ၾကားသိရသမွ်

မြန်မာပြည်က နာမည်ကျော် အိမ်တစ်လုံး

မြန်မာပြည်က နာမည်ကျော် အိမ်တစ်လုံး

အမေရိကန် ဒေါ်လာ သန်း ၉ဝ လောက်တန်တယ်လို့ ရှေ့နေတွေ အကဲဖြတ်ကြတဲ့ ကိုလိုနီခေတ်က အိမ်တစ်လုံး မြန်မာပြည်မှာ ရှိပါတယ်။ဒီအိမ်ကို စစ်မဖြစ်ခင် ၁၉၂ဝ ကျော်က မူလပိုင်ရှင်တွေ ဆောက်ခဲ့ကြတာဖြစ်လို့ အခုဆိုရင် သက်တမ်း ၁၀၀ ကျော်ပါပြီ။

ဒီအိမ်မှာ အကျယ်ချုပ်နှစ်တွေ ဖြတ်သန်းရင်း ခင်ပွန်းသည် ကွယ်လွန်ခါနီး အချိန်မှာတောင် မနှုတ်ဆက်လိုက်ရတဲ့ အိမ်ရှင် အမျိုးသမီးဘဝဟာ ကမ္ဘာကျော်ခဲ့လို့ ဟောလိဝုဒ်ကနေ ရုပ်ရှင် ရိုက်ကူးပြီးပြတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ထင်ရှားခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုဘားမား၊ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ယူကေဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း စတဲ့ ထင်ရှားတဲ့ ကမ္ဘာကျော် နိုင်ငံခေါင်းဆောင်တွေ လာရောက်ခဲ့ကြသလို တခြားကမ္ဘာ့နိုင်ငံ အများအပြားက တာဝန်ယူဆဲ ခေါင်းဆောင်တွေ၊ အငြိမ်းစားခေါင်းဆောင်တွေ တကူးတက လာရောက်ကြတဲ့ အိမ်ဖြစ်ပါတယ်။
အင်ဂျလီနာဂျိုလီ၊ မီရှဲယို စတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေလည်း ဒီအိမ်မှာ ညအိပ်ညနေ လာရောက်တာမျိုး ရှိခဲ့ပါတယ်။

ပြည်တွင်းက ထင်ရှားတဲ့ စစ်ခေါင်းဆောင်တွေ လာရောက်ဖူးကြသလို၊ အနုပညာရှင် အတတ်ပညာရှင် အလွှာပေါင်းစုံက လာရောက်လည်ပတ်ကြတဲ့ အိမ်လည်း ဖြစ်ပါတယ်။

အိမ်ရဲ့ နံပါတ် ၅၄ ကို သီချင်းတွေ၊ ကဗျာတွေ စပ်ဆိုကြ သူတွေ ရှိသလို၊ အိမ်ရှင်ကို အနိုင်ယူဖို့ ရှေးအယူအဆ တမျိုးအဖြစ် ယတြာချေတဲ့ နေရာမှာ သုံးတဲ့သူတွေလည်း ရှိပြန်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဒီအိမ်ဟာ မြန်မာပြည်မှာ အထင်ကရ ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်တဲ့ ရွှေတိဂုံဘုရားကြီး၊ ရန်ကုန်တက္ကသိုလ် တို့လိုပဲ ထင်ရှားတဲ့ နေရာဖြစ်လို့ ပြည်တွင်းက ပြည်သူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်တစား လာကြည့်တာ ဓါတ်ပုံလာရိုက်တာတွေ ရှိပါတယ်။

Photo – Google

ျမန္မာျပည္က နာမည္ေက်ာ္ အိမ္တစ္လုံး

အေမရိကန္ ေဒၚလာ သန္း ၉ဝ ေလာက္တန္တယ္လို႔ ေရွ႕ေနေတြ အကဲျဖတ္ၾကတဲ့ ကိုလိုနီေခတ္က အိမ္တစ္လုံး ျမန္မာျပည္မွာ ရွိပါတယ္။ဒီအိမ္ကို စစ္မျဖစ္ခင္ ၁၉၂ဝ ေက်ာ္က မူလပိုင္ရွင္ေတြ ေဆာက္ခဲ့ၾကတာျဖစ္လို႔ အခုဆိုရင္ သက္တမ္း ၁၀၀ ေက်ာ္ပါၿပီ။

