ၾကားသိရသမွ်


အိမ်မှာကလေးထိန်းပေးမည့်သူ မရှိ၍ စားဝတ်နေရေးအတွက် အလုပ်သွားရစဉ် ခြံထဲရှိ သစ်ပင်မှာ အမွှာပူးသားလေး၂ယောက်ကို ချည်ထားရသည့်အဖြစ်

ကျေးလက်ဒေသတွင် နေထိုင်သော ကလေးငယ်များသည် သူတို့ရဲ့ဘဝအခြေအနေနှင့် ကိုက်ညီအောင် ပြုမူနေထိုင်ကြရပြီး ငယ်စဉ်လေးတည်းက လောကဓံရဲ့ ကြမ်းတမ်းမှုဒဏ်ကို ခံစားနေရပြီဖြစ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ဝေးလံခေါင်သီသော ကျေးလက်ဒေသတွင် နေထိုင်သည့် မိခင်တစ်ဦးသည် အိမ်မှာကလေးထိန်းပေးသမားမရှိ၍အမွှာပူးကလေး၂ယောက်ကို အလုပ်သွားရာ၌ ခေါ်ဆောင်သွားခဲ့ပြီး သစ်ပင်မှာချည်ထားခဲ့သည်။

ခင်ပွန်းဖြစ်သူကလည်း လက်လုပ်လက်စားသမားသာဖြစ်၍ ကလေးရှိလာသောအခါ အသုံးစရိတ်အတွက် ငွေကုန်ကြေးကျများကာ မိခင်ဖြစ်သူကပါ အိမ်မှာအေးဆေးမနေရပဲ အလုပ်ထွက်လုပ်ခဲ့ရသည်။

မိခင်ဖြစ်သူသည် အလုပ်လုပ်ရာတွင် စိတ်ဖြောင့်ဖြောင့်လုပ်နိုင်ရန် သားလေး၂ယောက်မှ လျှောက်သွားနေမည်စိုး၍ သစ်ပင်နားမှာ ချည်ထားခဲ့ခြင်းဖြစ်သော်လည်း မြင်တွေ့သူတိုင်းကို စိတ်မကောင်းဖြစ်မိစေခဲ့သည်။

Crd

zawgyi






Crd