ရဟန္းတစ္ပါးမွ ခင္ပြန္းျဖစ္သူႏွင့္ ခင္မင္မိရင္း အလည္သြားဖို႔ေခၚစဥ္ လိုက္သြားရာ ဇနီးျဖစ္သူကို ဘုန္းၾကီးမွ… See more
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕၊ ေဈးကြက္(၁)ရပ္ကြက္ေန ေဒၚေအာင္ေဌးၫြန႔္ (၃၈)ႏွစ္က ခင္ပြန္းျဖစ္သူ ဦးခိုင္ေဇာ္ဝင္း (ခ)ဦးေနရႈိင္း (၃၈)ႏွစ္နဲ႔အတူ ေနအိမ္မွာရွိေနစဥ္
ခင္ပြန္းျဖစ္သူနဲ႔ လြန္ခဲ့တဲ့ (၁)လခန႔္က ခင္မင္ရင္းႏွီးခဲ့တဲ့ ဥဴးဝိသုဒၶလကၤာရ(ခ) ေခမာသီရိ (ခ) ဖိုးခြားက ဖုန္းဆက္ၿပီး တ႐ုတ္ျပည္နယ္စပ္ကို အလည္သြားမယ္လို႔ေခၚေဆာင္တဲ့အတြက္ ခင္ပြန္းျဖစ္သူက ညေန ၄ နာရီခြဲခန႔္မွာ

ဦးဟန္သိန္းနဲ႔အတူ ေမာ္ေတာ္ယာဥ္နဲ႔အတူ ထြက္ခြာသြားခဲ့တယ္လို႔ သိရပါတယ္။အဲဒီေနာက္မွာ ဥဴးဝိသုဒၶလကၤာရ (ခ) ေခမာသီရိ (ခ) ဖိုးခြားက ဖုန္းနဲ႔ ဆက္သြယ္ၿပီး ေငြက်ပ္သိန္း ၃၅ဝ ပို႔ေပးရန္နဲ႔ မပို႔ေပးပါက ခင္ပြန္းျဖစ္သူကို
သတ္ပစ္မယ္လို႔ၿခိမ္းေျခာက္ေငြေတာင္းခံတဲ့အတြက္ အေရးယူေပးဖို႔ ေဒၚေအာင္ေဌးၫြန႔္က တရားလိုျပဳ လုပ္တိုင္တန္းထားၿပီး ဥဴးဝိသုဒၶလကၤာရ (ခ) ေခမာသီရိ (ခ) ဖိုးခြားကို အမႈဖြင့္ထားခဲ့တယ္လို႔ သိရပါတယ္။ဥဴးဝိသုဒၶလကၤာရ(ခ) ေခမာသီရိ(ခ) ဖိုးခြားကို လိုက္လံဖမ္းဆီးခဲ့ရာ
ဟိုပန္ၿမိဳ႕၊ ေတာင္တန္းသာသနာျပဳေက်ာင္းတိုက္မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။အဲဒီေနာက္ ဥဴးဝိသုဒၶလကၤာရကို စစ္ေမးရာ ဦးခိုင္ေဇာ္ဝင္း(ခ)ဦးေနရႈိင္း၊ ဦးဟန္သိန္းတို႔နဲ႔အတူ ပန္ဆန္း/မိုင္းၿမိဳ႕ရွိ မိတ္ေဆြေတြထံ သြားေရာက္ဖို႔ ေမာ္ေတာ္ယာဥ္နဲ႔ ထြက္ခြာလာခဲ့ၿပီး တန႔္ယန္းၿမိဳ႕ရွိ ဟိုတယ္တစ္ခုမွာ
တည္းခိုစဥ္ ဦးခိုင္ေဇာ္ဝင္း(ခ)ဦးေနရႈိင္းက ကိုက္ခဲေနေၾကာင္း ေျပာတဲ့အတြက္ ၎ကိုယ္တိုင္ ေဆးထိုးေပးရာ ခဏအၾကာမွာ ဦးခိုင္ေဇာ္ဝင္း(ခ) ဦးေနရႈိင္းက ၾကမ္းျပင္ေပၚေမွာက္က်ကာ ပါးစပ္မွအျမႇဳပ္နဲ႔ေသြးစေတြ ထြက္ၿပီး
ေသဆုံးေနတာကို ေတြ႕ရွိရတဲ့အတြက္ ဦးဟန္သိန္းရဲ႕အကူအညီနဲ႔ ဦးခိုင္ေဇာ္ဝင္း(ခ)ဦးေနရႈိင္းကို ကားေနာက္ခန္းမွာၿပီးထည့္ၿပီး ပန္ဆန္းၿမိဳ႕ကို ထြက္လာခဲ့တယ္လို႔ သိရပါတယ္။ေနာက္ေန့နံနက္ပိုင္းအခ်ိန္မွာ မက္မန္းဆိုင္ကို မေရာက္မီ ေရအားလွ်ပ္စစ္တံတားအလြန္ (၃) မိုင္ခန႔္အကြာရွိ ေတာင္ပတ္လမ္းေဘးမွာ
