ၾကားသိရသမွ်

ကွယ်လွန်သူဇနီးသည်ကို မမေ့နိုင်တာကြောင့် သူမနဲ့တူသော ဆီလီကွန်အရုပ်မလေးတစ်ရုပ်ကိုseemore

ကြယ္လြန္သူဇနီးသည္ကို မေမ့ႏိုင္တာေၾကာင့္ သူမနဲ႔တူေသာ ဆီလီကြန္အ႐ုပ္မေလးတစ္႐ုပ္ကို ေငြေၾကးမ်ားစြာကုန္က်ခံၿပီး အစားထိုးအေဖာ္အျဖစ္ ဝယ္ယူခဲ့သည့္ အမ်ိဳးသား

လူတိုင္းက ကိုယ့္ရဲ႕မိသားစုဝင္ထဲကတစ္ဦးဦး ေသဆုံးတိုင္း ဝမ္းနည္းပူေဆြးၾကၿပီး အခ်ိန္ၾကာလာေသာအခါ အနည္းနဲ႔အမ်ားေတာ့ ေမ့ေပ်ာက္သြားတတ္ၾကေပမယ့္ ဘယ္ေလာက္ပဲႏွစ္ေတြၾကာၾကာ ေမ့မရႏိုင္တာမ်ိဳးလည္း ရွိေနတတ္ျပန္သည္။

ယခုတြင္လည္း တ႐ုတ္ႏိုင္ငံ Sichuanျပည္နယ္မွ အသက္၆၀အ႐ြယ္ အၿငိမ္းစားယူထားေသာဆရာဝန္တစ္ဦးသည္ လြန္ခဲ့ေသာ ၅ႏွစ္ေလာက္က ဇနီးသည္မွာ ေရာဂါအျပင္းအထန္ခံစားရကာ ဆုံးပါးသြားခဲ့ရာ ေတာ္ေတာ္နဲ႔ မေမ့ႏိုင္ပဲ အၿမဲလိုလိုလြမ္းဆြတ္သတိရေနမိခဲ့သည္။

အမ်ိဳးသားႀကီးသည္ ဇနီးျဖစ္သူနဲ႔ အိမ္ေထာင္သက္တမ္း ႏွစ္၄၀အၾကာအတူရွိခဲ့ေသာ္လည္း သားသမီးတစ္ေယာက္မွမရတာေၾကာင့္ ဇနီးျဖစ္သူလည္းဆုံးပါးသြားေရာ အေတာ္ေလး အထီးက်န္သည့္ေန႔ရက္ေတြကို ျဖတ္သန္းေနရျခင္းက သူ႔အတြက္အလြန္နာက်င္ေစခဲ့သည္။

ထို႔ေၾကာင့္ အမ်ိဳးသားႀကီးသည္ ဇနီးျဖစ္သူကို ေမ့မရသည့္အဆုံး ဇနီးသည္ႏွင့္ဆင္ေသာ ဆီလီကြန္အ႐ုပ္မေလးတစ္႐ုပ္ကို ယြမ္၁၆၀၀၀ကုန္က်ခံကာ ဝယ္ယူၿပီးေတာ့ အၿမဲတမ္း အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္ခ်စ္ေပးခဲ့ရာ ၂ႏွစ္ေလာက္အၾကာမွာေတာ့ အ႐ုပ္မေလးက ပ်က္စီးလုနီးပါးျဖစ္လာ၍ ထပ္မံၿပီးေတာ့ အ႐ုပ္မေလးေခ်ာေခ်ာတစ္႐ုပ္ကိုဝယ္ယူခဲ့ျပန္သည္။

Rain (For Ialinks)

Unicode

ကွယ်လွန်သူဇနီးသည်ကို မမေ့နိုင်တာကြောင့် သူမနဲ့တူသော ဆီလီကွန်အရုပ်မလေးတစ်ရုပ်ကို ငွေကြေးများစွာကုန်ကျခံပြီး အစားထိုးအဖော်အဖြစ် ဝယ်ယူခဲ့သည့် အမျိုးသား

လူတိုင်းက ကိုယ့်ရဲ့မိသားစုဝင်ထဲကတစ်ဦးဦး သေဆုံးတိုင်း ဝမ်းနည်းပူဆွေးကြပြီး အချိန်ကြာလာသောအခါ အနည်းနဲ့အများတော့ မေ့ပျောက်သွားတတ်ကြပေမယ့် ဘယ်လောက်ပဲနှစ်တွေကြာကြာ မေ့မရနိုင်တာမျိုးလည်း ရှိနေတတ်ပြန်သည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Sichuanပြည်နယ်မှ အသက်၆၀အရွယ် အငြိမ်းစားယူထားသောဆရာဝန်တစ်ဦးသည် လွန်ခဲ့သော ၅နှစ်လောက်က ဇနီးသည်မှာ ရောဂါအပြင်းအထန်ခံစားရကာ ဆုံးပါးသွားခဲ့ရာ တော်တော်နဲ့ မမေ့နိုင်ပဲ အမြဲလိုလိုလွမ်းဆွတ်သတိရနေမိခဲ့သည်။

အမျိုးသားကြီးသည် ဇနီးဖြစ်သူနဲ့ အိမ်ထောင်သက်တမ်း နှစ်၄၀အကြာအတူရှိခဲ့သော်လည်း သားသမီးတစ်ယောက်မှမရတာကြောင့် ဇနီးဖြစ်သူလည်းဆုံးပါးသွားရော အတော်လေး အထီးကျန်သည့်နေ့ရက်တွေကို ဖြတ်သန်းနေရခြင်းက သူ့အတွက်အလွန်နာကျင်စေခဲ့သည်။

ထို့ကြောင့် အမျိုးသားကြီးသည် ဇနီးဖြစ်သူကို မေ့မရသည့်အဆုံး ဇနီးသည်နှင့်ဆင်သော ဆီလီကွန်အရုပ်မလေးတစ်ရုပ်ကို ယွမ်၁၆၀၀၀ကုန်ကျခံကာ ဝယ်ယူပြီးတော့ အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ချစ်ပေးခဲ့ရာ ၂နှစ်လောက်အကြာမှာတော့ အရုပ်မလေးက ပျက်စီးလုနီးပါးဖြစ်လာ၍ ထပ်မံပြီးတော့ အရုပ်မလေးချောချောတစ်ရုပ်ကိုဝယ်ယူခဲ့ပြန်သည်။

Rain (For Ialinks)