ဒီအိမ္မွာ အက်ယ္ခ်ဳပ္ႏွစ္ေတြ ျဖတ္သန္းရင္း ခင္ပြန္းသည္ ကြယ္လြန္ခါနီး အခ်ိန္မွာေတာင္ မႏႈတ္ဆက္လိုက္ရတဲ့ အိမ္ရွင္ အမ်ိဳးသမီးဘဝဟာ ကမာၻေက်ာ္ခဲ့လို႔ ေဟာလိဝုဒ္ကေန ႐ုပ္ရွင္ ႐ိုက္ကူးၿပီးျပတဲ့ The Lady ႐ုပ္ရွင္ဇာတ္ကားႀကီးဟာလည္း ထင္ရွားခဲ့ပါတယ္။

အေမရိကန္သမၼတ အိုဘားမား၊ ကုလ အတြင္းေရးမႉးခ်ဳပ္ ဘန္ကီမြန္း၊ ယူေကဝန္ႀကီးခ်ဳပ္ ေဒးဗစ္ကင္မ႐ြန္း စတဲ့ ထင္ရွားတဲ့ ကမာၻေက်ာ္ ႏိုင္ငံေခါင္းေဆာင္ေတြ လာေရာက္ခဲ့ၾကသလို တျခားကမာၻ႔ႏိုင္ငံ အမ်ားအျပားက တာဝန္ယူဆဲ ေခါင္းေဆာင္ေတြ၊ အၿငိမ္းစားေခါင္းေဆာင္ေတြ တကူးတက လာေရာက္ၾကတဲ့ အိမ္ျဖစ္ပါတယ္။
အင္ဂ်လီနာဂ်ိဳလီ၊ မီရွဲယို စတဲ့ ကမာၻေက်ာ္ အႏုပညာရွင္ေတြလည္း ဒီအိမ္မွာ ညအိပ္ညေန လာေရာက္တာမ်ိဳး ရွိခဲ့ပါတယ္။

ျပည္တြင္းက ထင္ရွားတဲ့ စစ္ေခါင္းေဆာင္ေတြ လာေရာက္ဖူးၾကသလို၊ အႏုပညာရွင္ အတတ္ပညာရွင္ အလႊာေပါင္းစုံက လာေရာက္လည္ပတ္ၾကတဲ့ အိမ္လည္း ျဖစ္ပါတယ္။

အိမ္ရဲ႕ နံပါတ္ ၅၄ ကို သီခ်င္းေတြ၊ ကဗ်ာေတြ စပ္ဆိုၾက သူေတြ ရွိသလို၊ အိမ္ရွင္ကို အႏိုင္ယူဖို႔ ေရွးအယူအဆ တမ်ိဳးအျဖစ္ ယၾတာေခ်တဲ့ ေနရာမွာ သုံးတဲ့သူေတြလည္း ရွိျပန္ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပညာသင္ခဲ့တဲ့ သမိုင္းဝင္ ရန္ကုန္တကၠသိုလ္ႀကီးနဲ႔ မလွမ္းမကမ္းမွာ ရွိတဲ့ ဒီအိမ္ဟာ ျမန္မာျပည္မွာ အထင္ကရ ေရွးေဟာင္းအေမြအႏွစ္ေတြ ျဖစ္တဲ့ ေ႐ႊတိဂုံဘုရားႀကီး၊ ရန္ကုန္တကၠသိုလ္ တို႔လိုပဲ ထင္ရွားတဲ့ ေနရာျဖစ္လို႔ ျပည္တြင္းက ျပည္သူေတြနဲ႔ ကမာၻလွည့္ ခရီးသြားေတြ စိတ္ဝင္တစား လာၾကည့္တာ ဓါတ္ပုံလာ႐ိုက္တာေတြ ရွိပါတယ္။

Photo – Google