ၾကားသိရသမွ်

ငယ္စဥ္က ကယ္တင္ေပးခဲ့တဲ့အမ်ိဳးသားအေပၚ ေက်းဇူးလုံးဝမေမ့တဲ့ ဘဲကေလး (႐ုပ္သံ)

ငယ်စဉ်က ကယ်တင်ပေးခဲ့တဲ့အမျိုးသားအပေါ် ကျေးဇူးလုံးဝမမေ့တဲ့ ဘဲကလေး (ရုပ်သံ)

လွန်ခဲ့တဲ့ 2 နှစ်ခန့်က Mike Jivanjee အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ရေကန်အနီးမှာ ဒဏ်ရာရနေခဲ့တဲ့ ဘဲကလေးကို ကယ်တင်ပြီး နေအိမ်သို့ ခေါ်ဆောင်သွားခဲ့ပါတယ် ။ ထို့နောက် ဘဲကလေးကို အိမ်မှာကျွေးမွေးစောင့်ရှောက်ထားရင် ဘဲကလေးဟာအမ ဖြစ်နေမှန်းသိခဲ့ပြီးနောက် Kylie လို့ အမည်ပေးခဲ့ပါတယ် ။

Kylie ကအတော်လေးအရွယ်ရောက်လာပြီးနောက်သဘာဝတရားအတိုင်းဘဲမလေးကိုရေကန်းအနီးလွတ်လပ်စွာနေထိုင်ဖို့ဆိုပြီးလွတ်ပေးခဲ့ပါတယ် ။ ထို့နောက် ဘဲမလေးကို လွတ်ပေးပြီး Mike ဟာ အချိန်အတော်ကြာ ဘဲမလေးပျော်မြူးနေတာကို ကြည့်ရှုပြီးနောက် နေအိမ်သို့ ပြန်သွားခဲ့ပါတယ် ။နေအိမ်သို့ ပြန်ရောက်ခဲ့ချိန်မှာနောက် ဘဲမလေး Kylie ကအရင်ပြန်ရောက်နင့်နေပြီး’ ဘာလို့ကြာနေတာလဲ’ ဆိုတဲ့အကြည့်နဲ့ Mike ကို ကြည့်နေခဲ့ပါတယ် ။

Kylie ဟာ နေအိမ်သို့ ဘယ်လိုပြန်ရမလဲဆိုတာသိနေခဲ့တဲ့အပြင် Mike ရဲ့အနားကနေ လုံးဝမခွာဘဲ အမြဲအဖော်ပြုနေခဲ့တာပါ ။တစ်ခါတစ်လေ Mike က သူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူရှိနေရင် Kylie ကမနာလိုဖြစ်နေတတ်ပြီး Mikeရဲ့ချစ်သူကောင်မလေးကိုတွန်းဖယ်လေ့ရှိကြောင်းသိရပါတယ် ။တစ်ကယ့်ကို သခင်အပေါ် သစ္စာရှိပြီး အတူအဖော်ပြုပေးလေ့ရှိတဲ့ ဘဲမလေးပါပဲ ။

Crd

zawgyi

ငယ္စဥ္က ကယ္တင္ေပးခဲ့တဲ့အမ်ိဳးသားအေပၚ ေက်းဇူးလုံးဝမေမ့တဲ့ ဘဲကေလး (႐ုပ္သံ)

လြန္ခဲ့တဲ့ 2 ႏွစ္ခန႔္က Mike Jivanjee အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေရကန္အနီးမွာ ဒဏ္ရာရေနခဲ့တဲ့ ဘဲကေလးကို ကယ္တင္ၿပီး ေနအိမ္သို႔ ေခၚေဆာင္သြားခဲ့ပါတယ္ ။ ထို႔ေနာက္ ဘဲကေလးကို အိမ္မွာေကြၽးေမြးေစာင့္ေရွာက္ထားရင္ ဘဲကေလးဟာအမ ျဖစ္ေနမွန္းသိခဲ့ၿပီးေနာက္ Kylie လို႔ အမည္ေပးခဲ့ပါတယ္ ။

Kylie ကအေတာ္ေလးအ႐ြယ္ေရာက္လာၿပီးေနာက္သဘာဝတရားအတိုင္းဘဲမေလးကိုေရကန္းအနီးလြတ္လပ္စြာေနထိုင္ဖို႔ဆိုၿပီးလြတ္ေပးခဲ့ပါတယ္ ။ ထို႔ေနာက္ ဘဲမေလးကို လြတ္ေပးၿပီး Mike ဟာ အခ်ိန္အေတာ္ၾကာ ဘဲမေလးေပ်ာ္ျမဴးေနတာကို ၾကည့္ရႈၿပီးေနာက္ ေနအိမ္သို႔ ျပန္သြားခဲ့ပါတယ္ ။ေနအိမ္သို႔ ျပန္ေရာက္ခဲ့ခ်ိန္မွာေနာက္ ဘဲမေလး Kylie ကအရင္ျပန္ေရာက္နင့္ေနၿပီး’ ဘာလို႔ၾကာေနတာလဲ’ ဆိုတဲ့အၾကည့္နဲ႔ Mike ကို ၾကည့္ေနခဲ့ပါတယ္ ။

Kylie ဟာ ေနအိမ္သို႔ ဘယ္လိုျပန္ရမလဲဆိုတာသိေနခဲ့တဲ့အျပင္ Mike ရဲ႕အနားကေန လုံးဝမခြာဘဲ အၿမဲအေဖာ္ျပဳေနခဲ့တာပါ ။တစ္ခါတစ္ေလ Mike က သူ႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔အတူရွိေနရင္ Kylie ကမနာလိုျဖစ္ေနတတ္ၿပီး Mikeရဲ႕ခ်စ္သူေကာင္မေလးကိုတြန္းဖယ္ေလ့ရွိေၾကာင္းသိရပါတယ္ ။တစ္ကယ့္ကို သခင္အေပၚ သစၥာရွိၿပီး အတူအေဖာ္ျပဳေပးေလ့ရွိတဲ့ ဘဲမေလးပါပဲ ။

Crd