿပီးေရာ့ သားမူန္႔ဖိုးယူ..သားကို ဘဘက ခ်စ္လို႔ေပးတာသားသိရင္ ေျပာျပပါလား. . ဆိုေတာ့မွ
သား ေသခ်ာေတာ့မသိဘူး၊ ဒါေပမဲ့ ညတုန္းကအေဖက အေမ့ကို ေျပာေနသံေတာ့ၾကားလိုက္တယ္ တဲ့..”
“အင္း ဟုတ္ၿပီ..ဒါ သဲလြန္စရတာပဲ၊ခေလးက ဘယ္လိုၾကားတာတဲ့လဲ..”
“အဲ. . ဘယ္လိုေျပာလဲဆိုေတာ့အေမႀကီးေရ တို႔ ဒီည ခေလးအိပ္ရင္ခိုးစားၾကရေအာင္”..တဲ့
ကဲ သူတို႔လင္မယားကလြဲရင္ဘယ္သူျဖစ္အုံးမလဲ သူႀကီး. .”
“ေဟ..”
😁😁😁
credit to orginal
unicode
ကြက်ပျောက်လို့ လင်မယားနှစ်ယောက်ကို စွပ်စွဲခဲ့တဲ့ လူပျိုကြီးရဲ့ အဖြစ်
“သူခိုးဖမ်းမယ်”
“ကျနော်တို့ မခိုးရပါဘူး သူကြီးရယ်..”
“ဘုရားပေးပေး ကျမ်းပေးပေးပါ ကျမတို့ ဒါမျိုးအကျင့်လည်း မရှိရပါဘူးရှင်..”
“ကဲ..ဟုတ်ပီ ကိုတင်လှ၊ ခင်များကြက်ကို သူတို့လင်မယား ခိုးပါတယ်လို့ စွပ်စွဲရအောင် ခင်များက ဘာအထောက်အထားနဲ့ စွပ်စွဲရတာလဲ”
“ရှိပါတယ် သူကြီး.. အင်မတန်ကို ခိုင်လုံပါတယ် ဒီသတင်းက အတွင်းလူကနေတဆင့် ပေါက်ကြားတာပ ါထောင်ချောက်ဆင်ဖမ်းတာလည်း မဟုတ်ရပါဘူး..”
“အရေးထဲ ခင်ဗျားကလည်း ချဲ့နေသေးတယ် ကဲပါ လိုရင်းပဲပြောဗျာ ခင်ဗျားဘယ်လိုသိတာလဲ..”
“ဒီလိုပါ သူကြီး. .မနေ့ညက ကျနော့် တိုက်ကြက်ဖကြီး အိပ်တန်းမဝင်တာနဲ့ကျနော်တစ်ညလုံး တိတ်တိတ်လေး လိုက်စုံစမ်းပါတယ်
ဒါပေမယ့် သတင်းအစအနတောင် မရခဲ့ပါဘူး..”
“ဒါနဲ့များကွာ..”
“အဲ ကျနော်စကား မဆုံးသေးပါဘူး သူကြီး”
“ကဲ ပြောဗျာ လိုရင်းကိုပြော..”
“ဟုတ်ကဲ့ ပြောပါ့မယ်၊ မနက်မိုးလင်းတော့ ကျနော် အိမ်နီးနားဝန်းကျင်မှာ စုံစမ်းနေတုန်းသူတို့ရဲ့သား အငယ်ဆုံးလေးနဲ့ လမ်းမှာတွေ့တော့
ဘဘ ဘာတွေရှာနေတာလဲ.. တဲ့၊ သူကမေးပါတယ်
ဒါနဲ့ကျနော်လည်း ညက ကြက်ကို သူခိုး ခိုးစားလို့ လိုက်ရှာနေတာ သားရယ်..လို့ ပြောလိုက်တယ်။
အဲလိုပြောလိုက်တော့ ခလေးမျက်နှာပျက်သွားတာကို ချက်ခြင်း ရိပ်မိလိုက်တယ် သူကြီး…
ဒါနဲ့ ကျနော်က သားသိရင်ပြောပြပါလား ဆိုတော့ မပြောဘူးဗျ…
ဘယ်ရမလဲ.. ကျနော်က လူပျိုကြီးဆိုပေမယ့်ခလေးတွေရဲ့အထာကိုသိပြီးသားလေ…
အိပ်ကပ်ထဲက တစ်ထောင်တန်တစ်ရွက်ထုတ်ပြီးရော့ သားမူန့်ဖိုးယူ..သားကို ဘဘက ချစ်လို့ပေးတာသားသိရင် ပြောပြပါလား. . ဆိုတော့မှ
သား သေချာတော့မသိဘူး၊ ဒါပေမဲ့ ညတုန်းကအဖေက အမေ့ကို ပြောနေသံတော့ကြားလိုက်တယ် တဲ့..”
“အင်း ဟုတ်ပြီ..ဒါ သဲလွန်စရတာပဲ၊ခလေးက ဘယ်လိုကြားတာတဲ့လဲ..”
“အဲ. . ဘယ်လိုပြောလဲဆိုတော့အမေကြီးရေ တို့ ဒီည ခလေးအိပ်ရင်ခိုးစားကြရအောင်”..တဲ့
ကဲ သူတို့လင်မယားကလွဲရင်ဘယ်သူဖြစ်အုံးမလဲ သူကြီး. .”
“ဟေ..”
😁😁😁
credit to orginal



