ၾကားသိရသမွ်

ဗိုက်တစ်လုံးနဲ့သူငယ်ချင်းကို အိမ်ပေါ်ခေါ်တင်ထားခဲ့ပေမဲ့ မွေးလာတဲ့ကလေးရဲ့အဖေဖြစ်သူက ခင်ပွန်းသည်ဖြစ်နေမှန်း သိခဲ့ရတဲ့ အမျိုးသမီး (ရုပ်သံ)

Relationship တစ်ခုမှာ လှည့်စားခံရတာက ဆိုးရွားပေမယ့် တစ်ဖက်လူက ကိုယ့်ရဲ့အကောင်းဆုံး သူငယ်ချင်းဖြစ်နေတဲ့အခါ နာကျင်မှုက ပိုကြီးပါတယ်။

အောက်ဆုံးတွင် ရုပ်သံဖိုင် ပါရှိပါသည် …

Tik Tok ရှိ ကလေးလေးယောက် မိခင်တစ်ဦးဖြစ်သည့် Hailey Custer ဟာ ခင်ပွန်းသည်ရဲ့ ရှားပါးမျိုးရိုးလိုက်သော မွေးရာပါ ချို့ယွင်းချက်ကြောင့် ခင်ပွန်းသည်ဟာ သူမရဲ့အချစ်ဆုံး သူငယ်ချင်းနှင့် ဖောက်ပြန်နေခဲ့တာကို သူမတွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်

သူမဟာ ကိုယ်ဝန်ရှိလာပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ သူမရဲ့ သူငယ်ချင်းကို အိမ်ပေါ်ခေါ်ထားခဲ့ကြောင်း Custer မှ ရှင်းပြခဲ့ပါတယ်။ ထို့ပြင် Custer ဟာ မွေးကင်းစ ကလေးငယ်အား ပထမဆုံးရေချိုးပေးရန် အတူရှိနေသည့်တိုင် မီးဖွားနေတဲ့ သူမရဲ့အချစ်ဆုံး သူငယ်ချင်းကို ကူညီရန် တတ်နိုင်သမျှလုပ်ပေးခဲ့ပါသေးတယ်။

ကလေးမွေးဖွားပြီး ရက်အနည်းငယ်အကြာမှာ Custer ဟာ ကလေးရဲ့အနှီးကို လဲပေးနေတုန်း ၎င်းရဲ့လည်ပင်းမှာ ရှားပါးသော မွေးရာပါချို့ယွင်းချက်ကို သတိပြုမိသွားခဲ့ပါတယ်။

၎င်း မွေးရာပါ ချို့ယွင်းချက်ဟာ လည်ပင်းမှထွက်လာတဲ့ အရိုးနုအပိုင်းတစ်ခုဖြစ်ပြီး ၎င်းအမှတ်ဟာ ခင်ပွန်းဖြစ်သူနှင့် သူမတို့ရဲ့သားဖြစ်သူမှာရှိတဲ့ အမှတ်နှင့်တစ်ပုံတည်း ဖြစ်နေခဲ့ပါတယ်။

Custer ၏ပြောကြားချက်များနှင့် ပတ်သက်၍ လိမ်လည်သူ သူမရဲ့သူငယ်ချင်းနှင့် ရင်ဆိုင်တဲ့အခါ ၎င်းဟာမှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး တကယ်လည်း ကလေးက သူမခင်ပွန်းရဲ့ ကလေးဖြစ်နေခဲ့ပါတယ်။

ဒီလို ထိတ်လန့်စရာကောင်းတဲ့ သတင်းကို သိလိုက်ရပြီးနောက်မှာတော့ Custer ဟာ မယုံနိုင်လောက်စရာ အရာတစ်ခုကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး သူမရဲ့သူငယ်ချင်းကို သူမပြောင်းရွှေ့ဖို့ တတ်နိုင်တဲ့အထိ သူမရဲ့နေအိမ်၌သာ ဆက်နေခွင့်ပေးခဲ့ပါတယ်။

Custer က သူမဟာ ကလေးရဲ့အသက် အနည်းငယ် ကြီးလာတဲ့ပုံရိပ်ကို ကြည့်လိုပြီး ကလေးက သူမကလေးများရဲ့ ညီမဖြစ်တာကြောင့် လမ်းမများပေါ်မှာ မနေထိုင်စေလိုကြောင်း ဆိုခဲ့ပါတယ်။

ထို့ပြင် Custer ဟာ ခင်ပွန်းဖြစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းအတွက် ခွင့်လွှတ်မှုကို ရှာဖွေတွေ့ရှိခဲ့ပြီး သူမရဲ့ ကိုယ်ပိုင်စိတ်ကျန်းမာရေးနဲ့ သူမရဲ့ကလေးတွေအတွက် ဆက်လုပ်သွားမယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။

Custer ဟာ သူမရဲ့သားသမီးများအတွက် သူမရဲ့ဒေါသစိတ်ကို ချုပ်တည်းထားခဲ့ပြီး သစ္စာဖောက်ခံ ခဲ့ရပေမဲ့လည်း သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကိုပင် အတတ်နိုင်ဆုံး ဆက်လက်ကူညီပေးခဲ့တာက အတော်လေးကို လေးစားစရာကောင်းနေပါတယ်ဗျာ။

Mia (Mckzone daily)

Reference : apost

Zawgyi











ဗိုက်တစ်လုံးနဲ့သူငယ်ချင်းကို အိမ်ပေါ်ခေါ်တင်ထားခဲ့ပေမဲ့ မွေးလာတဲ့ကလေးရဲ့အဖေဖြစ်သူက ခင်ပွန်းသည်ဖြစ်နေမှန်း သိခဲ့ရတဲ့ အမျိုးသမီး(ရုပ်သံ)

Credit