ၾကားသိရသမွ်


ကားတစ်စီးဝယ်မယ်ဆိုရင် မဖြစ်မနေ စစ်ဆေးသင့်တဲ့ အချက် (၈) ချက်

၁။ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ် – အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ။

တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား..?

ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ်။

ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ

အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ်။ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ” ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ်

ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်”

၂။ ဘော်ဒီ ကောင်း မကောင်းကြည့်မယ် – ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ်။

ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ်။

ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ”

၃။ မှန်စပေါ့ မှန် အက်ကြောင်း – ရှိမရှိ စစ်မယ် ဒါစစ်တာကတော့ လွယ်ပါတယ်လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ်။

အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ”ဒါဆို လုံလောက်ပါပြီ”

၄။ ဘော်ဒီကြမ်းခင်း ဆွေး မဆွေး ကြည့်မယ်ဒါလည်း လွယ်ပါတယ်။ အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ။

ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅။ အင်ဂျင် ကောင်း မကောင်းစစ်မယ် – မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါ။ ဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ်။ ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ။

မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ်။လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။

အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ်။အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါအောက်မှာ ပုံနဲ့လည်း ပြပေးပါမယ်။ မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ။ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါ

မီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ။ အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ်။ အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ်။

တခြားအသံတွေကတော့နားထောင်လို့ လွယ်ပါတယ်။ ကွန်ပရာဆာ ဘောသံရေလည်အုံ ဘောသံတိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်နားထောင်ရင် ရပါပြီ ။ဒါဆိုရင် အင်ဂျင်ကောင်းမကောင်း စစ်ဆေးတာ လောက်ပါပြီ”

၆။ ဒိုင်ခွက်က သတိပေး – မီးများ ပုံမှန် ဟုတ် မဟုတ်စစ်ဆေးမယ်ဒါကလည်း လွယ်ပါတယ်။ ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါသော့မှာ အချက်သုံးချက်ပါမယ်

ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ်။ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်။

တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ်

အင်ဂျင်ချက် မီးအဲယားဘက်မီးဘတ္ထရီ ပုံအင်ဂျင်ဝိုင် ချက် မီး ABS ချက် မီးလင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်။

မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ကားတွေမှာ ဆိုရင်ဘတ္ထရီ ကောင်းမကောင်း နဲ့ ရှာဂျင်ဝင်မဝင်ကြည့်ရပါမယ်။

အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည်ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ

ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ”

၇။ အောက်ပိုင်း ကောင်း – မကောင်း ဂီယာချိန်းပုံ မှန်မမှန် မောင်းစစ်မယ် ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ်

ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ။ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ။

ဂီယာဘောက်အပိုင်းမှာ ကတော့ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ။

ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ ဂီယာချိန်းတာပုံမှန်ဖြစ်သလား။

ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ”

၈။ ယာဉ် မှန် မမှန် စစ်မယ် – ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်းနေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ်

ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်မမှန် စစ်ပါမယ်။ လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ။ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ”

ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်။ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ

အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ”ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ

ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့ကျွန်တော့်လို ဖြစ်ပါမယ်။နောက်တစ်ပိုင်းကတော့ ကားနဲ့ မရင်းနီးသေးတဲ့ သူတွေအတွက်ပါ

ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် R အထိ ထွက်နေပါပြီ။ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ

နောက်က Aတန်း Bတန်းCတန်းကနေ R တန်းထိ ဒီလိုပဲ တွက်ပါတယ်တက္ကစီတွေမှာဆိုရင်တော့ AA “BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်။

ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Rထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ်

မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ

ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်။

Credit