ၾကားသိရသမွ်

ပူတင်ကို one bye one တယောက်ခြင်း ထိုးဖို့ စိန်ခေါ်လိုက်တဲ့ ကမ္ဘာအချမ်းသာဆုံးသူဌေး အီလွန်မက်စ်

ပူတင်ကို one bye one တယောက်ခြင်း ထိုးဖို့ စိန်ခေါ်လိုက်တဲ့ ကမ္ဘာအချမ်းသာဆုံးသူဌေး အီလွန်မက်စ်

တောင်အာဖရိကဖွား အမေရိကန်-ကနေဒါ စွန့်ဦးနည်းပညာလုပ်ငန်းရှငိ ဘီလျံနာ အီလွန်မတ်စ်ဟာ ယူကရိန်းကို ရုရှားကျူးကျော်တာနဲ့ပတ်သက်လို့ ရှိတ်စပီးယားပြဇာတ်တစ်ပိုဒ်ကို ရည်ညွန်း

တဲ့ မီမီ တွေပါတဲ့ တွစ်တာပို့စ်တွေနဲ့ အတူ သမ္မတ ပူတင်ကို “တစ်ယောက်ချင်းတိုက်မလား” လို့ ဒီနေ့ စိန်ခေါ်လှောင်ပြောင်လိုက်ပါတယ်။ “ကျွန်တော် ဒီနေရာကနေပဲ ဗလာဒီမီယာပူတင်ကို တစ်ယောက်ချင်း

တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်ပါတယ်” လို့ အီလွန်မတ်စ်က တွစ်တာပေါ်မှာ အင်္ဂလိပ်လိုရေးခဲ့ပါတယ်၊ ပူတင့်နာမည်ကိုတော့ ရုရှားဘာသာနဲ့ ရေးခဲ့ပါတယ်။ “လောင်းကြေးကတော့ ယူကရိန်းပေါ့”လို့

ယူကရိန်းနိုင်ငံနာမည်ကိုလည်း ယူကရိန်းဘာသာနဲ့ ရေးပါတယ်။ တခြားတွစ်တာပို့စ်တစ်ခုမှာလည်း အီလွန်မတ်စ်က Netflix ဟာလည်း ယူကရိန်းစစ်ပွဲပြီးအောင် ထိုင်စောင့်နေတယ်၊ စစ်ပွဲပြီးတာနဲ့

ယူကရိန်းလူမည်းတစ်ယောက်နဲ့ -ိင်ပြောင်းရုရှားစစ်သားတစ်ယောက် ချစ်ကျွမ်းဝင်တဲ့ဇာတ်လမ်း ရုပ်ရှင်ရိုက်မှာလို့ လှောင်ပြောင်ခဲ့ပါတယ်။ ယူကရိန်းတာဝန်ရှိသူတွေရဲ့ တောင်းဆိုချက်အရ

အီလွန်မတ်စ်ဦးစီးတဲ့ SpaceX အာကာသကုမ္ပဏီရဲ့ Starlink ဂြိုလ်တု ဝန်ဆောင်မှုကနေ ယူကရိန်းကို အင်တာနက်ပံ့ပိုးပေးတာမို့ အီလွန်မတ်စ်ဟာ ရုရှားတွေအတွက် ဆူးတစ်ချောင်း ဖြစ်နေပါတယ်။ ရုရှားအာကာသအေဂျင်စီအကြီးအကဲ

ဒီမီထရီ ရိုဂိုဇင်က ရုရှားကို အမေရိကန်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားတာကြောင့် ရုရှားကိုအားကိုးနေရတဲ့ နိုင်ငံတကာအာကာသစခန်းက အမေရိကန်တွေကို ကမ္ဘာ့အကောင်းဆုံး ရုရှားဒုံးပျံတွေနဲ့

မကူညီနိုင်တော့ဘူး၊ ဒါကြောင့် အမေရိကန်တွေ တံမြက်စည်းပျံစီးကြတော့မလား မသိဘူးလို့ ရုရှားရုပ်မြင်သံကြားကနေ မတ်လ ၃ ရက်မှာ သရော်ခဲ့ဖူးပါတယ်။

အဲဒီနေ့မှာပဲ SpaceX က ဒုံးပျံတစ်စင်း အောင်မြင်စွာလွှတ်တင်ခဲ့ပြီးချိန်မှာ အီလွန်မတ်စ်က အမေရိကန်အလံ အိမိုဂျိနဲ့အတူ “အမေရိကန်တံမြက်စည်းပျံ” လို့ ပို့စ်တင်ခဲ့ပါသေးတယ်။

(Stand By Myanmar)

Credit