ဦးခိုင္ေဇာ္ဝင္း(ခ) ဦးေနရႈိင္းရဲ႕ အေလာင္းကို ပစ္ထားၿပီး လာရာလမ္းအတိုင္း တန႔္ယန္းၿမိဳ႕ဘက္ကို ျပန္လည္ေမာင္းႏွင္ခဲ့ေၾကာင္း၊လားရႈိးၿမိဳ႕ကို ေရာက္ရွိၿပီး ဦးခိုင္ေဇာ္ဝင္း(ခ)ဦးေနရႈိင္းရဲ႕ ဇနီးျဖစ္သူ မေအာင္ေဌးၫြန႔္ထံ ဖုန္းဆက္ကာ ၎တို႔ကို အဖြဲ႕အစည္းတစ္ခုမွ ကားတိုက္မိၿပီး ဖမ္းဆီးခံထားရတဲ့အတြက္ ေငြက်ပ္သိန္း၃၅၀ ေပးရမွာျဖစ္ေၾကာင္းနဲ႔
ေငြမပို႔ပါက အဖြဲ႕အစည္းမွ ဦးခိုင္ေဇာ္ဝင္း (ခ) ဦးေနရႈိင္းကိုသတ္ပစ္မယ္လို႔ ေျခာက္လွန႔္ေငြေတာင္းခံခဲ့တယ္လို႔ သိရပါတယ္။အဆိုပါျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး ဥဴးဝိသုဒၶလကၤာရ (ခ) ေခမာသီရိ (ခ) ဖိုးခြားနဲ႔ ဟန္သိန္းတို႔ကို အမႈဖြင့္အေရးယူထားၿပီး အေသးစိတ္ကို စစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။

ရဟန်းတစ်ပါးမှ ခင်ပွန်းဖြစ်သူနှင့် ခင်မင်မိရင်း အလည်သွားဖို့ခေါ်စဉ် လိုက်သွားရာ ဇနီးဖြစ်သူကို ဘုန်းကြီးမှ… See more
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ဈေးကွက်(၁)ရပ်ကွက်နေ ဒေါ်အောင်ဌေးညွန့် (၃၈)နှစ်က ခင်ပွန်းဖြစ်သူ ဦးခိုင်ဇော်ဝင်း (ခ)ဦးနေရှိုင်း (၃၈)နှစ်နဲ့အတူ နေအိမ်မှာရှိနေစဉ်
ခင်ပွန်းဖြစ်သူနဲ့ လွန်ခဲ့တဲ့ (၁)လခန့်က ခင်မင်ရင်းနှီးခဲ့တဲ့ ဥူးဝိသုဒ္ဓလင်္ကာရ(ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းဆက်ပြီး တရုတ်ပြည်နယ်စပ်ကို အလည်သွားမယ်လို့ခေါ်ဆောင်တဲ့အတွက် ခင်ပွန်းဖြစ်သူက ညနေ ၄ နာရီခွဲခန့်မှာ
ဦးဟန်သိန်းနဲ့အတူ မော်တော်ယာဉ်နဲ့အတူ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက်မှာ ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားက ဖုန်းနဲ့ ဆက်သွယ်ပြီး ငွေကျပ်သိန်း ၃၅ဝ ပို့ပေးရန်နဲ့ မပို့ပေးပါက ခင်ပွန်းဖြစ်သူကို
