ရဟန်းတစ်ပါးမှ ခင်ပွန်းဖြစ်သူနှင့် ခင်မင်မိရင်း အလည်သွားဖို့ခေါ်စဉ် လိုက်သွားရာ ဇနီးဖြစ်သူကို ဘုန်းကြီးမှ… See more
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်(၁)ရပ်ကွက်နေ ဒေါ်အောင်ဌေးညွန့် (၃၈)နှစ်က ခင်ပွန်းဖြစ်သူ ဦးခိုင်ဇော်ဝင်း (ခ)ဦးနေရှိုင်း (၃၈)နှစ်နဲ့အတူ နေအိမ်မှာရှိနေစဉ်
ခင်ပွန်းဖြစ်သူနဲ့ လွန်ခဲ့တဲ့ (၁)လခန့်က ခင်မင်ရ င်းနှီးခဲ့တဲ့ ဥူးဝိသုဒ္ဓလင်္ကာရ(ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းဆက်ပြီး တရုတ်ပြည်နယ်စပ်ကို အ လည်သွားမယ်လို့ခေါ်ဆောင်တဲ့အတွက် ခင်ပွန်းဖြစ်သူက ညနေ ၄ နာရီခွဲခန့်မှာဦးဟန်သိန်းနဲ့အတူ မော်တော်ယာဉ်နဲ့အတူ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းနဲ့ ဆက်သွယ်ပြီး ငွေကျပ်သိန်း ၃၅ဝ ပို့ပေးရန်နဲ့ မပို့ပေးပါက ခင်ပွန်းဖြစ်သူကိုသတ်ပစ်မယ်လို့ခြိမ်းခြောက်ငွေတောင်းခံတဲ့အ တွက် အရေးယူပေးဖို့ ဒေါ်အောင်ဌေးညွန့်က တရ ားလိုပြု လုပ်တိုင်တန်းထားပြီး ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားကို အမှုဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။
ဥူးဝိသုဒ္ဓလင်္ကာရ(ခ) ခေမာသီရိ(ခ) ဖိုးခွားကို လိုက်လံဖမ်းဆီးခဲ့ရာဟိုပန်မြို့၊ တောင်တန်းသာသနာပြုကျောင်းတိုက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ ာက် ဥူးဝိသုဒ္ဓလင်္ကာရကို စစ်မေးရာ ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်း၊ ဦးဟန်သိန်းတို့နဲ့အတူ ပန်ဆန်း/မိုင်းမြို့ရှိ မိတ်ဆွေတွေထံ သွားရောက်ဖို့ မော် တော်ယာဉ်နဲ့ ထွက်ခွာလာခဲ့ပြီး တန့်ယန်းမြို့ရှိ ဟိုတယ်တစ်ခုမှာတည်းခိုစဉ် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းက ကို က်ခဲနေကြောင်း ပြောတဲ့အတွက် ၎င်းကိုယ်တိုင် ဆေးထိုးပေးရာ ခဏအကြာမှာ ဦးခိုင်ဇော်ဝင်း(ခ) ဦးနေရှိုင်းက ကြမ်းပြင်ပေါ်မှောက်ကျကာ ပါးစပ်မှအမြှုပ်နဲ့သွေးစတွေ ထွက်ပြီး
သေဆုံးနေတာကို တွေ့ရှိရတဲ့အတွက် ဦးဟန်သိ န်းရဲ့အကူအညီနဲ့ ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းကို ကားနောက်ခန်းမှာပြီးထည့်ပြီး ပန်ဆန်းမြို့ကို ထွ က်လာခဲ့တယ်လို့ သိရပါတယ်။
နောက်နေ့နံနက်ပိုင်းအချိန်မှာ မက်မန်းဆိုင်ကို မရောက်မီ ရေအားလျှပ်စစ်တံတားအလွန် (၃) မိုင်ခန့်အကွာရှိ တောင်ပတ်လမ်းဘေးမှာဦးခိုင်ဇော်ဝင်း(ခ) ဦးနေရှိုင်းရဲ့ အလောင်းကို ပစ် ထားပြီး လာရာလမ်းအတိုင်း တန့်ယန်းမြို့ဘက်ကို ပြန်လည်မောင်းနှင်ခဲ့ကြောင်း၊လားရှိုးမြို့ကို ရောက်ရှိပြီး ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းရဲ့ ဇနီးဖြစ်သူ မအောင်ဌေးညွန့်ထံ ဖုန်းဆက်ကာ ၎င်းတို့ကို အဖွဲ့အစည်းတစ်ခုမှ ကားတိုက်မိပြီး ဖမ်းဆီးခံထားရတဲ့အတွက် ငွေကျပ်သိန်း၃၅၀ ပေးရမှာဖြစ်ကြောင်းနဲ့ငွေမပို့ပါက အဖွဲ့အစည်းမှ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းကိုသတ်ပစ်မယ်လို့ ခြောက်လှန့်ငွေတော င်းခံခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားနဲ့ ဟန်သိန်းတို့ကို အမှုဖွင့်အရေးယူထားပြီး အသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
Crd