ၾကားသိရသမွ်

အရေးပေါ်အခြေ​အနေအရ ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက်လုံးဝအသုံးမပြုကြပါရန်

ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်အခြေ​အနေအရ ယာယီပိတ်​ထား​ကြောင်း ​ချောင်းဦး PDF ​ကြေညာ

-အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းကိုဆက်သွယ်ထားသောချောင်းဦး – ပခုက္ကူလမ်းပိုင်းကို အရေးပေါ်အခြေ​အနေအရ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။

ယနေ့(ဇွန်လ၂၉ရက်)နေ့နံနက်ပိုင်းမှစ၍ချောင်းဦး -ပခုက္ကူလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF၏ကြေညာချက်တွင် ဖော်ပြသည်။

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက်လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း အသိပေးသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံသည်။

ယနေ့နံနက် ၆ နာရီ ၁၁မိနစ်ဝန်းကျင်က ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆင်ဖြူရှင်တံတားမှတဆင့် မြောင်မြို့နယ် ရွှေပန်းကျေးရွာနှင့် ရွှေပန်းကျွန်းကျေးရွာများကို သေနတ်များ ပစ်ဖောက်ဝင်ရောက်လာကြောင်းဗိုလ်တောက်ထွန်း(MBTT)အဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ၉ရက်နေ့က ချောင်းဦး-ပခုက္ကူလမ်းပေါ်ရှိ ဆင်ဖြူရှင်တံတား စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းကို ဒေသတွင်းPDFအဖွဲ့များစုပေါင်းကာ တစ်နာရီကျော်ကြာ ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက်မီးရှို့ခဲ့သည်။ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည့်ပြင် ရဲတစ်ဦး အရှင်ဖမ်းမိသည်ဟု ရေစကြို PDF က ထုတ်ပြန်ခဲ့သည်။

(PDF များကဇွန်လ၉ရက်နေ့ကချောင်းဦး-ပခုက္ကူလမ်းပေါ်ရှိဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့စဥ်။

-ဓါတ်ပုံ-ရေစကြို PDF)