သတ်ပစ်မယ်လို့ခြိမ်းခြောက်ငွေတောင်းခံတဲ့အတွက် အရေးယူပေးဖို့ ဒေါ်အောင်ဌေးညွန့်က တရားလိုပြု လုပ်တိုင်တန်းထားပြီး ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားကို အမှုဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။ဥူးဝိသုဒ္ဓလင်္ကာရ(ခ) ခေမာသီရိ(ခ) ဖိုးခွားကို လိုက်လံဖမ်းဆီးခဲ့ရာ
ဟိုပန်မြို့၊ တောင်တန်းသာသနာပြုကျောင်းတိုက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ဥူးဝိသုဒ္ဓလင်္ကာရကို စစ်မေးရာ ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်း၊ ဦးဟန်သိန်းတို့နဲ့အတူ ပန်ဆန်း/မိုင်းမြို့ရှိ မိတ်ဆွေတွေထံ သွားရောက်ဖို့ မော်တော်ယာဉ်နဲ့ ထွက်ခွာလာခဲ့ပြီး တန့်ယန်းမြို့ရှိ ဟိုတယ်တစ်ခုမှာ
တည်းခိုစဉ် ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းက ကိုက်ခဲနေကြောင်း ပြောတဲ့အတွက် ၎င်းကိုယ်တိုင် ဆေးထိုးပေးရာ ခဏအကြာမှာ ဦးခိုင်ဇော်ဝင်း(ခ) ဦးနေရှိုင်းက ကြမ်းပြင်ပေါ်မှောက်ကျကာ ပါးစပ်မှအမြှုပ်နဲ့သွေးစတွေ ထွက်ပြီး
သေဆုံးနေတာကို တွေ့ရှိရတဲ့အတွက် ဦးဟန်သိန်းရဲ့အကူအညီနဲ့ ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းကို ကားနောက်ခန်းမှာပြီးထည့်ပြီး ပန်ဆန်းမြို့ကို ထွက်လာခဲ့တယ်လို့ သိရပါတယ်။နောက်နေ့နံနက်ပိုင်းအချိန်မှာ မက်မန်းဆိုင်ကို မရောက်မီ ရေအားလျှပ်စစ်တံတားအလွန် (၃) မိုင်ခန့်အကွာရှိ တောင်ပတ်လမ်းဘေးမှာ
ဦးခိုင်ဇော်ဝင်း(ခ) ဦးနေရှိုင်းရဲ့ အလောင်းကို ပစ်ထားပြီး လာရာလမ်းအတိုင်း တန့်ယန်းမြို့ဘက်ကို ပြန်လည်မောင်းနှင်ခဲ့ကြောင်း၊လားရှိုးမြို့ကို ရောက်ရှိပြီး ဦးခိုင်ဇော်ဝင်း(ခ)ဦးနေရှိုင်းရဲ့ ဇနီးဖြစ်သူ မအောင်ဌေးညွန့်ထံ ဖုန်းဆက်ကာ ၎င်းတို့ကို အဖွဲ့အစည်းတစ်ခုမှ ကားတိုက်မိပြီး ဖမ်းဆီးခံထားရတဲ့အတွက် ငွေကျပ်သိန်း၃၅၀ ပေးရမှာဖြစ်ကြောင်းနဲ့
ငွေမပို့ပါက အဖွဲ့အစည်းမှ ဦးခိုင်ဇော်ဝင်း (ခ) ဦးနေရှိုင်းကိုသတ်ပစ်မယ်လို့ ခြောက်လှန့်ငွေတောင်းခံခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဥူးဝိသုဒ္ဓလင်္ကာရ (ခ) ခေမာသီရိ (ခ) ဖိုးခွားနဲ့ ဟန်သိန်းတို့ကို အမှုဖွင့်အရေးယူထားပြီး အသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။



