မလေးရှားနိုင်ငံမှ Autism ဟူတဲ့ရောဂါဟာ အသက်သုံးနှစ်မတိုင်မီတွင် ပုံမှန်အားဖြင့်ဖြစ်ပေါ်လာလေ့ရှိတဲ့အာရုံကြောဆိုင်ရာရောဂါဖြစ်သလို “ အော်တစ်ဇင်” ဟူသောစကားလုံးဟာ နှုတ်နှင့်စကားမပြောတဲ့ဆက်သွယ်ရေးနှင့်လူမှုဆက်ဆံရေးကိုသိသိသာသာထိခိုက်စေသောဖွံ့ဖြိုးမှုဆိုင်ရာမသန်စွမ်းမှုကိုခံစားနေရတဲ့ Autistic လေးနှစ်အရွယ်ကလေးငယ်တစ်ဦးဟာ ၁၀ မိနစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှနိုင်ငံအလိုက်အလံပေါင်း ၁၉၈ ခုတိတိကိုအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပြီးနောက်အမျိုးသားစံချိန်သစ်တစ်ခုတင်နိုင်ခဲ့ပါတယ်။ K. Rashwin အမည်ရှိအဆိုပါကောင်လေးဟာ လွန်ခဲ့တဲ့အပတ်များစွာက virtual zoom video call မှတဆင့် သူ၏မှတ်တမ်းများကိုကိုယ်စားပြုတဲ့အဖွဲ့ကစောင့်ကြည့်နေစဉ် သူ့ရဲ့အလုပ်ကို လျင်မြန်စွာပြီးမြောက်အောင်စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
မှတ်တမ်းထိန်းသိမ်းရေးအတိုင်ပင်ခံ Edwin Yeoh ၏အဆိုအရ Rashwin ရဲ့အောင်မြင်မှုဟာ Negeri Sembilan ပြည်နယ်မှ ၁၅ မိနစ်အတွင်း နိုင်ငံတော်အလံပေါင်း ၁၄၇ ကို ဖော်ထုတ်နိုင်ခဲ့တဲ့ ၅နှစ်အရွယ်ကလေးဖြစ်သူ ယခင်စံချိန်ပိုင်ရှင်ရဲ့ထိပ်သို့ရောက်သွားစေခဲ့ပါတယ်။ ၎င်းဟာ autistic ကလေးများက ပုံမှန်အားဖြင့်အာရုံစိုက်ရန်အခက်အခဲရှိသည်ဟူသောအချက်ကိုထည့်သွင်းစဉ်းစားခြင်းသည် အထူးအားတက်စရာဖြစ်ခဲ့ကြောင်း Yeoh ကရှင်းပြခဲ့ပါတယ်။
“ ဒီအောင်မြင်မှုက Rashwin ကို သူ့ကိုယ်သူ autistic ကလေးတစ်ယောက်လို့ယူဆတဲ့အတွက်အားရစရာတစ်ခုပါ ၊ စံချိန်သစ်တင်ထားတာကိုတွေ့ရပြီး မလေးရှားကိုလည်းကမ္ဘာ့အမြင်မှာဂုဏ်ယူစေခဲ့ပါတယ် ၊လူကြီးတွေကို အလားတူပုံစံမျိုးနဲ့စမ်းသပ်ခဲ့ရင် Rashwin လုပ်ခဲ့တာထက် တစ်ဝက်လောက်ကိုတောင်အဖြေမှန်အောင်ဖြေကြားနိုင်ကြမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်” ဟု Yeoh က ထပ်မံပြောကြားခဲ့ပါတယ်။
ထို့အတူ Rashwin ၏မိခင် Krishnarani Balakrishnan က သူမသား၏အောင်မြင်မှုများအတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပြီး သားဖြစ်သူဟာ အသက် ၂ နှစ်ခွဲခန့်တွင် သူ့အစ်ကိုရဲ့ကျောင်းဖတ်စာအုပ်ကိုစတင်ဖတ်ရှုပြီးနောက် ကမ္ဘာတစ်ဝှမ်းမှအမျိုးသားအလံများကိုစိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။
Rashwin ရဲ့စိတ်ဝင်စားမှုကိုသတိပြုမိသွားခဲ့တာကြောင့် မိခင် Krishnarani နှင့်သူမရဲ့ခင်ပွန်း S Kalithas တို့ဟာ ၎င်းတို့ရဲ့သားငယ်အား သူ့ရဲ့စိတ်အားထက်သန်မှုပိုမိုရရှိစေရေးအတွက် စာအုပ်များစွာကိုဆက်လက်ထောက်ပံ့ပေးခဲ့ကြပါတယ်။
Rashwin က သူ့အခက်အခဲကိုအထစ်အငေါ့မရှိဖြေဖို့လမ်းစလျှောက်နေချိန်ဖြစ်ပေမဲ့ ကလေးက အလေ့အကျင့်လုပ်ဖို့ငြင်းဆန်ခဲ့တာကြောင့် အဲဒီ့မတိုင်ခင်တစ်ရက်အလိုကစိုးရိမ်မှုတစ်ချို့များလည်းရှိခဲ့ရပါသေးတယ်။
Rashwin ရဲ့အောင်ပွဲကိုယခုပင်ပျော်မွေ့နေကြသော်လည်း မိဘဖြစ်သူတို့က Rashwin ကိုယ်တိုင်သဘောတူသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားလုံးအပေါ်မူတည်ပြီး သူ့အတွက်မှတ်တမ်းသစ်တစ်ခုတင်ဖို့ကူညီအားထုတ်ပေးခဲ့ကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။
Mia (KB Chimmy One)
Reference : mashable